မြန်မာ့နွေဦး

သထုံခရိုင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၄,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မဲခေါင် 24 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၄ ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးသထူ-သထုံ ခရိုင်၊ တပ်မဟာ (၁) နယ်မြေအတွင်း လက်နက်ကြီးဒဏ်ကြောင့် ဒေသခံပြည်သူ ၄,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင် နေရ‌တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက မနေ့က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၄

ကော်သူးလေ အုပ်ချုပ်နယ်မြေ ဒူးသထူ-သထုံ ခရိုင်၊ တပ်မဟာ (၁) နယ်မြေအတွင်း လက်နက်ကြီးဒဏ်ကြောင့် ဒေသခံပြည်သူ ၄,၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင် နေရ‌တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက မနေ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်နက်ကြီးကြောင့် ရက်သတ္တ ၃ ပတ်အတွင်း ဒေသခံ ပြည်သူ တစ်ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၆ ရက် မနက် ၉ နာရီခွဲမှာ စစ်ကောင်စီတပ်က ကေအဲန်ယူ-ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးနယ်၊ ဝင်းကံကျေးရွာ အတွင်းသို့ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ ဒေသခံ နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“ စစ်ကောင်စီကတော့ သူတို့ကို ဘယ်အဖွဲ့ကပဲ ပစ်ပစ် ရွာထဲကိုပဲ လက်နက်ကြီးပစ်မှာလို့ ပြောတယ်။ သူတို့ အဲ့လိုပြောတော့ ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး။ အခုဆို သက်ကြီးရွယ်အို တချို့လောက်ပဲ ရွာထဲ ကျန်ခဲ့တယ်” လို့ ဝင်းကံရွာသား တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေ အတွင်းသို့ လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်နေပြီး ဝင်းကံကျေးနယ်၊ ဇီးပြောင်းကျေးနယ်၊ ပျဉ်းကတိုးကျေးနယ်နဲ့ ခရွဲကျေးနယ် တွေမှာ အများဆုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အဲဒီ ကျေးနယ်တွေနေ ဒေသခံ ပြည်သူ ၃,၈၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှု တွေကြောင့် ဇန်နဝါရီလ ၁ ရက်မှ ၂၃ ရက်အတွင်း လက်နက်ကြီး ထိမှန် သေဆုံးသူ အရပ်သား တစ်ဦးနဲ့ ထိခိုက်ဒဏ်ရာ ရသူ အရပ်သား ၁၀ ဦးအထိ ရှိတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်မှာ ဖော်ပြထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။