မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင် 30 Mar - 2023
မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား များလာပြီး စစ်ဘေးရှောင် ၇၀ ရာခိုင်နှုန်းခန့် ရေရှားပါးမှု ကြုံတွေ့နေရကာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

မဲခေါင်၊ မတ် ၃၀

ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား များလာပြီး စစ်ဘေးရှောင် ၇၀ ရာခိုင်နှုန်းခန့် ရေရှားပါးမှု ကြုံတွေ့နေရကာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

ရှမ်း-ကရင်နီ နယ်စပ်မှာ နွေရာသီ ရောက်တိုင်း ရေရှားပါးတဲ့ဒဏ် ခံရပေမယ့် အခုလို နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရချိန် အရင်ကထက် ပိုခက်ခဲနေတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုနဲ့ ဖယ်ခုံ အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်သူ လူ ၅၀,၀၀၀ ကျော် နဲ့ စစ်ဘေးရှောင် စခန်း ၁၀၀ ဝန်းကျင် ရှိနေပြီး လွိုင်ကော်၊ ဖရူဆို ဘက်မှာလည်း စစ်ရှောင်တွေ ရှိနေတယ်လို့ သိရပါတယ်။

“အကုန်လုံးတော့ မဟုတ်ဘူး။ တချို့ စစ်ဘေးရှောင် စခန်းတွေက ရေထွက်တဲ့ နေရာနားမှာ သွားနေတာတော့ ရှိတယ်။ တချို့ စစ်ဘေးရှောင် မဟုတ်ဘဲ ကျေးရွာမှာနေလည်း ရေရှားပါးတယ်” လို့ စစ်ဘေးရှောင် ကူညီနေသူ အမျိုးသား တစ်ဦးက ပြောပါတယ်။

လက်ရှိ စခန်းတွေမှာ သောက်သုံးရေရဖို့ အများသုံး ရေကန်တွေ ပြုလုပ်ပေးထားပြီး တစ်ရက်ကို တစ်အိမ်ထောင် ၅ ဂါလံနှုန်း ခပ်ဖို့ စည်းကမ်း ထုတ်ထားရတဲ့ အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။

တချို့ စခန်းတွေမှာတော့ ပိုက်တွေနဲ့ ရေသွယ်တန်း နိုင်ပေမယ့် တချို့ စခန်းတွေ ကတော့ ရေကားနဲ့ ရေဖြည့် နေရပြီး ရေကား တစ်စီး ဂါလံအလိုက် ၃၀,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ်အထိ ပေးရတယ်လို့ သိရပါတယ်။

“တချို့ အလှူရှင်တွေက တယောက်ထဲ ကိုယ့်အလှူရှင် လိုက်ရှာပြီးတော့ ကူညီတာရှိတယ်။ ဒါပေမယ့် အလှူရှင်ဆီက ရတဲ့ ငွေနဲ့ ပစ္စည်းတွေက စစ်ဘေးရှောင်တွေ အတွက် လုံးဝ မမျှတဘူးလို့ ပြောလို့ရတယ်။ စစ်ဘေးရှောင်တွေ အရမ်းများပြားတဲ့ အတွက်ပေါ့။ ကူညီတဲ့ အဖွဲ့အစည်း အားလုံးက သူ့အခက်အခဲနဲ့သူ မျိုးစုံ ရင်ဆိုင်ရတယ်” လို့ ကရင်နီ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက် တာဝန်ရှိသူက ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ ရေရှားပါးမှုတွေကြောင့် နောက်ဆက်တွဲ အနေနဲ့ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အပူကြီး ဖျားနာမှုတွေ ခံစားနေရပါတယ်။

စခန်းတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးတဲ့ အဖွဲ့တွေ လာရောက်တာ ရှိသလို တချို့ စခန်းတွေမှာတော့ ဆေးခန်း ဖွင့်ပေးထားတာတွေ ရှိနေပေမယ့် ဆေးဝါး လိုအပ်ချက်တွေ များပြားတယ်လို့ သိရပါတယ်။

“စစ်ဘေးရှောင် စခန်းနားမှာ ဆေးခန်းတွေ ဖွင့်ပြီး စစ်ဘေးရှောင်တွေကို ကုသပေးတဲ့ ကျန်းမာရေး ဝန်ထမ်းတွေတော့ ရှိတယ်ပေါ့။ ဒါပေမယ့် မလုံလောက်ဘူးပေါ့နော်။ ဆေးဝါးကအစ ဝယ်ရတဲ့ဟာမျိုး ဖြစ်တယ်။ တချို့ စစ်ဘေးရှောင်တွေလည်း အခက်အခဲ ဖြစ်တော့ ပိုက်ဆံလည်း မရှိတော့ အဖက်ဖက်က လိုအပ်နေကြတယ်ပေါ့” လို့ ကူညီနေသူ တစ်ဦးက ပြောပြပါတယ်။

စစ်ရှောင်စခန်းနားမှာ ဖွင့်ထားတဲ့ Mu Kayan-လူမှုကူညီရေးအသင်းရဲ့ အချက်အလက်တွေ အရ တစ်လမှာ လူနာ ၁,၀၀၀ ဝန်းကျင်အထိ ဆေးဝါး ကုသပေးနေရပြီး ဆေးဝါး ကျွမ်းကျင် စေတနာ့ ဝန်ထမ်းတွေ ရှိပေမယ့် ဆေးဝါး လိုအပ်ချက်တွေ မြင့်မားနေတယ်လို့ ဆိုပါတယ်။

ရှမ်း-ကရင်နီ နယ်စပ် အပါအဝင် ကရင်နီပြည် တစ်ခုလုံးမှာ နေရပ်စွန့်ခွာရတဲ့ စစ်ရှောင် ၂ သိန်းကျော် ရှိနေပြီး စားနပ်ရိက္ခာနဲ့ ရေရှားပါးမှုအပြင် လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိတ်လန့် တုန်လှုပ်မှုတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ တိုက်ပွဲ ဖြစ်ပွားတာ မရှိတဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင် စခန်းတွေ အနီး စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ရှောင် ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦး သေဆုံးကာ သွယ်တန်းထားတဲ့ ရေပိုက်တွေ ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

MK-009

#MeKongNews

#ရှမ်း-ကရင်နီနယ်စပ် #စစ်ဘေးရှောင်စခန်း #ရေရှားပါး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ကျောက်မဲမှာ မူးယစ်ဆေးသမားနဲ့ စစ်ကောင်စီသတင်းပေးတွေကို မြို့ပိတ်ပြီးဖမ်းလို့ ၁၈၀ ဦး ဖမ်းမိ

ရှမ်းမြောက်၊ ကျောက်မဲမြို့မှာ မူးယစ်ဆေးသမားတွေနဲ့ စစ်ကောင်စီသတင်းပေးတွေကို မြို့ပိတ်ပြီးဖမ်းလို့ ၁၈၀ ဦး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

မြို့ရဲ့တစ်ခုတည်းသော အများပြည်သူပိုင်ပန်းခြံကို တာချီလိတ်စည်ပင်အမှုဆောင်အရာရှိအသစ် ဦးကျော်မင်းထိုက် ဆိုင်ခန်းဆောက်ပြီးငွေရှာ

တာချီလိတ်မြို့ရဲ့ တစ်ခုတည်းသော အများပြည်သူအပန်းဖြေနေရာဖြစ်တဲ့ ရွှေဝါနဒီပန်းခြံကို ပိတ်ပြီး တာချီလိတ်စည်ပင်က ဆိုင်ခန်းဆောက်လုပ်နေတာကြောင့် အများပြည်သူနားနေဖို့ နေရာပျောက်သွားပြီး ရေကြီးမှုဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေထံက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တိုက်ပွဲထဲပါဖို့မဟုတ်ဘဲ ရှမ်းမြောက်ပဋိပက္ခတွေကို ကြိုတင်ကာကွယ်ဖို့သာ တန့်ယန်းကို ဝင်တာလို့ UWSA ဆို

ရှမ်းပြည်မြောက်ပို၊ တန့်ယန်းမြို့ကို ဒီနေ့ UWSA တပ်ဖွဲ့တွေ အင်အားထောင်ကျော် ကားတွေနဲ့ဝင်ရောက်လာတာဟာ လက်ရှိဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာ ပါဝင်ဖို့မဟုတ်ဘဲ ကျယ်ပြန့်လာတဲ့ ပဋိပက္ခတွေ တန့်ယန်းကို မဝင်လာအောင် ကြိုတင်ကာကွယ်တာလို့ UWSA

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးပြည်သူ့ဆေးရုံမှာ ဆရာဝန်တွေ စစ်ရှောင်ကုန်ပြီး ဒဏ်ရာရပြည်သူတွေ အခက်အခဲဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးပြည်နယ်ဆေးရုံကြီးမှာ သူနာပြုအချို့မှအပ ဆရာဝန်၊ ဆရာမတွေ စစ်ဘေးရှောင်ကုန်ကြလို့ ကျန်နေတဲ့ ဒဏ်ရာရ ပြည်သူတွေ အသက်ဘေးကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ လောင်စာဆီပြတ်လပ်လာ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ဓာတ်ဆီတွေ ပြတ်လပ်လာနေပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းမြောက်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့တွေမှာ စစ်ကောင်စီက ဖောင်ဖြည့်ခိုင်းနေ

ရှမ်းပြည်မြောက်ပိုင်းကနေ ရှမ်းပြည်တောင်ပိုင်းဒေသတွေဆီ တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)က ဖောင်ဖြည့်ခိုင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးတိုက်ပွဲအတွင်း အရပ်သားပြည်သူ ၂၅ ဦးခန့် သေဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိနေ

ရှမ်းမြောက်၊ လားရှိုးမြို့ကို MNDAA က တိုက်နေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ပြည်သူ ၂၅ ဦးခန့်သေဆုံးပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီလို့ ဒေသသတင်းတွေနဲ့ ပရဟိတအဖွဲ့တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

နောင်ချိုက နောက်ဆုံး စစ်ကောင်စီတပ် အမှတ် ၆၀၆ ကို တော်လှန်ရေးတပ်တွေ ရပြီ

ရှမ်းမြောက်၊ နောင်ချိုမြို့နယ်တိုက်ပွဲမှာ ခုခံနေတဲ့ နောက်ဆုံးတပ် ၆၀၆ တပ်ကို ယမန်နေ့ ညသန်းခေါင်အချိန်မှာ တော်လှန်ရေးတပ်တွေက လက်ရ သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now