မြန်မာ့နွေဦး

ဝေဖန်မှုမြင့်တက်ခဲ့တဲ့ ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲအောင်စာရင်း မကြာမီ ထုတ်ပြန်မယ်

မဲခေါင် 20 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၀ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ JLPT ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲရဲ့ Online Result တွေကို လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာမယ်လို့ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း Myanmar Association of Japan Alumnmi-MAJA က ကြေညာပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၀

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ JLPT ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲရဲ့ Online Result တွေကို လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာမယ်လို့ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း Myanmar Association of Japan Alumnmi-MAJA က ကြေညာပါတယ်။

စာမေးပွဲ အောင်စာရင်း ကြည့်ရှုနိုင်မယ့် Link ကို ကြေညာချက်မှာ Edit ပြုလုပ် ထည့်သွင်းပေးမှာ ဖြစ်ပြီး အောင်စာရင်းကို ဇန်နဝါရီ ၂၃ ရက်နေ့ ဂျပန်စံတော်ချိန် မနက် ၁၀ နာရီ၊ မြန်မာစံတော်ချိန် ၇ နာရီခွဲမှ စတင်ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

အဆိုပါ စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာကို ရန်ကုန် ပညာရေးတက္ကသိုလ်မှာ စတင်ရောင်းချရာ လူငယ် ၅,၀၀၀ ကျော် အလုအယက် ဝယ်ယူဖို့ကြိုးစားရာမှ ရုတ်ရင်းဆန်ခတ်ဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ ညမထွက်ရ အမိန့်ကို ကျော်လွန်ပြီး လူစုလူဝေးဖြစ်လာလို့ လျှောက်လွှာတွေ အွန်လိုင်းကသာ ရောင်းချတော့မယ်လို့ ရုတ်တရက် ကြေညာခဲ့တဲ့ အခြေအနေတွေကြောင့် ဝေဖန်မှုများစွာ မြင့်တက်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာကြောင့် လူငယ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ပြည်ပနိုင်ငံတွေကို သွားရောက် အလုပ်လုပ်ကိုင်ကြရာမှာ JLPT စာမေးပွဲဟာ ဂျပန်နိုင်ငံကို သွားရောက်မယ့် လူငယ်တွေအတွက် အရေးကြီးတယ်လို့ သိရပါတယ်။

ဂျပန်ဘက်က အလုပ်ခေါ်စာ အများစုဟာ JLPT ရလဒ်ကို ဦးစားပေး တောင်းဆိုတာမို့ လူငယ်တွေ ဒုက္ခခံ ဖြေဆိုနေကြတာဖြစ်ပြီး ဂျပန်နိုင်ငံကို အသက် ၃၀ အောက် လူငယ်တွေ အများဆုံး သွားရောက်လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ စာရင်းအရ ပြီးခဲ့တဲ့နှစ်က စပြီး ဂျပန်ကိုထွက်ခွာသွားတဲ့ မြန်မာလူငယ် ၁၀,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။