မြန်မာ့နွေဦး

လှိုင်သာယာမှာ ရပ်ကွက်တစ်ခုကို ဧည့်စာရင်းကောက်ခံငွေ တစ်လသိန်း၂၀၀ကျော်ရနေ၊ အုပ်ကြီးနဲ့ စစ်ကောင်စီဗိုလ်မှူးတွေခွဲယူ

မဲခေါင် 22 Jan - 2023
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းမှာ ဧည့်စာရင်းကနေ စစ်ကောင်စီကောက်ခံရရှိငွေဟာ တစ်ရပ်ကွက်ကို အနည်းဆုံး တစ်လသိန်း၂၀၀ ရှိတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းမှာ ဧည့်စာရင်းကနေ စစ်ကောင်စီကောက်ခံရရှိငွေဟာ တစ်ရပ်ကွက်ကို အနည်းဆုံး တစ်လသိန်း၂၀၀ ရှိတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းမှာ ရပ်ကွက်ပေါင်း ၂၆ရက်ကွက်ရှိပြီး ရပ်ကွက်အကြီးအသေးအလိုက် ကျပ်သိန်း ၂၀၀ ကနေ သိန်း ၃၀၀ကြား လစဉ်ရရှိနေတာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

အဲဒီငွေကြေးတွေကို လှိုင်သာယာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့လှိုင်သာယာအရှေ့ပိုင်းကိုင်တွယ်နေသူ ဗိုလ်မှူးကြည်သာဇော်၊ လှိုင်သာယာအနောက်ပိုင်းတာဝန်ယူထားသူ ဗိုလ်မှူးထွန်းထွန်းဝင်းတို့က ခွဲဝေယူနေတယ်လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

“ ညောင်ရွာအုပ်ကြီး လှိုင်ဘွားဆိုတဲ့ကောင်ဆိုရင် ကား၄စီးရှိသွားပြီ။ အုတ်တံတိုင်းခတ်ထားတဲ့မြေကွက် ၆ကွက်ရှိတယ်။ သူများမြေကို ကျူးလို့ပြောပြီး ဖယ်ခိုင်းတယ်။ ဒိုင်စုအုပ်ကြီးဝင်းထွဋ်ဝင်းလည်း အဲ့လိုဘဲ။ ၂၀ရက်နေ့ကတောင် ခွေးတစ်အုပ်ကြီးလာလို့ သူတောင်းစား ၂ကောင်က ဧည့်ခံနေသေးတယ်။ ၂၀အုပ်ကြီးသေတော့ တက်လာတဲ့ကောင်ကလည်း ပျူစောထီး၊ လူမိုက်ကောင်ပဲ။ ဒံပေါက်ကျွေးပြီးတောင် ပွဲခံလိုက်သေးတယ်။ ငွေရချက်ကတော့နိုင်ငံခြားသွားစရာမလိုဘူး” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းမှာ ဧည့်စာရင်းအတွက် တစ်ပတ်ကို လူတစ်ယောက်စာ အနည်းဆုံး ၅၀၀ ကျပ် ကနေ ၂၀၀၀ကျပ်အထိ တောင်းယူနေပြီး လူတစ်ဦးညအိပ်ပါက ဧည့်စာရင်းခတစ်သောင်းခွဲအထိ တောင်းခံတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ၈ရပ်ကွက်မှာတော့ အသစ် တိုင်ရင် ၃သောင်းပေးရတယ်။ အဟောင်းဆိုရင်တော့ ၅၀၀ပေးရတယ်။ ရက်ကျော်ရင်တော့ ဒဏ်ကြေး၂ထောင်ပေးရတယ်။ အလုပ်ထောက်ခံစာက တစ်ထောင်။ ခရီးသွားထောက်ခံစာ ၃ထောင်နဲ့ အရေးပေါ်ခရီးကိစ္စဆို ၁သောင်းပေးရတယ်။ မင်္ဂလာဆောင်ဘောက်ဖွင့်ရင် တစ်သိန်း၊ အလှူလုပ်ရင် ၃သောင်းပေးရတယ်။ အကြောင်းမကြားဘဲ လုပ်ရင်တော့ ၅သောင်းပေးရတယ်” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

အဲဒီငွေကြေးဟာ ဧည့်စာရင်းကောက်ခံမှုကနေရရှိနေတဲ့ ဝင်ငွေတစ်မျိုးထဲသာဖြစ်ပြီး လိုင်းကြေးယူပြီး ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးဝါးရောင်းချခြင်းနဲ့ ကျူးကျော်နေထိုင်သူတွေထံက ကောက်ယူနေတဲ့ငွေကြေးတွေ မပါဝင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းမှာ ၂၀၁၄ခု နှစ် လူဦးသန်းခေါင်စာရင်းအရ လူဦးရေ၆သိန်း ၈သောင်းကျော် နေထိုင်ကြပြီး မြို့နယ်အတွင်းနေထိုင်သူအများစုဟာ ရွှေ့ ပြောင်းလုပ်သားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

MK-005

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့