မြန်မာ့နွေဦး

သတင်းပေးပို့မယ့် ဖရဲသီးတွေ ချီးမြှင့်ငွေနဲ့ အကျိုးခံစားခွင့်တွေ ရရှိမယ်လို့ NUG မက်လုံးပေး ဖိတ်ခေါ်

မဲခေါင် 17 Feb - 2023
မဲခေါင်၊ ဖေ‌ဖော်ဝါရီ ၁၇ စစ်ကောင်စီရဲ့ အရာရှိ စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာန အသီးသီးမှာ ရှိနေကြတဲ့ ဝန်ထမ်းတွေ အနေနဲ့ စိတ်ချလုံခြုံစွာ သတင်းပေးကြဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ် တိုက်တွန်း လိုက်ပါတယ်။

မဲခေါင်၊ ဖေ‌ဖော်ဝါရီ ၁၇

စစ်ကောင်စီရဲ့ အရာရှိ စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာန အသီးသီးမှာ ရှိနေကြတဲ့ ဝန်ထမ်းတွေ အနေနဲ့ စိတ်ချလုံခြုံစွာ သတင်းပေးကြဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ် တိုက်တွန်း လိုက်ပါတယ်။

အခက်အခဲမျိုးစုံ၊ ငြင်းပယ်လို့မရတဲ့ အကြောင်းတရားမျိုးစုံတွေကြောင့် စစ်ကောင်စီ ယန္တရားအောက်မှာ ဆက်ပြီး အလုပ်လုပ်နေရသူတွေ အနေနဲ့ ပြည်သူ့ဘက်၊ အမှန်တရားဘက်ကို မျက်နှာမူလိုက်ဖို့ပဲလိုပြီး ဆက်သွယ် ပေးပို့မယ့်သူတွေ အတွက် ကိုယ်ရေး အချက်အလက်နဲ့ လုံခြုံမှုအတွက် စိတ်ပူစရာ လုံးဝ (လုံးဝ) မလိုဘူးလို့ ပြောထားပါတယ်။

“ဒီလို ဆက်သွယ် သတင်းပေးပို့လာမယ့် (ဖရဲသီး) တွေ အနေနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှုကို ရရှိထားမှာ ဖြစ်ပြီး တော်လှန်ရေးအလွန် ကာလမှာလည်း ပြည်သူ့ရင်ခွင် ခိုလှုံရေး အစီစဉ်ရဲ့ အကျိုးခံစားခွင့်တွေကိုပါ ထပ်ပြီးရရှိဦးမှာပါ” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

သတင်းပေးပို့ချင်တဲ့ ဖရဲသီးတွေအနေနဲ့ http://t.me/MyanmarPeople တယ်လီဂရမ် ချန်နယ်ကို ဆက်သွယ် ပေးပို့နိုင်ပြီး ပေးပို့လာတဲ့ သတင်းအချက်အလက် အဆင့်အတန်းပေါ် မူတည်ပြီး ချီးမြှင့်ငွေတွေကိုပါ ခံစားခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ ယန္တရားအောက်မှာ ဟန်မပျက် အလုပ်လုပ်ပြီး ပြည်သူ့ အမာခံ (ဖရဲသီး) အဖြစ် သတင်းပေးပို့ ပါဝင်ရင်း အကာအကွယ်ပေးမှု အာမခံချက်ကို အမြန်ဆုံး ရယူထားဖို့လည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်သတိပေး ကာကွယ်နိုင်ဖို့ အတွက်လည်း လေတပ်စခန်း တွေ အပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းတွေကို ပုံမှန်စောင့်ကြည့် သတင်းပေးပို့ခြင်း၊ လေကြောင်း သွားလာမှု လမ်းကြောင်းတလျှောက် စောင့်ကြည့်ပြီး သတင်းပေးပို့ဖို့ အတွက်လည်း ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူတွေကို ဖိတ်ခေါ်ထားပါသေးတယ်။

MK-003

#MeKongNews

#NUG #ဖရဲသီး #ကာကွယ်ရေးဝန်ကြီးဌာန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။