မဲခေါင်၊ ဖေဖော်ဝါရီ ၇
ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမှာ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းက ပြုလုပ်ပါတယ်။
ရှမ်းပြည်အမျိုးသားနေ့အခမ်းအနားကို အရာရှိ၊ စစ်သည် နှင့် မိဘပြည်သူများ အင်အား ၂၈၀၀ ဝန်းကျင်ခန့်တက်ရောက်ပြီး SSPP/SSA နာယကကြီး ဗိုလ်ချုပ်ကြီးဆေထင်က ရှမ်းပြည်အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနဲ့ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့အချက်တွေကို ဗမာစစ်တပ်က ချိုးဖောက်ပြီး တိုင်းရင်းသားတွေအပေါ် လိမ်လည်လှည့်ဖြားခဲ့ပုံတွေကို ဟောပြာခဲ့ပါတယ်။
အဲဒီနောက် SNLD မှပေးပို့လာတဲ့ ရှမ်းပြည်အမျိုးသားနေ့ သဝဏ်လွှာဆက်လက်ဖတ်ကြားပြီး အခမ်းအနားကို ရပ်နားလိုက်ပါတယ်။
Source – SSPP/SSA
#MeKongNews
#ရှမ်းပြည်အမျိုးသားနေ့ #SSPP #ဝမ်ဟိုင်း





