မြန်မာ့နွေဦး

ဝက်လက်မြို့နယ် ရှိမ်းမကားရွာကို စစ်ကောင်စီတပ် မီးရှို့၊ အနီးနားရွာတွေက ဒေသခံတွေပါ ထွက်ပြေးနေရ

မဲခေါင် 12 Nov - 2022
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ရှိမ်းမကားရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက် ညပိုင်းမှာ မီးတင်ရှို့ခဲ့လို့ ဒေသခံ‌တွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “ ရှိမ်းမကားရွာအပြင် တခြားရွာတွေပါ ပြေးနေရတာပါ။ စစ်တပ်က အကြောင်းမဲ့ ရမ်းသန်းပစ်နေတာ။ အခုလည်း အရှေ့တောင်ခြမ်း ပေါက်ကန်ရွာမ ထဲမှာ ရောက်နေပြီး လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ”  လို့ ပြေးနေရတဲ့ ဒေသခံတစ်ဦး က ပြောပါတယ်။ နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းမှာ ရှိမ်းမကား ရဲစခန်းကို ဗိုလ်ကျားကြီး အဖွဲ့က လက်နက်ကြီး‌‌တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ထိုနေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်မှာ ရှိမ်းမကားရွာလယ်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ရှိမ်းမကားရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၁ ရက် ညပိုင်းမှာ မီးတင်ရှို့ခဲ့လို့ ဒေသခံ‌တွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ ရှိမ်းမကားရွာအပြင် တခြားရွာတွေပါ ပြေးနေရတာပါ။ စစ်တပ်က အကြောင်းမဲ့ ရမ်းသန်းပစ်နေတာ။ အခုလည်း အရှေ့တောင်ခြမ်း ပေါက်ကန်ရွာမ ထဲမှာ ရောက်နေပြီး လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတာ”  လို့ ပြေးနေရတဲ့ ဒေသခံတစ်ဦး က ပြောပါတယ်။

နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းမှာ ရှိမ်းမကား ရဲစခန်းကို ဗိုလ်ကျားကြီး အဖွဲ့က လက်နက်ကြီး‌‌တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ထိုနေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်မှာ ရှိမ်းမကားရွာလယ် ဓမ္မာရုံ အနောက်ဘက်မှာ မီးရှို့ခဲ့တာလို့ Wetlet Information Network ကထုတ်ပြန်ထားပါတယ်။

အဲဒီလို မီးရှို့ ပစ်ခတ်မှုကြောင့် ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းနဲ့ မတ္တရာမြို့နယ် ရေလယ်ခေါင်ရွာ တချို့က ဒေသခံတွေပါ ပြေးနေရတယ်လို့ သိရပါတယ်။

ရှိမ်းမကားရဲစခန်းမှာ စစ်ကောင်စီတပ် အထိုင်အင်အား ၆၀ ခန့်ရှိပြီး နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ပစ်ခတ်တိုက် ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ရှိ ရှိမ်းမကားရွာဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိပြီး အိမ်ခြေ တစ်ထောင်ခန့်ရှိတဲ့ ရွာကြီးဖြစ်ကာ သာယာလှပတဲ့ ရှုခင်း‌တွေ ရှေး ဟောင်း အဆောက်အဦ တွေကြောင့် ထင်ရှားတဲ့ ခရီးသွားဒေသ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် လေကြောင်း ၊ ရေကြောင်း ကုန်းကြောင်းတွေနဲ့ ရွာကို စစ်ကြောင်းထိုး မီးရှို့မှု‌တွေကြောင့် ဒေသခံ‌တွေ နေအိမ် စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

နိုဝင်ဘာ ၇ ရက်က ရှိမ်းမကားရဲစခန်းမှ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ရွာခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ သုံးနှစ်အရွယ် ကလေး အပါအဝင် ဒေသခံ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။