မြန်မာ့နွေဦး

လွိုင်‌ကော် မိုင်းလုံးရပ်ကွက်မှာ နေထိုင်သူတွေ တတိယအကြိမ် စစ်‌ရှောင်နေရ

မဲခေါင် 7 Jun - 2024
ကယား (ကရင်နီ)ပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှာ နေထိုင်သူတွေဟာ ဇွန်လ ပထမပတ်အတွင်း တတိယအကြိမ်မြောက် စစ်ဘေးရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၆

ကယား (ကရင်နီ)ပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်မှာ နေထိုင်သူတွေဟာ ဇွန်လ ပထမပတ်အတွင်း တတိယအကြိမ်မြောက် စစ်ဘေးရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

မိုင်းလုံးရပ်ကွက်မှာ နေထိုင်သူတွေဟာ ၂၀၂၂ ခုနှစ် ဇွန်လမှာ တစ်ကြိမ်၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ တစ်ကြိမ်နဲ့ အခုတစ်ကြိမ် အပါအဝင် ၃ ကြိမ်မြောက် စစ်ရှောင်နေရတာပဲ ဖြစ်ပါတယ်။

ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးက “ပြည်သူတွေက ပြန်လာတာ ဘယ်လောက်မှတောင် မကြာသေးဘူး။ ထပ်ရှောင်ရပြီ။ ဒါတောင်မှ ကံကောင်းလို့ သတင်းရလို့။ စစ်တပ်ဘက်က တိုက်ပွဲဖြစ်မယ်ဆိုရင် ကြိုပြောတာမျိုး မရှိဘူး။ လောလောဆယ်တော့ ချေးငှားပြီးတော့ ရှောင်နေရတယ်” လို့ ပြောပါတယ်။

၁၁၁၁ စစ်ဆင်ရေးကတည်းက တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေဟာ မေလ နောက်ဆုံးပတ်မှာပဲ နေရပ်ပြန်လာကြတာဖြစ်ပြီး အခု ၂ ပတ်နီးပါးအကြာမှာ စစ်ဘေးထပ်ရှောင်ရတဲ့အတွက် ငွေကြေးနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ဖို့အတွက် ဘယ်အဖွဲ့အစည်းကမှ ညွှန်ကြားတာမျိုး မဟုတ်ဘဲ စစ်ကောင်စီတပ်ရဲ့ တပ်တွင်းအရင်းအမြစ် ကနေတစ်ဆင့် သတင်းရတာကြောင့် ရပ်ကွက်နေပြည်သူတွေက ကြိုတင် တိမ်းရှောင်ကြတာလို့ သိရပါတယ်။

ရှေ့တန်းမြေပြင် သတင်းအရင်းအမြစ် တစ်ဦးက “မြေပြင်အခြေအနေကတော့ ကျနော့် တစ်ဦးတည်း အမြင်ပြောရရင် စစ်မြေပြင်အနေနဲ့ ချဲ့ထွင်စိုးမိုး လာနိုင်ပေမဲ့ ထိုးစစ်နဲ့အတူ ခံစစ်ပါ ပြင်ထားရမှာပါ။ ရိုးရိုးမြေပြင် အနေအထားကတော့ ပြည်ထဲရေးပိုင်းကို တာဝန်ယူတဲ့ KSP (ကရင်နီပြည် ရဲတပ်ဖွဲ့ ) အနေနဲ့ အထူးတပ်မ ၁ မှာလည်း အထူးသဖြင့် ဒလန် မစိမ့်ဝင်နိုင်အောင် ထိန်းချုပ်နိုင်ရမှာပါ။ မဟုတ်ရင်တော့ IEC အနေနဲ့ ဘယ်လောက်ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီပြောပြော ပြည်သူအသက် လုံခြုံရေးအတွက် အသက်အာမခံမှု ရာခိုင်နှုန်းက မရှိသလောက် နည်းသွားမှာပဲ” လို့ ပြောပါတယ်။

လတ်တလောမှာ မိုင်းလုံးရပ်ကွက်အတွင်း တိုက်ပွဲပြင်းထန်နေပြီး ကျန်ရှိနေတဲ့ ပြည်သူတချို့ကို ခြိမ်း‌ခြောက်တာတွေ ပြုလုပ်နေတဲ့အပြင် ရပ်ကွက်နေရာတချို့မှာ မြေမြုပ်မှိုင်းတွေ ထောင်ထားတဲ့အတွက် လူမကျန်သလောက် ဖြစ်နေပြီလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က မိုင်းလုံးရပ်ကွက်ရှိ GTC တက္ကသိုလ်၊ ရွှေလက်ဝါးဘုန်းကြီးကျောင်း၊ တောင်စျေးအနောက်ခြမ်း ရတနာသီရိရဲ့ တောင်ပေါ်နေရာတွေမှာ တပ်စွဲထားပြီး တွေ့မြင်သမျှ လူတွေကို ချောင်းမြောင်းပစ်ခတ်နေတယ်လို့ မြေပြင်သတင်းအရစ်အမြစ်တွေဆီက သိရပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ PDF က ဒရုန်းဗုံးသီးလိုအပ်ချက်အတွက် အကူအညီတောင်းခံ

ကရင်နီပြည် ဖယ်ခုံမြို့နယ် အခြေစိုက် ဖယ်ခုံပြည်သူ့ ကာကာကွယ်‌ရေးတပ်ဖွဲ့ PDF-1006 တပ်ရင်းမှာ ဒရုန်းဗုံးသီး လိုအပ်ချက်တွေရှိနေပြီး ပြည်သူတွေအနေနဲ့ ပါဝင်ပေးကြဖို့ တာဝန်ရှိသူတွေက
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNLA တည်ထောင်တဲ့ ၁၇ နှစ်ပြည့် အခမ်းအနားတွေ ကျင်းပ

ယနေ့ ဇွန်လ ၁၀ ရက် မှာ ကျရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တည်ထောင်တဲ့ ၁၇ နှစ်ပြည့်အခမ်းအနားတွေကို တပ်ဖွဲ့အသီးသီးက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့မှာ စစ်တပ်ရဲ့လူမဆန်မှုတွေကို ထုတ်ဖော်ဆွေးနွေးမယ်

ဇွန်လ ၁၆ ရက်မှာ ကျရောက်မယ့် ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အနေနဲ့ ရှမ်းပြည်နယ်အတွင်းက လူ့အခွင့်အရေးအခြေအနေတွေကို စကားဝိုင်း ဆွေးနွေးပွဲအနေနဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဇွန် ၁၆ ရက်နေ့ ည ၇ နာရီမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ ဝန်ကြီးချုပ်ကိုယ်တိုင် ထောက်ပံ့ပြီး ဝါဒဖြန့်

ကရင်နီပြည်၊ လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ ဇွန်လ ၁၁ ရက်နေ့က စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ စစ်ကောင်စီတပ်က ထောက်ပံ့ပြီး ဝါဒဖြန့်နေတယ်လို့ နေရပ်ပြန်ရောက်နေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပန်နဲ့ပန်လုံကို UWSA အုပ်ချုပ်တဲ့ မြို့တွေအဖြစ် ကြေညာ

ရှမ်းမြောက်၊ ဟိုပန်နဲ့ ပန်လုံကို စစ်ကောင်စီက ဇန်နဝါရီဝါရီ ၄ ရက်နေ့က UWSA "ဝ"တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပေမယ့် ဒီနေ့ ဇွန် ၁၄ ရက်နေ့မှာ UWSA"ဝ"တပ်ဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်ကို တရားဝင် ထည့်သွင်းလိုက်တယ်လို့ UWSP/UWSA က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင် ထီဗွားရွာမှာ စစ်ကောင်စီတပ်နဲ့ PNA ဖမ်းထားတဲ့ ဒေသခံတွေ ပြန်လွတ်လာမှုမရှိသေးလို့ စိုးရိမ်နေရလို့ PNLO ဆို

ရှမ်းတောင်၊ ပအိုဝ်းဒေသ ထီဗွား(ရေဖြူ)ရွာမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA ပြည်သူ့စစ်တို့ဖမ်းဆီးထားတဲ့ ဒေသခံ၅၉ ဦးဟာ ခုချိန်ထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးလို့ စိုးရိမ်နေရတယ်လို့ PNLO က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးမှာ VPN အသုံးပြုသူတွေကို စစ်ကောင်စီက ငွေကျပ် ၅ သောင်းထက်မနည်း ဒဏ်ရိုက်ပြီး ဆိုင်ကယ်သိမ်းဆည်း

တောင်ကြီးမြို့မှာ မနေ့ ဇွန် ၁၃ ရက် နေ့လည်ပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်နဲ့ သူတို့လက်အောက်ခံ ရဲ၊ ယာဥ်ထိန်းရဲတွေက VPN အသုံးပြုသူတွေကို လိုက်လံစစ်ဆေးပြီး ဖမ်းဆီးဒဏ်ငွေရိုက်နေတယ်လို့ စုံစမ်းသိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချိုမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ တစ်ဦး ဒဏ်ရာရ

ရှမ်းမြောက်၊ နောင်ချိုမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ သုံးဆယ်ရွာက အမျိုးသား တစ် ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now