Uncategorized

သထုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံးကာ စစ်ကားတစ်စီးပျက်စီး

မဲခေါင် 9 Feb - 2023
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်၊ မိုးကောင်းဘုရားနဲ့ ဖော်ဖကျေးရွာ အနီးမှာ ကင်းပုန်းဝပ်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးတယ်လို့ Hawk Revolutionary Squad (HRS) က မနေ့က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်၊ မိုးကောင်းဘုရားနဲ့ ဖော်ဖကျေးရွာ အနီးမှာ ကင်းပုန်းဝပ်ဖို့ လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးတယ်လို့ Hawk Revolutionary Squad (HRS) က မနေ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက် ည ၈ နာရီ ၁၅ မိနစ်က ကာကွယ်ရေးတပ်တွေ ကြိုတင် စောင့်ဆိုင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၄၀ မမ တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီရဲ့ ဝင်းပ အခြေစိုက် ခမရ (၉) မှ လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့ပြီး ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမကြီးပေါ် မိုးကောင်းလမ်းဆုံရှိ စစ်သားတွေကလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အပြန်အလှန် ပစ်ခတ်မှု မိနစ် ၅၀ ခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

ည ၁၀ နာရီ ၁၅ မိနစ်မှာ ရန်ကုန်-မော်လမြိုင် အဝေးပြေး လမ်းမပေါ်မှာ မောင်းနှင်လာတဲ့ စစ်ကောင်စီ ကားကို ကမာစိုင်ကျေးရွာ အနီးမှာ ၄၀ မမနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကားတစ်စီး‌ ထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကို Hawk Revolutionary Squad-HRS၊ KNLA တပ်ရင်း (၂) တပ်ခွဲ (၃) နဲ့ PDF တပ်ရင်း (၂) တပ်ခွဲ (၃) ပူးပေါင်းတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးကာ ပူးပေါင်းတပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကရင်အမျိုးသား အစည်းအရုံး-KNU/KNLA သထုံခရိုင်၊ သထုံမြို့နယ်အတွင်း မနက် ၆ နာရီမှ ည ၆ နာရီ အထိသာ သွားလာခွင့် ပြုထားလို့ ပြည်သူတွေ အနေနဲ့ သတ်မှတ်ချိန် ကျော်လွန်ကာ ခရီးသွားလာတာ မပြုကြဖို့ တရားဝင် အသိပေး ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်သူတွေ အနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အထူးဂရုပြု လိုက်နာပေးကြဖို့  Hawk Revolutionary Squad-HRS က မေတ္တာရပ်ခံ ထားပါတယ်။

ပုံစာ-ရှေ့တန်းတစ်နေရာမှာ တိုက်ပွဲဝင်နေတဲ့ HRS တပ်ဖွဲ့ဝင်များ။

MK-003

#MeKongNews 

#သထုံမြို့နယ်

#HawkRevolutionarySquad

#KNU/KNLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

Uncategorized

ရွှေထည်တွေဝတ်တဲ့ တောထွက်ဘုန်းကြီးကို မြို့နယ်သံဃာ့နာယက ခံဝန်ထိုးခိုင်း

မဲခေါင်၊ မတ် ၂၀ နေပြည်တော၊် တပ်ကုန်းမြို့နယ်၊ ကျေးရွာတစ်ရွာမှာ မတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ ရှင်ပြု၊ ရဟန်းခံ
မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of