မြန်မာ့နွေဦး

ရှမ်းအရှေ့အပါအဝင် စစ်ဒေသအသီးသီးမှာ RCSS နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ UWSA စစ်ရေးအသင့်ပြင်ထား

မဲခေါင် 13 May - 2023
မဲခေါင်၊ မေ ၁၃ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆက်မြို့နယ်တွေအပါအဝင် စစ်ဒေသအသီးသီးမှာ ရှမ်းတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ RCSS နှင့်စစ်ရေးအသင့်ပြင်ထားတယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။

မဲခေါင်၊ မေ ၁၃

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆက်မြို့နယ်တွေအပါအဝင် စစ်ဒေသအသီးသီးမှာ ရှမ်းတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ RCSS နှင့်စစ်ရေးအသင့်ပြင်ထားတယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။

‘ဝ’ တောင်ပိုင်း ၁၇၁ စစ်ဒေသဖြစ်တဲ့ ရှမ်းအရှေ့က မိုင်းတုံ၊ မိုင်းဆတ်အပါအဝင် FPNCC မဟာမိတ် SSPP ထိန်းချုပ်ရာ လွိုင်လင်၊ ပင်လုံ၊ လဲချား၊ မိုင်ကိုင်ဒေသတွေအထိ UWSA ဘက်က စစ်ဆိုင်ထားပြီး အသင့်အနေအထားပြင်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မေလ ၁၂ရက် ညပိုင်းက ပြောပါတယ်။

“ ပစ်တာခတ်တာမျိုးတော့ မရှိသေးဘူး။ တခုခုဆို အဆင်သင့်ဖြစ်အောင် ပြင်ထားတာမျိုးပေါ့။ အရင်နှစ်ကလည်း ဒီလိုတခါဖြစ်သေးတယ်။ ရှမ်းပြည်ထဲတော့ တအုံ့နွေးနွေးပေါ့” လို့ သူက ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ‘ဝ’တပ်ဖွဲ့နဲ့ နီးစပ်တဲ့ လူမှုကွန်ယက်တွေပေါ်မှာ စစ်ရေးပြင်ဆင်တဲ့ ဗီဒီယိုတွေ တင်ထားပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ရှမ်းအရှေ့မှာ ‘ဝ’တပ်အင်အား ၂၀၀၀ကျော်လောက် ဖြန့်ကျက်ပြီး စစ်ရေးတင်းမာနေစဉ်က အခြေအနေနဲ့ ဆင်တူတယ်လို့ ရှမ်းပြည်အရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ RCSS နဲ့ ‘ဝ’ တပ်ဖွဲ့တာဝန်ရှိသူတွေကို အသေးစိတ်သိရဖို့ မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

ရှမ်းပြည်တွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ဒီလပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ RCSS နဲ့ PNLO၊ RCSS နဲ့ SSPP တို့ထိတွေ့မှုတွေရှိနေသလို စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲလည်း ပြင်းထန်နေတာဖြစ်ပါတယ်။

‘ဝ’ တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း သံလွင်မြစ်အနောက်ဖက်ခြမ်းက မိုင်းယော်တိုက်နယ်ထဲကို အင်အားအလုံးအရင်းနဲ့ ပြန်လည်ဝင်ရောက်လာတာမျိုးကလည်း စစ်ရေးအတွက် ထူးခြားတဲ့အခြေအနေဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

MK – 004

#MeKongNews

#UWSA

#RCSS

#SSPP

#PNLO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။