ဒေသတွင်းသတင်း

ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတွေမှာ ရေထဲပါတဲ့ ထုံးဓါတ်ကြောင့် စစ်ရှောင်တွေ ကျောက်ကပ်ရောဂါ အဖြစ်များနေ

မဲခေါင် 23 May - 2024
ရှမ်း-ကရင်နီ(ကယား) နယ်စပ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ အင်းလေးအမျိုးသမီးသမဂ္ဂ(IWU) ဦးစီးပြီး မေလ ၁၈ ရက်နေ့က ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

မဲခေါင်၊ မေ ၂၃

ရှမ်း-ကရင်နီ(ကယား) နယ်စပ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ အင်းလေးအမျိုးသမီးသမဂ္ဂ(IWU) ဦးစီးပြီး မေလ ၁၈ ရက်နေ့က ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

IWU အတွင်းရေးမှူး မကြိုးကြာက “ဒီမှာက အဓိကအနေနဲ့ ရေက ထုံးဓာတ်များတဲ့အခါကျတော့ ကျောက်ကပ်ဖြစ်တာတွေလည်း များတယ်။ တချို့ဆိုလို့ရှိရင် အဆုတ်တီဘီဖြစ်တာတွေလည်း တွေ့ရတာပေါ့နော်” လို့ ပြောပြပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ ဝမ်းသွားတာ၊ သွေးတိုးတာတွေ အဖြစ်များပြီး ဆေးရုံတက်ကုသရမယ့် ရောဂါမျိုးဆိုရင် နီးစပ်ရာ ပြည်နယ်ဆေးရုံဆီကို လက်လွှဲကူးပြောင်း ကုသနေရပါတယ်။

CDM ပြုလုပ်ထားတဲ့ ကရင်နီပြည်နယ် ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေနဲ့အတူ အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့ဝင်တွေ ပူးပေါင်းပြီး စစ်ရှောင်တွေရဲ့ အခြေခံကျန်းမာရေး လိုအပ်ချက်တွေကို စောင့်ရှောက်မှုပေးနေတယ်လို့ သိရပါတယ်။

“ရွာတွေမှာ လူစုခိုင်းပြီး သွားကြည့်ပေးရင်တော့ အယောက် ၃၀ ကျော် လောက်တော့ ရှိတယ်ပေါ့နော်။ အဲ့လိုမျိုး သွားတာကတော့ ၅ ကြိမ်လောက်ရှိပြီပေါ့။ ကြားရက်တွေမှာလည်း လူနာရှိရင်ရှိသလို သွား‌ရောက်ကုသပေးခဲ့တယ်” လို့ IWU အတွင်းရေးမှူး မကြိုးကြာက ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းမှာ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဘီလူးချောင်းအရှေ့ဘက်ကမ်းမှာရှိတဲ့ ရွာတွေက အများဆုံး လာရောက်စစ်ရှောင်နေကာ အခြားသော ရိက္ခာလိုအပ်ချက်တွေလည်း ရှိနေပြီး အလှူရှင်တွေနဲ့ ကူညီတဲ့ အဖွဲ့အစည်းတွေအပေါ် မှီခိုနေရတယ်လို့ သိရပါတယ်။

MK-015

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း

မိုးဗြဲရေကာတာ ပိတ်ထားလို့ အင်းလေးကန် ရေတက်လာပြီး လယ်ကွင်းတွေ ရေမြုပ်ပျက်စီး

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်အစပ်က ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ ရေကာတာကို ပိတ်ထားတာကြောင့် ညောင်ရွှေမြို့နယ် အင်းလေးကန် တစ်ခွင်မှာ ရေအဆမတန် တက်လာပြီး လယ်ကွင်းတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖယ်ခုံ PDF က ဒရုန်းဗုံးသီးလိုအပ်ချက်အတွက် အကူအညီတောင်းခံ

ကရင်နီပြည် ဖယ်ခုံမြို့နယ် အခြေစိုက် ဖယ်ခုံပြည်သူ့ ကာကာကွယ်‌ရေးတပ်ဖွဲ့ PDF-1006 တပ်ရင်းမှာ ဒရုန်းဗုံးသီး လိုအပ်ချက်တွေရှိနေပြီး ပြည်သူတွေအနေနဲ့ ပါဝင်ပေးကြဖို့ တာဝန်ရှိသူတွေက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNLA တည်ထောင်တဲ့ ၁၇ နှစ်ပြည့် အခမ်းအနားတွေ ကျင်းပ

ယနေ့ ဇွန်လ ၁၀ ရက် မှာ ကျရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တည်ထောင်တဲ့ ၁၇ နှစ်ပြည့်အခမ်းအနားတွေကို တပ်ဖွဲ့အသီးသီးက မြေပြင်အသီးသီးမှာ အကျဉ်းချုပ်ကျင်းပခဲ့တယ်လို့ PNLA က ယနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့မှာ စစ်တပ်ရဲ့လူမဆန်မှုတွေကို ထုတ်ဖော်ဆွေးနွေးမယ်

ဇွန်လ ၁၆ ရက်မှာ ကျရောက်မယ့် ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အနေနဲ့ ရှမ်းပြည်နယ်အတွင်းက လူ့အခွင့်အရေးအခြေအနေတွေကို စကားဝိုင်း ဆွေးနွေးပွဲအနေနဲ့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဇွန် ၁၆ ရက်နေ့ ည ၇ နာရီမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ ဝန်ကြီးချုပ်ကိုယ်တိုင် ထောက်ပံ့ပြီး ဝါဒဖြန့်

ကရင်နီပြည်၊ လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ ဇွန်လ ၁၁ ရက်နေ့က စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ စစ်ကောင်စီတပ်က ထောက်ပံ့ပြီး ဝါဒဖြန့်နေတယ်လို့ နေရပ်ပြန်ရောက်နေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပန်နဲ့ပန်လုံကို UWSA အုပ်ချုပ်တဲ့ မြို့တွေအဖြစ် ကြေညာ

ရှမ်းမြောက်၊ ဟိုပန်နဲ့ ပန်လုံကို စစ်ကောင်စီက ဇန်နဝါရီဝါရီ ၄ ရက်နေ့က UWSA "ဝ"တပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပေမယ့် ဒီနေ့ ဇွန် ၁၄ ရက်နေ့မှာ UWSA"ဝ"တပ်ဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်ကို တရားဝင် ထည့်သွင်းလိုက်တယ်လို့ UWSP/UWSA က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း

တာချီလိတ်မှာ ဓားနဲ့ခုတ်၊ သေနတ်နဲ့ပစ်ကာ ဆိုင်ကယ်လုယူတဲ့အဖွဲ့ ဖမ်းမိ

ရှမ်းအရှေ့၊ တာချီလိတ်မြို့မှာ ယနေ့ မနက်ပိုင်းက ဓားနဲ့ခုတ်၊ သေနတ်နဲ့ပစ်ကာ ဆိုင်ကယ်လုယက်သူ ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင် ထီဗွားရွာမှာ စစ်ကောင်စီတပ်နဲ့ PNA ဖမ်းထားတဲ့ ဒေသခံတွေ ပြန်လွတ်လာမှုမရှိသေးလို့ စိုးရိမ်နေရလို့ PNLO ဆို

ရှမ်းတောင်၊ ပအိုဝ်းဒေသ ထီဗွား(ရေဖြူ)ရွာမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA ပြည်သူ့စစ်တို့ဖမ်းဆီးထားတဲ့ ဒေသခံ၅၉ ဦးဟာ ခုချိန်ထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးလို့ စိုးရိမ်နေရတယ်လို့ PNLO က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now