မြန်မာ့နွေဦး

လှိုင်သာယာမှာ ဝန်ထမ်းလိုင်းခန်းတွေ ဗုံးခွဲခံရ၊ စစ်တပ်က ဆိုင်ကယ်တွေ တစ်နေကုန် လိုက်ဖမ်း

မဲခေါင် 22 Mar - 2023
မဲခေါင်၊ မတ် ၂၂ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ တံတားဖြူမှတ်တိုင်ရှိ မြို့နယ် ထွေအုပ်နဲ့ ဥပဒေရုံး လိုင်းခန်းတွေ ဒီကနေ့ မနက်ပိုင်းက လက်ပစ်ဗုံး၊ အဝေးထိန်းမိုင်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်တပ်က ဆိုင်ကယ်တွေကို တစ်နေကုန် လိုက်လံ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၂၂

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ တံတားဖြူမှတ်တိုင်ရှိ မြို့နယ် ထွေအုပ်နဲ့ ဥပဒေရုံး လိုင်းခန်းတွေ ဒီကနေ့ မနက်ပိုင်းက လက်ပစ်ဗုံး၊ အဝေးထိန်းမိုင်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်တပ်က ဆိုင်ကယ်တွေကို တစ်နေကုန် လိုက်လံ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီကနေ့ မနက် ၅ နာရီ ဝန်းကျင်က လိုင်းခန်းတွေ ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ထိခိုက် ပျက်စီးမှု ရှိမရှိကိုမူ မသိရသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ ပေါက်တဲ့ အသံကတော့ အကျယ်ကြီး ကြားရတယ်။ မနက် အစောပိုင်း ဆိုတော့ သေချာ မသိရဘူး။ အသံပဲ ကြားရပြီး ဘယ်သူမှလည်း ထွက်မကြည့်ရဲတာ။ မနက်မိုးလင်းထဲက ဆိုင်ကယ်တွေ အကုန်လုံးတော့ လိုက်ပြီး ဖမ်းနေတာ။ ခုညနေပိုင်း အထိ လိုက်ဖမ်းနေတုန်းဘဲ။ ရပ်ကွက်လမ်းတွေထဲ အထိ လိုက်ပြီး ဖမ်းနေတာ” လို့ သူကပြောပါတယ်။

အဲဒီနောက် ပေါက်ကွဲမှုဖြစ်တဲ့ နေရာမှာ စစ်ကား ၂ စီးနဲ့ မနက် ၇ နာရီကျော်က စတင်က ဆိုင်းကယ်တွေ ဖမ်းဆီး နေပြီး မနက် ၉ နာရီကျော်က အဖွဲ့စုံနဲ့ ရန်ကုန်-ပုသိမ်လမ်း စက်မှုဇုန်မီးပွိုင့် အကျော်၊ နေ့လယ်ပိုင်းမှာ BOC ထိပ်၊ ညနေ ၄ နာရီမှာတော့ ပင်လုံဈေးအနီး ဖမ်းဆီးနေပြီး ထန်းတပင်မြို့နယ် မှာတော့ ရပ်ကွက်ထဲ အထိ လိုက်လံ ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုကို KMD 18၊ Black Shadow Squad နဲ့ Underground Revolution Knights Force တို့ ပူးပေါင်းပြီး စစ်ကိုင်းနဲ့ ကရင်နီဒေသမှာ စစ်တပ်က လက်နက်အားကိုးနဲ့ ထိုးစစ်ဆင်နေမှုကို လက်တုံ့ပြန်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။