ဒေသတွင်းသတင်း

ရှမ်းမြောက်ကနေ တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့တွေမှာ စစ်ကောင်စီက ဖောင်ဖြည့်ခိုင်းနေ

မဲခေါင် 10 Jul - 2024
ရှမ်းပြည်မြောက်ပိုင်းကနေ ရှမ်းပြည်တောင်ပိုင်းဒေသတွေဆီ တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)က ဖောင်ဖြည့်ခိုင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၀

ရှမ်းပြည်မြောက်ပိုင်းကနေ ရှမ်းပြည်တောင်ပိုင်းဒေသတွေဆီ တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေကို ရောက်ရှိရာမြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ထွေအုပ်)က ဖောင်ဖြည့်ခိုင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

ဧည့်စာရင်းတိုင်တဲ့ အချိန်မှာ အုပ်ချုပ်ရေးမှူးက တစ်ဆင့်ဖြည့်ခိုင်းတာမျိုး မဟုတ်ဘဲ ထွေအုပ်ဝန်ထမ်းတွေက အိမ်တိုင်ရာရောက် လာရောက်ဖြည့်ခိုင်းတာ၊ တချို့က စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေက တစ်ခါတည်း ဖြည့်ခိုင်းတာတွေ ရှိနေပြီး စစ်ဘေးရှောင်တွေဘက်က လမ်းခရီးနှောင့်နှေးတာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

“ဘာကြာင့် ဖြည့်ခိုင်းတာလဲ မသိဘူး။ မသင်္ကာတဲ့လူ ပါမှာစိုးလို့ ဆိုရင်တောင် ဘယ်သူကတော့ အမှန်ရေးမှာလဲ။ အသက်တွေကြည့်ပြီး စစ်မှုထမ်းခေါ်ဖို့လား မသိဘူး။ အမျိုးမျိုး တွေးပူနေရတယ်” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောပါတယ်။

လတ်တလော ဖောင်ဖြည့်ရတဲ့ မြို့တွေဟာ တောင်ကြီး၊ ညောင်ရွှေ၊ ကလော စတဲ့ မြို့နယ်တွေ ပါဝင်ပြီး လူအခြေအနေ အကဲခတ်ပုံအရ ထုံးဖို၊ တောင်ကြီးမြို့ဝင် စစ်ဆေးရေး ဂိတ်တွေမှာလည်း ဖြည့်ခိုင်းနေတာတွေ ရှိတယ်လို့ သိရပါတယ်။

“ဖောင်ဖြည့်ခိုင်းတာက စစ်ဘေးရှောင်တွေ ထောက်ပံ့ဖို့လို့ ပြောနေတာတော့ ရှိတယ်။ မဖြစ်နိုင်ဘူး ထင်တယ်။ အရင်တစ်ခေါက်ကတောင် ကယားစစ်ရှောင်တွေကို ထောက်ပံ့မယ့်ဟာတွေ နီးစပ်ရာတွေပဲ ရကြတာ။ ကျန်တာက အုပ်ကြီးတွေ ရောင်းစားတာပဲ” လို့ ထွေအုပ်နဲ့ နီးစပ်တဲ့ တောင်ကြီးမြို့ခံ တစ်ဦးက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ နောင်ချို၊ သီပေါ၊ ကျောက်မဲ စတဲ့မြို့နယ်တွေက တိမ်းရှောင်လာတဲ့ ယာဉ်တန်းတွေဟာ တောင်ကြီးမြို့ကို အဆက်မပြတ် ဝင်နေဆဲဖြစ်ပြီး လတ်တလော တောင်ကြီးမြို့ ရှမ်းပဋိကတ်ကျောင်းတိုက်နဲ့ ရှမ်းဘုန်းကြီးကျောင်း တချို့မှာ အခမဲ့ ခိုလှုံဖွင့်ပေးထားပေမယ့် ငွေကြေး အဆင်ပြေသူတွေကတော့ အိမ်ငှား နေထိုင်ကြတယ်လို့ သိရပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆိုင်ကယ်မောင်းနှင်လာတဲ့ ကျောက်မဲဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်

ရှမ်းမြောက်၊ ကျောက်မဲမြို့မှာ ဆိုင်ကယ် ၂ စီးနဲ့ မောင်းနှင်လာတဲ့ ဒေသခံ ၄ ဦးကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်သားတွေက မေးမြန်းတားဆီးမှုမရှိဘဲ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်ပြီး စစ်ဘေးရှောင်တွေ တိုးလာလို့ စံကားမြို့က ကူညီကယ်ဆယ်ရေး အခက်အခဲ ဖြစ်လာ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့ အနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်ပြီး ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေမှာ စစ်ဘေးရှောင်တွေ တိုးလာတဲ့အတွက် အခက်အခဲတွေဖြစ်လာနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ဘေးရှောင်တွေကို ကားသမားအယောင်ဆောင် ငွေလိမ်လည်မှုတွေ ကြုံနေရ

ရှမ်းမြောက်က စစ်ဘေးရှောင်တွေကို ကားသမားအယောင်ဆောင်ပြီး ကားခ လိမ်ညာယူမှုတွေ၊ စျေးညှိသဘောတူပြီးမှ ငွေပိုပေးတဲ့သူနောက်ကို လိုက်သွားတာတွေ၊ ပြောတဲ့စျေးနဲ့တင်လာပြီးမှ လမ်းခရီးမှာစျေးပိုတောင်းတာတွေကြောင့် စစ်ဘေးရှောင်ဒုက္ခအပေါ် ကိုယ်စိတ်ဒုက္ခတွေ ထပ်မံရရှိမှုတွေ ဖြစ်စေနေတယ်လို့ ယင်းဒုက္ခတွေကို တွေ့ကြုံခံစားခဲ့ရတဲ့ ကာယကံရှင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မင်းအောင်လှိုင် ယာယီ သမ္မတ လုပ်မယ်

မဲခေါင်၊ ဇူလိုင် ၂၂ ကျန်းမာရေးမကောင်းတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ရာထူးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့မှာ လွှဲပြောင်းရယူလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆေးခွင့်ယူထားတဲ့ ယာယီသမ္မတရဲ့ တာဝန်တွေကို စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ဆီကို လွှဲပေးတဲ့အကြောင်း ဒီညမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နောင်ချိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူတစ်ယောက် သေဆုံး

မဲခေါင်၊ ဇူလိုင် ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်း ပစ်ခတ်မှုကြောင့် ကံကြီးကျေးရွာနေ အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က ထုတ်ပြန်လာပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

SSPP တပ်ဖွဲ့ဝင် ၅ ဦးကို လက်နက်နဲ့တကွ ဖမ်းမိထားတယ်လို့ RCSS ထုတ်ပြန်

မဲခေါင်၊ ဇူလိုင် ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တစ်ကြောမှာ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS/SSA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)တို့အကြား မနေ့ (ဇူလိုင် ၂၁ ရက်နေ့ သန်းခေါင်ယံအချိန်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ RCSS က ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ပအိုဝ်းလူငယ် အကယ်ဒမီ(Pa-O Youth Acadamy) ဖွဲ့စည်းပြီး သင်တန်းများလုပ်ဆောင်နေ

လူငယ်တွေ စုစည်းထားတဲ့ ပအိုဝ်းလူငယ်အကယ်ဒမီ (Pa-O Youth Acadamy)ကို ဖွဲ့စည်းပြီး စွမ်းရည်သင်တန်းတွေ လုပ်ဆောင်နေတယ်လို့ ပအိုဝ်းလူငယ်အကယ်ဒမီအဖွဲ့ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်က တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က ဖုန်းလိုင်း ဖွင့်ပေးပြီး ကြားဖြတ် နားထောင်မှုတွေ ရှိနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေမှာ စစ်ကောင်စီတပ်က ဖုန်းလိုင်း ဖွင့်ပေးထားပြီး ကြားဖြတ် နားထောင်မှုတွေ ရှိနေတယ်လို့ မြေပြင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now