မြန်မာ့နွေဦး

လုပ်ကြံသတ်ဖြတ်ဖို့အတွက် အထူးတပ်ဖွဲ့တွေ RCSS က စေလွှတ်ထားတယ် လို့ SSPP ပြော

မဲခေါင် 14 May - 2023
မဲခေါင်၊ မေ ၁၄ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ SSPP ကို မိုင်းထောင်၊ မိုင်းခွဲတာတွေနဲ့ လုပ်ကြံတာတွေ ပြုလုပ်ဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ - RCSS က အထူးတပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး စေခိုင်းထားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကပြောပါတယ်။

မဲခေါင်၊ မေ ၁၄

ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ SSPP ကို မိုင်းထောင်၊ မိုင်းခွဲတာတွေနဲ့ လုပ်ကြံတာတွေ ပြုလုပ်ဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ – RCSS က အထူးတပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး စေခိုင်းထားတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကပြောပါတယ်။

RCSS က လွှတ်လိုက်တဲ့ အထူးတပ်ဖွဲ့ဝင်တွေဟာ လက်ရှိမှာ လဲချား၊ ကာလိ၊ ကျောက်မဲ၊ နောင်ချို၊ ကျေးသီး စတဲ့မြို့နယ်တွေအတွင်း ရောက်နေပြီလို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးသီဟရာဇာက ပြောပါတယ်။

“အခုလည်းပဲ သတင်းရတာကတော့ မိုင်းထောင်ဖို့ ခွဲဖို့ နဲ့ လုပ်ကြံတာတွေပြုလုပ်ဖို့ သူတို့ Special Force(အထူးတပ်ဖွဲ့ဝင်)ကို လွယ်တိုင်းလျံကနေ ရွေးပြီး လွှတ်လာတယ်။ ကျေးသီး၊ ဒီမြောက်ပိုင်းမှာက ကျောက်မဲ နောင်ချို တစ်လျှောက်လူတွေလွတ်လာတယ်လို့ ကျွန်တော်တို့ သတင်းရထားတယ်” လို့ သူကပြောပါတယ်။

အဲ့ဒီ လုပ်ကြံရေးသမားတွေပါဝင်တဲ့ အထူးတပ်ဖွဲ့ဝင်တွေကို RCSS က မေလ ၆ ရက်နေ့မှာ စေလွှတ်ခဲ့တာဖြစ်ပြီး တစ်ချို့အဖွဲ့ဟာ လဲချားမြို့ထဲမှာ ခိုအောင်းနေတယ်လို့လည်း SSPP ကပြောပါတယ်။

“၆ ရက်နေ့က စနိုက်ပါ သမားတွေ လုပ်ကြံရေးလူသတ်သမားတွေကို လွှတ်လာတယ်။ နှစ်ယောက်က လဲချားမှာရောက်နေတယ်။ အိမ်နံပါတ်တော့ မပြောတော့ဘူး။ နောက်ပြီးတော့ ကျောက်မဲဖက်မှာလည်း ပို့ထားတယ်။ နောက်တစ်ယောက်က နာမည်နဲ့ရတယ်။ သူတို့အဖွဲ့က ၃ ယောက်။ ရှမ်းပြည်မြောက်ပိုင်းကို တက်သွားပြီးတော့ မိုင်းထောင်ဖို့ တက်သွားတယ်လို့ သတင်းရတယ်။ တစ်ချို့က လဲချား ကာလိဖက်မှာရောက်နေပြီ” လို့ ဗိုလ်ကြီးသီဟရာဇာ က ပြောပါတယ်။

စစ်သားအချင်းချင်း စစ်တိုက်တာ ကိစ္စမရှိပေမယ့် ချုံခိုတိုက်ခိုက်တာ၊ မိုင်းခွဲတာ၊ မိုင်းထောင်တာတွေဟာ ပြည်သူလူထုကို အဓိက အထိနာစေတဲ့အပြင် အဲ့ဒီလို လုပ်တာဟာ အခြေအနေရှုပ်ထွေးရုံသာရှိပြီး တိုက်ပွဲအောင်နိုင်တဲ့အကြောင်း မဟုတ်ဘူးလို့ သူကပြောပါတယ်။

SSPP ပြောဆိုချက်နဲ့ ပတ်သက်ပြီး မဲခေါင် သတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အထူးတပ်ဖွဲ့တွေ စေလွှတ်ပြီး လုပ်ကြံရေးတွေပြုလုပ်ဖို့ RCSS က ပြုလုပ်နေတယ်ဆိုတဲ့ SSPP ပြောဆိုချက်အပေါ် မဲခေါင်သတင်းဌာနက RCSS ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဒု-ဗိုလ်မှူးကြီး စိုင်းအွမ်ခေး နဲ့ ဗိုလ်မှူး ခမ်းစံ တို့ကို အကြိမ်ကြိမ်ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါဘူး။

မေလ ၁၄ ရက် ဒီနေ့မှာ RCSS ပြောခွင့်ရပုဂ္ဂိုလ်တွေထံ မဲခေါင်သတင်းဌာနက အကြိမ် ၂၀ ခန့် ကြိုးစားဆက်သွယ်ခဲ့တာဖြစ်ပါတယ်။

SSPP နဲ့ RCSS တို့ဟာ မိုင်းနောင်- လဲချားဖက်မှာ ဒီရက်ပိုင်းထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ပြန်ဖြစ်လာတာကြောင့် တိုက်ပွဲတွေ ပိုကျယ်ပြန့်လာမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။

“ရှမ်းတပ်အချင်းချင်း မဖြစ်စေချင်ဘူး။ တိုက်ပွဲဖြစ်ရင် ကျွန်တော်တို့ပြည်သူက နှစ်ဖက်လုံးကို ကြောက်ရတယ်။ ပြီးရင် ဒီအချိန်က စိုက်ပျိုးရာသီချိန်ဖြစ်တယ်။ ဒီလိုအချိန်မှာ ပြည်သူတွေ ထွက်ပြေးနေရရင် ဒုက္ခပိုကြီးမယ်။ ပြည်သူကို သနားငဲ့ညှာဖို့ပြောချင်တယ်ဗျ။” လို့ နမ့်စန်မြို့နယ်မှ ရှမ်းလူငယ်တစ်ဦးကပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်၊ မိုင်းနောင်၊ ခိုလမ်တွေကြားမှာ RCSS က အင်အားဖြည့်တင်းတာတွေ ဆက်တိုက်ပြုလုပ်လာတာတွေကို တွေ့ရလို့ ရှမ်းတပ်ဖွဲ့ နှစ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်လာမယ့်အခြေအနေဖြစ်တယ်လို့ ခိုလမ်ဒေသခံတစ်ဦးကလည်းပြောပါတယ်။

RCSS အနေနဲ့ မိုင်းထောင်တာ ချောင်းမြောင်းပစ်ခတ်တာတွေ မလုပ်ရင် တိုက်ပွဲဖြစ်စရာအကြောင်းမရှိပေမယ့် ချောင်းမြောင်းပစ်ခတ်တာတွေ SSPP ရဲ့ လမ်းခရီးကို မိုင်းခွဲတာတွေ ဆက်လုပ်ရင်တော့ စစ်ကြောင်းလုံခြုံရေးအတွက် စစ်ရေးနဲ့ကာကွယ်သွားမယ်လို့ SSPP ဘက်က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မှာ ရှမ်းတပ် နှစ်တပ်ဖြစ်တဲ့ RCSS နဲ့ SSPP ဟာ တိုက်ပွဲတွေဖြစ်နေပြီး တိုက်ပွဲတွေမှာ SSPP ဝတ်စုံ ဝတ်ထားတဲ့ ‘ဝ’ တပ်သားတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် SSPP တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ‘ဝ’ လူမျိုးတွေ အများအပြားရှိတယ်လို့ SSPP က တုန့်ပြန်ထားပါတယ်။

ဒါ့အပြင် SSPP နဲ့ ‘ဝ’ တပ်ဖွဲ့ UWSA ဟာ မဟာမိတ်တွေ ဖြစ်တာကြောင့် လိုအပ်တဲ့ အကူအညီတွေ ယူတယ်လို့ SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က မဲခေါင်သတင်းဌာနနဲ့ အင်တာဗျူး တစ်ခုမှာ ပြောဆိုထားပါတယ်။

CJ – 002

#MeKongNews

#SSPP

#RCSS

#ရှမ်းတောင်

#ရှမ်းမြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု