မြန်မာ့နွေဦး

ဝက်လက်မြို့ပေါ် တိုက်ပွဲတွေမှာ PDF ၆ ဦးကျဆုံးပြီး ၂ ဦးဖမ်ဆီးခံရကာ စစ်သား ၁၅ ဦးသေဆုံး

မဲခေါင် 26 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၆ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ စစ်‌ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တစ်ပတ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၁၅ ယောက် သေဆုံးခဲ့သလို တော်လှန်ရေး ရဲဘော် ၆ ဦး ကျဆုံးပြီး ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေထံမှ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ စစ်‌ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တစ်ပတ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်မှ ၁၅ ယောက် သေဆုံးခဲ့သလို တော်လှန်ရေး ရဲဘော် ၆ ဦး ကျဆုံးပြီး ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေထံမှ သိရပါတယ်။

ဇန်နဝါရီ ၂၀ ရက်က ဝက်လက်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရုံးတွေနဲ့ တပ်စွဲထားတဲ့ နေရာ တွေကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ရာမှ စတင်ပြီး ဒီနေ့အထိ တိုက်ပွဲ ဖြစ်ပွားနေတာလို့ သိရပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့ အတွင်း ဝက်လက်မြို့နယ် တိုတ်ပွဲတွေမှာ စစ်သား ၁၅ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ PAFD တပ်ခွဲ ဗိုလ်လှိုင်ဘွား ဦးဆောင်တဲ့ တော်လှန် ရေးတပ်ဖွဲ့မှ ရဲဘော် ၆ ဦး မြင့်မြတ်စွာ ကျဆုံးပြီး ၂ ဦးဖမ်းခံရကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့-PAFD က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနကို ဝင်ရောက် စီးနင်းရာမှာ ရုံးသုံး Laptop ၂ လုံး သိမ်းဆည်းရမိခဲ့ပြီး အဲ့ဒီထဲက အချက်အလက်တွေကို NUG ဆီ အပ်နှံသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ စစ်ဆင်ရေးကို PAFD နဲ့ PAFD တပ်ခွဲမှူးဗိုလ်လှိုင်ဘွား၊ တပ်စိပ်(၁) ပျံလွှားအဖွဲ့၊ တပ်စိပ်(၂) ခွပ်ဒေါင်းအဖွဲ့ တပ်စိပ်(၃) ဇာမဏီအဖွဲ့၊ တပ်စိပ်(၄) ငရဲမီးအဖွဲ့နဲ့ PAFD တပ်ခွဲ၊ DKPDF ၊ MMU စတဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့ တွေ ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဝက်လက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဝက်လက်မြို့နယ် မီးသတ်ရုံးကို ဇန်နဝါရီ ၂၃ ရက်က PDF တွေ လာရောက် ပစ်ခတ်တယ် ဆိုတာနဲ့ ၂၄ ရက်နေ့မှာ အမှတ် (၁) ရပ်ကွက်က လုံခြုံရေးအဖွဲ့တွေကို လက်လုပ် စိန်ပြောင်းတွေနဲ့ ပစ်ခတ်တဲ့ အတွက် ကလေးငယ် တစ်ဦး သေဆုံးကာ တိုက်ပွဲတွေ အတွင်း PDF ၇ ဦးခန့် အသေပစ်ခတ်မိပြီး လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ စစ်တပ်ပိုင် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဓာတ်ပုံ-PAFD။
MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။