မြန်မာ့နွေဦး

လေကြောင်းရန် ကာကွယ်ရေးအတွက် ကူညီပံ့ပိုးပေးကြဖို့ နိုင်ငံတကာကို NUG တောင်းဆို

မဲခေါင် 13 Jan - 2023
လေကြောင်းရန် ကာကွယ်ရေးအတွက် ကူညီပံ့ပိုးပေးကြဖို့ နိုင်ငံတကာကို NUG တောင်းဆို

မဲခေါင်၊ ဇန်နဝါရီ ၁၃

ထိရောက်တဲ့ လေကြောင်းရန် ကာကွယ်ရေး အစီအမံတွေ အတွက် လက်တွဲ ကူညီ ပံ့ပိုးပေးကြဖို့ မိတ်ဖက် နိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း‌တွေကို အလေးအနက် တိုက်တွန်းတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။

အရပ်သား ပြည်သူတွေကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရေး အတွက် လူသားချင်းစာနာမှု အကူအညီ‌တွေ လုံလောက်စွာ ကူညီ ထောက်ပံ့နိုင်ဖို့ အတွက် လေကြောင်း တိုက်ခိုက်မှုတွေ ရပ်တန့်အောင် အဘက်ဘက်မှ လုပ်ဆောင်ပေးဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း‌တွေကို အမျိုးသား ညီညွတ်ရေး အစိုးရက တိုက်တွန်းလိုက်တာပါ။

စစ်ကောင်စီဟာ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ နိုင်ငံတကာ ဥပဒေ တွေကို ချိုးဖောက်ပြီး တိုင်းရင်းသားတွေ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး အပေါ် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှု‌‌တွေ၊ ကျေးရွာလုံးကျွတ် မီးရှို့ ဖျက်ဆီး တာ‌တွေ၊ ပြည်သူလူထုရဲ့ ချွေးနှဲစာ အခွန်ဘဏ္ဍာငွေတွေထဲမှ ရရှိတဲ့ ငွေကြေးနဲ့ ဂျက်လေယာဉ်တွေနဲ့ စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူကာ လေကြောင် းတိုက်ခိုက်မှုတွေ နိုင်ငံအနှံ့မှာ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ပြီး အရပ်သား ပြည်သူများစွာကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ချင်းအမျိုးသားတပ်ဦး-CNF ဌာနချုပ် တည်ရှိရာ Camp Victoria စခန်းကို ဇန်နဝါရီလ ၁၀ ရက်၊ ညနေ ၄ နာရီ ၃၀ မိနစ်မှာ တစ်ကြိမ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ ညနေ ၄ နာရီမှာ တစ်ကြိမ် တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ချင်းအမျိုးသားတပ်ဦး တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့တဲ့ အတွက် အထူးဝမ်းနည်း ကြေကွဲ ရတယ်လို့လည်း လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ဒီဖြစ်စဉ် အတွက် ဝန်ကြီးဌာန အနေနဲ့ ချင်းပြည်သူ လူထု တစ်ရပ်လုံးနဲ့အတူ ထပ်တူစာနာ ခံစားရပြီး လိုအပ်တဲ့ လူသားချင်း စာနာမှု အကူအညီ‌တွေကို ပံ့ပိုးပေးနေတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီဟာ Camp Victoria စခန်းကို လေကြောင်းနဲ့ တိုက်ခိုက်ရာမှာ ကလေးငယ်တွေ အမျိုးသမီးတွေ ရှိရာ မိသားစု လိုင်းခန်း တွေနဲ့ ဆေးရုံ ဆေးခန်းတွေ၊ ဆေးပစ္စည်း သိုလှောင်တဲ့ နေရာတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲ တိုက်ခိုက်တာကို ပြင်းထန်စွာ ရှုတ်ချတယ်လို့လည်း ဆိုပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ထပ်တလဲလဲ ကျူးလွန်နေတာကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်းမှာ စစ်ဘေးရှောင် ပြည်သူတွေ တစ်နေ့ထက်တစ်နေ့ ပိုမို တိုးပွားလျက်ရှိပြီး လူသားချင်း စာနာမှု အကူအညီ‌တွေ အရေးတကြီး လိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ အကူအညီတွေ ဖြည့်ဆည်းပေးနိုင်ဖို့ အတွက် လူသားချင်း စာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက် ရှိတယ်လို့လည်း သိရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။