မြန်မာ့နွေဦး

လှည်းတန်းဈေး အနောက်ဘက်မှာ လူငယ် ၅ ဦးကို အရပ်ဝတ်အမျိုးသားတွေ ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးသွား

မဲခေါင် 10 Mar - 2023
မဲခေါင်၊ မတ် ၁၀ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ လှည်းတန်းဈေး အနောက်ပေါက်၊ လှည်းတန်း (၃) လမ်းထိပ်မှာ မတ် ၁၀ ရက်၊ ည ၁၂ နာရီခွဲကျော်က လူငယ် ၅ ဦးနောက်ကို အရပ်ဝတ် အမျိုးသား ၁၀ ဦးကျော် ပြေးလိုက်လာပြီး ဝိုင်းဝန်း ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၁၀

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ လှည်းတန်းဈေး အနောက်ပေါက်၊ လှည်းတန်း (၃) လမ်းထိပ်မှာ မတ် ၁၀ ရက်၊ ည ၁၂ နာရီခွဲကျော်က လူငယ် ၅ ဦးနောက်ကို အရပ်ဝတ် အမျိုးသား ၁၀ ဦးကျော် ပြေးလိုက်လာပြီး ဝိုင်းဝန်း ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

အဖမ်းခံရတဲ့ လူငယ် ၅ ဦးဟာ လမ်းတန်းထိပ်မှ လှည်းတန်း (၂) လမ်းအတိုင်း ပြေးလာပြီးနောက် လှည်းတန်း (၃) လမ်းထိပ်မှာ လိုက်လာတဲ့ အမျိုးသားတွေက ဖမ်းမိသွားပြီး ရိုက်နှက်ဖမ်းဆီး ခံရတာဖြစ်ကာ ဘယ်က လူငယ်တွေ ဆိုတာတော့ မသိရသေးပါဘူး။

“ လှည်းတန်း ထိပ်ဘက်ကနေ ရပ်ကွက်ထဲ ဝင်ပြေးလာတာ ဖြစ်မယ်။ အရပ်ဝတ်တွေနဲ့ စကားပြောစက်တွေ ပါတယ်။ ပြီးတော့ လွယ်အိတ်ဝတ်ထားပြီး နောက်ကနေ လိုက်ဖမ်းတာ။ (၃) လမ်းထိပ်က တိုက်အောက်ဘက်မှာ မိပြီး ရိုက်နေတာ။ လူငယ်ပိုင်း အရွယ်လေးတွေကြီးပဲ။ အသက် ၂၀ ဝန်းကျင်လောက် ၅ ယောက်ကို ရိုက်ပြီး ကန်ပြီး လမ်းထိပ်ဘက်ကို ထွက်သွားတယ်” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

အဆိုပါ လူငယ်များကို ရိုက်နှက် ဖမ်းဆီးနေစဉ် ဈေးလုံခြုံရေးက ဘာအတွက် ဖမ်းတာလဲလို့ မေးမြန်းစဉ် ရိုက်နှက် ဖမ်းဆီးသူ တစ်ဦးက “ မင်းတို့နဲ့ ဆိုင်လား။ မအေပေးတွေ အကုန်သေကုန်မယ်” လို့ ကြိမ်းဝါးခဲ့သေးတယ်လို့ သူကပြောပါတယ်။

ကမာရွတ်မြို့နယ်မှာ စစ်ကောင်စီတပ်က အမဲရောင် ဝတ်ဆင်တဲ့ လူငယ်တွေကို အဓိက ပစ်မှတ်ထား စစ်ဆေးပြီး မကြာခဏ ဖမ်းဆီးမှုတွေ ပြုလုပ်လေ့ရှိကာ နေ့စဉ် အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေ လူစည်ကားရာ နေရာများတွင် အသွင်ယူ စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။