မြန်မာ့နွေဦး

ရှမ်းမြောက်မိုးပြောင်း စျေးကျနေတဲ့အပြင် အထွက်နှုန်းလည်း နည်းနေ

မဲခေါင် 29 Dec - 2022
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးပြောင်းတွေပေါ်ချိန်မှာ ပြောင်းစျေးကျနေတဲ့အပြင် တောင်သူက တွက်ခြေကိုက်သီးနှံ ပြောင်းလဲစိုက်ပျိုးတာကြောင့် ပြောင်းအထွက်နှုန်း လျော့နည်းလျက်ရှိတယ်လို့ ပြောင်းကုန်သည်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့မှုမှာ အခွန်စည်းကျပ်မှု များတဲ့ကာလဖြစ်တဲ့ စက်တင်ဘာလကနေ ဇန်နဝါရီလအထိ ၅ လ တင်ပို့မှုရပ်ဆိုင်းလေ့ရှိတဲ့အတွက် မိုးပြောင်းပေါ်ချိန်မှာ စျေးရရှိမှုနည်းတာဖြစ်ပြီး နယ်မြေမအေးချမ်းမှု၊ သွင်းအားစုများ စျေးမြင့်တက်မှု​တွေကြောင့် တောင်သူတွေ စိုက်ပျိုးမှုနည်းပြီး အထွက်နှုန်း လျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အခုချိန်က ရှမ်းပြောင်းပေါ်ချိန် တောင်ရောမြောက်ရောမှာပြောင်းတွေပေါ်ပြီး ကချင်၊ ကယား မိုးပြောင်းတွေထွက်လာပြီး အထွက်နှုန်းလည်းနည်းတယ်။ ပြည်ပတင်ပို့ချိန်မဟုတ်တော့ စျေးကလည်း သိပ်မရဘူး၊ ရှေ့နှစ် ၄ လပိုင်းအကုန်ကနေ ၇ လပိုင်းအထိ မူဝါဒတွေက အပြောင်းအလဲလုပ်တာတွေရှိတော့ စျေးကွက်ကိုထိခိုက်မူတွေရှိခဲ့တယ်။ တောင်သူကလည်း တွက်ချေကိုက်မယ့်သီးနှံပြောင်းစိုက်တော့ ပြောင်းအထွက်နှုန်းက ကျသွားတယ်

လို့ ပြောင်းအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြောင်းစိုက်တောင်သူတွေမှာ ပို့ဆောင်ဆက်သွယ်ရေး ဂိတ်ဖြတ်သန်းရမှုတွေကြောင့် ဒေသတစ်ခုနဲ့တစ်ခု စျေးရရှိမှု တူညီမှု မရှိဘဲ နယ်စပ်ဒေသနဲ့ နီးစပ်ရာပြည်နယ်နဲ့တိုင်းဒေသကြီးတွေက စျေးပိုမိုရရှိပြီး လက်ရှိမှာ ရှမ်းမြောက်စျေးမှာ တစ်ပိဿ ၁ ထောင်ဝန်းကျင်မှာသာ ရှိတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းသော ပြောင်းဟာ ရှမ်းမြောက်မှထွက်ရှိပြီး ရှမ်းတောင်က ၂၀ ရာခိုင်းနှုန်းထွက်ရှိကာ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ဧရာဝတီတိုင်းက အနည်းအကျဥ်းထွက်ရှိကြောင်းလည်း သိရပါတယ်။

နယ်မြေမအေးချမ်းမူ၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့် ယခုနှစ်မှာ ပြောင်းစိုက်ဧက ၁ သန်းနီးပါးသာရှိပြီး ပြောင်းသီးနှံထွက်ရှိမှု တန်ချိန် ၂၁ သန်းသာ ထွက်ရှိတယ်လို့လည်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။