မြန်မာ့နွေဦး

လောင်းလုံးမှာ တပ်ကြပ် ၁ ဦးနဲ့ ပျူစောထီး ဆိုသူ မိသားစု ၃ ဦး ပစ်ခတ်ခံရ

မဲခေါင် 29 Dec - 2022
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဆိုးသွမ်းနေတဲ့ စစ်တပ်က တပ်ကြပ် ၁ ဦးနဲ့ ပျူစောထီး ဆိုသူ မိသားစုဝင် ၃ ဦးကို မနေ့က ပစ်ခတ်ခဲ့တယ်လို့ လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ထုတ်ပြန်ပါတယ်။

မနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မောင်းမကန်ရွာမှ ပျူခေါင်းဆောင် ဆိုသူ ဦးစိုးသိန်း၊ သမီးဖြစ်သူ မအေးလဲ့ထွေးနဲ့ သမက်ဖြစ်သူ ကိုနိုင်ဦး တို့ ၃ ဦးကို နေအိမ်မှာ လောင်းလုံး LLPDF အဖွဲ့က ဝင်ရောက် ပစ်ခတ် ခဲ့တာလို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုမှာ ဖခင်ဖြစ်သူ ဦးစိုးသိန်း ပွဲချင်းပြီး သေဆုံးကာ သမီးနဲ့ သမက် ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

မောင်းမကန်ကျေးရွာနေ ပျူစောထီးခေါင်း ဆိုသူ ဦးစိုးသိန်း(ခ)သက်ရှည်နဲ့ သမက်ဖြစ်သူ စစ်မှုထမ်းဟောင်း ပျူစောထီး သင်တန်းဆင်း နိုင်ဦး တို့ဟာ လက်နက်ကိုင်ဆောင်ပြီး ပျူစောထီးတွေကို စစ်သင်တန်းပြန်ပေး နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူ မအေးလဲ့ထွေး(ခ)မီးကန်းမှာ ငွေကြေးနဲ့ ပျူစောထီးအဖွဲ့ဝင် စုဆောင်းသူဖြစ်ပြီး စစ်ကောင်စီ သတင်းပေး ဖြစ်တာကြောင့် အကြိမ်ကြိမ်စောင့်ကြည့်ခဲ့ပြီး ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် လောင်းလုံး-ကျောက်နီမော် လမ်းပိုင်း တစ်နေရာမှာ မွန်းလွဲ ၂ နာရီခွဲမှာ စစ်တပ်က တပ်ကြပ်ကြီး ဦးပြုံးချို ဆိုသူကို LLPDF အဖွဲ့က ထပ်မံ ပစ်ခတ် ရှင်းလင်းခဲ့ရာမှာ စစ်ယူနီဖောင်း ၂ စုံ၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး၊ ငွေ ၂၅,၃၀၀ ကျပ် အပါဝင် မှတ်ပုံတင်တွေနဲ့ ပစ္စည်းတစ်ချို့ကို သိမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်တွေကို လောင်းလုံး-ပကဖ LLPDF ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျေးရွာနေ ပြည်သူ တွေနဲ့ လုံးဝ သက်ဆိုင်မှု မရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

ပြည်သူ‌တွေ အနေနဲ့ စစ်ကောင်စီတပ်သားတွေ၊ ပျူစောထီးတွေ၊ ဒလန်တွေ နားမှာ အနီးကပ် သွားလာတာ မလုပ်ဖို့၊ ပျော်ပွဲရွှင်ပွဲ‌တွေ လူစုလူဝေးတွေကို ရှောင်ကျဉ်ပေးဖို့လည်း LLPDFက မေတ္တာရပ်ခံထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ