မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ်မှာ မတ်လအတွင်း စစ်တပ်က အကြိမ် ၃၀ ထက်မနည်း လေကြောင်းတိုက်ခိုက်

မဲခေါင် 21 Mar - 2023
မဲခေါင်၊ မတ် ၂၁ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ မတ်လအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်းပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

မဲခေါင်၊ မတ် ၂၁

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ မတ်လအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်းပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစပြီး ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆိုနဲ့ ဘောလဲမြို့နယ် တို့ကနေ စစ်မျက်နှာ ၄ ခုဖွင့်ပြီး စစ်ကြောင်း ၁၂ ကြောင်းနဲ့ အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် စစ်တပ်နဲ့ ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်တို့ကြားတိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းစစ်ကူတွေ အသုံးပြုနေတယ်လို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက မဲခေါင်သတင်းကိုပြောပါတယ်။

“မတ်လ ၅ ရက်နေ့နောက်ပိုင်းက စပြီး ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေသုံးပြီးလာပစ်တယ်။ နေ့တိုင်းလိုလို ၂ ခေါက်၊ ၃ ခေါက်လောက်လာပစ်တယ်။ အကြိမ်ရေက ရေတွက်လို့တောင်မရဘူးတော်တော်ကိုများတယ်။ နေ့တိုင်းလိုလိုလက်နက်ကြီးပစ်တယ်။ တနေကုန်နီးပါးကိုပစ်နေတာ” လို့ သူက မဲခေါင်သတင်းကိုပြောပါတယ်။

ကရင်နီတွင်းက တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဆောင်းပြောင်း၊ ဖယ်ခုံနဲ့ ပင်လောင်းမြို့နယ်တို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့သိရပါတယ်။

မတ်လဆန်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရှမ်း-ကရင်နီနယ်စပ်ကဒေသခံ ၆,၀၀၀ ကျော် ထပ်ဆင့်စစ်ဘေးရှောင်ခဲ့ရပြီး လတ်တလောဘေးကင်းရာရောက်တဲ့အထိ ထိတ်လန့်နေကြတယ်လို့ စစ်ရှောင်ကူညီသူတွေက ဆိုပါတယ်။

“လက်နက်ကြီးဒဏ်တွေ၊ လေယာဉ်ဗုံးကြဲတဲ့ဒဏ်တွေသူတို့ခံရပြီးတော့ ထိတ်လန့်နေတယ်။ လူတွေကိုအားငယ်တဲ့အကြည့်တွေ၊ အားကိုးတဲ့အကြည့်တွေကို အများစုမြင်တွေ့ရတယ်။ အားနည်းတဲ့ပုံစံမျိုးတွေတွေ့ရတယ်” လို့ စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တဲ့ရန်က ကာကွယ်ဖို့အတွက် စစ်ရှောင်ရာနေရာ သို့မဟုတ် တောင်စောင်းတွေမှာ အနည်းဆုံးအနက် ၅ ပေနဲ့ လူဦးရေအလိုက်အကျယ်ကိုတူးထားရန်၊ တွင်းထဲအဝင်အထွက်အဆင်ပြေအောင် မြောင်းလုပ်ထားရန်၊ သောက်သုံးရေနဲ့ ရိက္ခာ၊ ဆေးဝါးတွေကိုအသင့်ပြင်ထားရန်၊ တိုက်လေယာဉ်အသံကြားတဲ့အခါ အမြန်ဆုံးပုန်းခိုကြဖို့နဲ့ ထွက်မကြည့်ကြရန်၊ ဟင်းလင်းပြင်တွေကိုထွက်မကြည့်ကြရန်နဲ့ ပိတ်မိနေသူတွေရှိပါက ကူညီတဲ့အဖွဲ့အစည်းတွေကိုဆက်သွယ်ကြဖို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC က သတိပေးနှိုးဆော်ထားပါတယ်။

လက်ရှိမှာ ကရင်နီနဲ့ ရှမ်းနယ်စပ်တွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး မနေ့က မတ်လ ၂၀ ရက်မှာလည်း ဒီးမော့ဆိုအနောက်ဘက် ဒီးကျေးအုပ်စု၊ ဒေါငံခါးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ DMO Local PDF၊ KNDF နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ၃ ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ ဒီးမော့ဆို PDF က ထုတ်ပြန်ထားပါတယ်။

MK – 009

#MeKongNews

#ကရင်နီ #ရှမ်းတောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု