မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

မဲခေါင် 16 May - 2024
လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ မေ ၁၆

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ လွိုင်ကော်မြို့ပြင်နားမှာရှိတဲ့ ရေကန်ရွာဘက်မှာ စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတာကြောင့် ဒေသခံတွေသတိထားကြဖို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

“စစ်တပ်က ရွာခံတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းပြီး သုံးနိုင်တယ်၊ သတိထားဖို့ လိုတယ်” လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

တပ်ပြင်မှာ ပြန်လှုပ်ရှားနေတဲ့ စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ဟာ အင်အား ၁၀၀ ခန့်ရှိပြီး အမြောက်ကားတွလည်း ပါတယ်လို့ မြေပြင်သတင်းတွေကို ကိုးကားပြီး ဗိုလ်မှူးကြီးဘုန်းနိုင်က ထပ်ပြောပြပါတယ်။

ဒီလိုတပ်ပြင်ပ ပြန်လှုပ်ရှားနိုင်ဖို့အတွက် စီစဥ်နေတာ တစ်ပတ်ခန့်ရှိပြီး လွိုင်ကော်မြို့ ပြန်လည်ပတ်ဖို့ အတွက် ဖြစ်နိုင်တယ်လို့ ကရင်နီစစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ခန့်မှန်းပြောဆိုပါတယ်။

“သူတို့(စစ်ကောင်စီ) စစ်ကြောင်းထိုးတော့မယ်ဆို သိသာတယ်၊ လေယာဥ်တွေ၊ ကင်းထောက်တွေ ဝဲတယ်။ လက်နက်ကြီးနဲ့ ပစ်တယ်” လို့ သူက မဲခေါင်းသတင်းဌာနကို ပြောပါတယ်။

တပ်အပြင်ပြန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးအဖွဲ့တွေ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်တာမရှိသေးဘူးလို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။

ဒီစစ်ကောင်စီတပ် အပြင်ပြန်ထွက်လာတာ ရှမ်း-ကရင်နီနယ်စပ်က လွိုင်ကော်ဘက်ကိုလာဖို့ရှိနေတဲ့ စစ်ကြောင်းကို ထွက်ကြိုတာဖြစ်နိုင်တယ်လို့ KNDF ဒု-စစ်ဦးစီးချုပ်မာဝီ က ဒေသတွင်းသတင်းဌာန ကန္တာရဝတီတိုင်း(မ်) ကို ပြောကြားထားပါတယ်။

လွိုင်ကော်မှာ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ ခလရ-၂၆၁၊ ခလရ-၂၅၀၊ ခလရ-၅၄၊အမြောက်တပ်(အမတ)-၃၂၆ တို့အပြင် ထောက်ပို့တပ်တွေလည်း အခြေစိုက်ကြပါတယ်။

အဲ့ဒီတပ်အများစုဟာ တပ်ပြင်ပမထွက်သည်မှာ လအတန်ကြာပြီဖြစ်ပြီး ဒီရက်ပိုင်းတွင်းမှ ခလရ-၂၆၁ ဟာ တပ်ပြင်ပြန်ထွက်လာတာဖြစ်ပါတယ်။

အဲ့ဒီတပ်တွေထဲမှ ခလရ-၂၆၁ နဲ့ ခလရ-၅၄ တပ်တွေဟာ ကရင်နီတော်လှန်ရေးအဖွဲ့တွေနဲ့ ဖြစ်တဲ့တိုက်ပွဲတွေမှာ လက်နက်ကြီးပစ်ကူပေးခဲ့တဲ့ တပ်တွေဖြစ်ပါတယ်။

မြို့သိမ်းတိုက်တွေကြောင့် တိုက်ပွဲပြင်းထန်ခဲ့တဲ့ လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အဲ့ဒီလိုပြောပြီးမကြာမီ KNDF ဒုစစ်ဦးစီးချုပ်မာဝီက ဗြောင်လိမ်နေတာဟုဆိုကာ လွိုင်ကော်မြို့ ထေးငှားလျားကန်မှာရှိတဲ့အကြောင်း သူ့လူမှုကွန်ရက်ကနေ အသိပေးခဲ့ပါသေးတယ်။

MK-001

MeKongNews

လွိုင်ကော်

စစ်ကောင်စီ

တပ်ပြင်

လက်နက်ကြီး

ကရင်နီ

KA

KNDF

Photo- ကန္တာရဝတီတိုင်း(မ်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ကချင်အများစုနေတဲ့ ရှမ်းမြောက် ဖိုင်ကောင်းရွာရှိ စာသင်ကျောင်းက ကချင် အမျိုးသားအလံ MNDAA တပ်ဖွဲ့က ဖြုတ်ချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) ဖိုင်ကောင်းရွာရှိ စာသင်ကျောင်းဝင်းက ကချင် အမျိုးသားအလံကို ယမန်နေ့ မေလ ၂၆ ရက်နေ့
မြန်မာ့နွေဦး

ပင်‌လောင်းမှာ ကျောင်းသားတွေကိုလည်း စစ်မှုထမ်းခေါ်ယူ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လိန်းညာကျေးရွာအုပ်စုမှာ ကျောင်းသားတွေကို စစ်မှုထမ်းခေါ်ယူနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ အလောင်းထုတ်ခ ကောက်ခံတဲ့ကိစ္စ နေပြည်တော်ထိ အတိုင်ခံရပြီးနောက် ရင်ခွဲရုံဝန်ထမ်းကို စစ်ကောင်စီထံ ဝန်ခံထိုးဖို့ ဆေးရုံအုပ်က ဖိအားပေး

တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ အလောင်းထုတ်ခ အဆမတန် ကောက်ခံတဲ့ကိစ္စ ပြီးခဲ့တဲ့ အပတ်က မဲခေါင်သတင်းမှာ ဖော်ပြပြီးတဲ့နောက် နေပြည်တော် ကျန်းမာရေးဌာနကို တိုင်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီက လာစစ်ရင် ရင်ခွဲရုံဝန်ထမ်းကို ဝန်ခံလိုက်ဖို့ ငွေကောက်ခံခိုင်းတဲ့ ဆေးရုံအုပ်နဲ့ မှုခင်းဆရာဝန်က ဖိအားပေးထားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒေါနတောင်ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ မနေ့ညက မေလ ၂၆ ရက်နေ့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်ဘက်က ထိုးလာတဲ့ စစ်ကြောင်း ကရင်နီဘက်ကိုတိုးဝင်နေ

ရှမ်းတောင်၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ လွိုင်လင်လေးကို မနေ့ညနေပိုင်းက ရောက်လာခဲ့ပြီလို့ JOBS For Kayah က မနေ့ မေလ ၂၆ ရက်က သတိပေးချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကျောက်မဲက ONE LOVE ဟိုတယ် ဗုံးပစ်ခံရလို့ ဝန်ထမ်း ၁ ဦး ဒဏ်ရာရရှိ

ရှမ်းမြောက်၊ ကျောက်မဲမြို့၊ ရပ်ကွက်-၁ မှာ ရှိတဲ့ ONE LOVE ဟိုတယ်ကို မနေ့ကည ပိုင်းမှာ လက်လုပ်ဗုံးနဲ့ပစ်ထည့်လို့ ဟိုတယ်ဝန်ထမ်း ၁ ဦး ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ညောင်ရွှေ(NS) ပညာရေးဖောင်ဒေးရှင်းက တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေမှာ ကျောင်းအပ်စတင်လက်ခံ

ညောင်ရွှေမြို့နယ်၊ NS ပညာရေးဖောင်ဒေးရှင်းက ဆရာ၊ ဆရာမနဲ့ လုပ်အားပေး Volunteer တွေက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ကလေးငယ်တွေကို မေလ ၂၅ ရက်က စပြီး ကျောင်းအပ်လက်ခံနေပြီလို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကလောမှာ ၁၂ ဘီးကားနဲ့တိုက်လို့ အာလူးကြော်ပို့ဆိုင်ကယ်သမား သေဆုံး

ရှမ်းတောင်၊ ကလောမြို့နယ်၊ ရေယားကျေးရွာမှာ မနေ့ ည က ၁၂ ဘီးယာဉ်နဲ့ အာလူးကြော်ပို့ ဆိုင်ကယ်ကို တိုက်မိလို့ အာလူးကြော်သည် သေဆုံးသွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now