ဒေသတွင်းသတင်း

လိုင်ဇာအနီး စခန်းတစ်ခုကို KIA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ အင်အားအကြီးအကျယ် ဖြည့်တင်းနေ

မဲခေါင် 19 Sep - 2023
KIO/KIA ဌာနချုပ် လိုင်ဇာအနီး၊ နမ်ဆန်ယန်နဲ့ အောင်ဂျာရွာ အထက်က စစ်ကောင်စီ စခန်း တစ်ခုကို စက်တင်ဘာ ၁၆ ရက်နေ့က KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ကုန်းကြောင်းနဲ့ ရေကြောင်း ကနေ အကြီးအကျယ် အင်အားဖြည့်တင်းနေတယ်လို့ KIA ရှေ့တန်းနဲ့ ဒေသခံတွေထံက သိရပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၁၉

KIO/KIA ဌာနချုပ် လိုင်ဇာအနီး၊ နမ်ဆန်ယန်နဲ့ အောင်ဂျာရွာ အထက်က စစ်ကောင်စီ စခန်း တစ်ခုကို စက်တင်ဘာ ၁၆ ရက်နေ့က KIA သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ကုန်းကြောင်းနဲ့ ရေကြောင်း ကနေ အကြီးအကျယ် အင်အားဖြည့်တင်းနေတယ်လို့ KIA ရှေ့တန်းနဲ့ ဒေသခံတွေထံက သိရပါတယ်။

“ ဒီနေ့ မနက်ပိုင်းက ဘွမ်ရေဘက်က စစ်ကောင်စီ အင်အား ၂၀၀ ကျော် အောင်ဂျာ-နမ်ဆန်ယန် ဘက်ကို စစ်ကြောင်းထိုး ဆင်းလာတယ်” လို့ KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

မနေ့ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း မန္တလေးဘက်ကနေ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဗန်းမော်ဘက် တက်လာတဲ့ စစ်သင်္ဘော ၆ စီး ရွှေကူကို ရောက်လာတယ်လို့ မျက်မြင် ဒေသခံ တစ်ဦးက ပြောပါတယ်။

“ ဒီတစ်ခေါက် ရေကြောင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သင်္ဘော ၆ စီးမှာ အင်အား အပြည့်ပဲ။ အသက် ၁၈ နှစ်အောက် ကလေးတွေလည်း ပါတာ တွေ့ရတယ်။ သင်္ဘော တွေလည်း သံကွန်ချာတွေ အခိုင်အမာနဲ့ပဲ” လို့ သူက ရှင်းပြပါတယ်။

ဒီ ၂ ထပ် သင်္ဘော ၆ စီးမှာ စစ်အင်အား ထောင်ချီ ပါလာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ် ပြောဆိုပေမဲ့ မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်ပြုနိုင်တာ မရှိသေးပါဘူး။

လိုင်ဇာ အနီးက စခန်း အသိမ်းခံရတဲ့ စက်တင်ဘာလ ၁၆ ရက် မနက် ၉ နာရီကျော်က လွိုင်လွမ့်အောင်ဂျာရွာ အနီး ဂျက်ဖိုက်တာ ၈ စီးနဲ့ ဗုံးကြဲခဲ့ပြီး ည ၈ နာရီခွဲကျော်မှာ မြစ်ကြီးနား-နမ်ဆန်ယန်-လိုင်ဇာ လမ်းပေါ်ရှိ ကဇူး၊ ဒဘတ်၊ ဆမားဂျာပူရွာ တွေဘက် လေကြောင်းက ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ကာ ဗန်းမော်ဘက်က အင်အားဖြည့်လာတဲ့ စစ်ကောင်စီ အင်အား ၁၅၂ ဦး ဘွမ်ရေ၊ ခါ့ယာဘက် ထပ်မံ စစ်ကြောင်းထိုးလာတယ်လို့ သူက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီက မန္တလေး-ဗန်းမော် လမ်းကြောင်းကနေ ရေကြောင်းနဲ့ အင်အားဖြည့်နေပြီး ဗန်းမော်-နမ်ဆန်ယန်၊ မြစ်ကြီးနား-နမ်ဆန်ယန် လမ်းတွေကနေ ကုန်းကြောင်းက အင်အားဖြည့်တင်းကာ လေကြောင်းက ပိုမို တိုက်ခိုက်လာတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

CJ-008

#MeKongNews

#လိုင်ဇာ

#KIO/KIA

#စစ်သင်္ဘော

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

ကျားဖြန့်ရုံတွေမှာ တရုတ်တွေ မူးယစ်ဆေးဖော်မြူလာအသစ်တွေ စမ်းထုတ်နေ၊ တာချီလိတ်က KTV နဲ့ နိုက်ကလပ်တွေမှာ စမ်းသပ်သုံးစွဲပြီး ဆေးလွန်သေဆုံးသူလူငယ်တွေများပြားလာ

တာချီလိတ်မြို့က ကျားဖြန့်လုပ်ငန်းလို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ နေရာတွေမှာ တရုတ်တွေဟာ မူးယစ်ဆေးဝါးဖော်မြူလာအသစ်တွေကို စမ်းသပ်ထုတ်လုပ်နေတယ်လို့ ဒီလုပ်ငန်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက မဲခေါင်ကို
မြန်မာ့နွေဦး

မူဆယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို TNLA ချုံခိုတိုက်ခိုက်မှု တပ်ရင်းမှူး အပါအ၀င် စစ်သား ၉ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော်- TNLA က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ပြန်လည်ကြုံတွေ့နေရ

ကရင်နီပြည်နယ် အတွင်း မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ဘေးရှောင်စခန်း အများစုမှာ ရေရှားပါးမှု ပြဿနာတွေ ပြန်လည် ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပင်လယ်ကွေ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရ ကျွေးမွေးတာ၊ စိတ်ဓာတ်မြှင့်တင်ရေးတွေနဲ့ ထောက်ပံ့ကြေး ပေးအပ်တာတွေကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖရူဆိုနဲ့ ဘောလခဲကြားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲကြား၊ နန်းဖဲကျေးရွာ တစ်၀ိုက်မှာ စစ်‌ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲမဖြစ်တဲ့ ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးကြဲချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွမ် ကျေးရွာအုပ်စု၊ ငေါ့ငါးရွာမှာ တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ကျည်ဆန်၀ယ်ယူဖို့ “ Who Got The Large Prize” ကမ်ပိန်း ပြုလုပ်

ရှမ်းပြည်တော်လှန်ရေး တပ်ပေါင်းစု-S.S.L.R.U ရဲ့ တပ်ခွဲ (၃) ဖြစ်တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့-JPRF က စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး "Who Got The Large Prize" ကမ်ပိန်း ပြုလုပ်နေတယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ Job For Kayah အဖွဲ့ တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now