မြန်မာ့နွေဦး

ရှမ်းပြည်နယ်မှာ CDM ဝန်ထမ်းတွေကို ဖမ်းဆီးမှုတွေ ပြန်လုပ်လာပြီး အလုပ်ပြန်ဝင်ဖို့ စစ်ကောင်စီ ဖိအားပေး

မဲခေါင် 19 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၉ ရှမ်းပြည်နယ် လားရှိုးခရိုင်၊ ကျောက်မဲခရိုင်နဲ့ မူဆယ်ခရိုင်တို့မှ CDM ဝန်ထမ်းတွေကို လိုက်လံ ဖမ်းဆီးမှုတွေ ရှိနေပြီး နမ့်ဆန်မြို့နယ်မှာလည်း CDM ပညာရေးဝန်ထမ်းတွေ တာဝန်ပြန်ထမ်းဆောင်ဖို့ စစ်ကောင်စီက ဖိအား ပေးနေတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ် လားရှိုးခရိုင်၊ ကျောက်မဲခရိုင်နဲ့ မူဆယ်ခရိုင်တို့မှ CDM ဝန်ထမ်းတွေကို လိုက်လံ ဖမ်းဆီးမှုတွေ ရှိနေပြီး နမ့်ဆန်မြို့နယ်မှာလည်း CDM ပညာရေးဝန်ထမ်းတွေ တာဝန်ပြန်ထမ်းဆောင်ဖို့ စစ်ကောင်စီက ဖိအား ပေးနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်က ကျောက်မဲခရိုင် သီပေါမြို့မှာ CDM ပညာရေး ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရှမ်းပြည်နယ် အတွင်း CDM ဝန်ထမ်းတွေကို ဖမ်းဆီးဖို့နဲ့ ချေးငွေတွေ ပြန်ဆပ်ဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“CDM တွေ အားကောင်းတုန်းက အများကြီး လုပ်ကြတယ်။ အခု အခက်အခဲ အမျိုးမျိုးကြောင့် Non-CDM ဖြစ်လာကြတယ်။ CDM တွေ Non CDM ပြန်လုပ်တဲ့အခါ စစ်ကောင်စီဟာ ငါတို့ကို ဆန့်ကျင်ထားတာ အဲ့ဒီ အတွက် နဂိုအတိုင်းတော့ ပြန်မရဘူး။ အောက်ကျနောက်ကျတော့ ခံရမယ်ဆိုပြီး လုပ်တာတွေ ရှိတယ်။ Non-CDM ဖြစ်သွားပေမယ့် စစ်ကောင်စီအောက်တော့ ကြာရှည် မလုပ်ချင်ဘူး။ လုပ်သက်ပြည့် ပင်စင် တင်တယ်။ ဒါပေမယ့် တင်တဲ့လူတွေ များလာတဲ့အခါ လုပ်သက်ပြည့် ပင်စင်တွေကို ‘မပေးသေးပါ’ ဆိုပြီး ရပ်ဆိုင်းပစ်တာတွေရှိတယ်” လို့ Non CDM ကျောင်းဆရာမ တစ်ဉီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယပတ်ကလည်း နမ့်ဆန်မြို့နယ်က ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီး Non-CDM မလုပ်တဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

“ CDM လုပ်လာတာ ၂ နှစ်နီးပါးရှိပြီ။ အမှန်က ဝန်ထမ်းအချင်းချင်း ချောက်ချတာဖြစ်တယ်။ တချို့က CDM လုပ်ပြီးတော့ ကိုယ်ပိုင်လုပ်ငန်းနဲ့ အဆင်ပြေနေတော့ Non-CDM တွေက မနာလိုလို့ သတင်းပို့ တိုင်ကြား တာတွေရှိတယ်။ ဘယ်လို အခြေအနေရောက်ရောက် NON မှာ မဟုတ်သလို မဖြစ်မနေ လုပ်ရမယ်ဆို ရင်တောင် တာဝန်ကနေ ရပ်နားမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ CDM ကျောင်းဆရာ တစ်ဉီးက ပြောပါတယ်။

CDM ဝန်ထမ်းတွေဟာ လက်ရှိမှာ မြို့၊ ရွာတွေကို ပြန်လည်ဝင်ရောက် နေထိုင်တဲ့ အတွက် ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ စာရင်းပြုစုပေးဖို့ စစ်ကောင်စီက အခုလအတွင်း အမိန့်ပေးထားပါတယ်။

CDM နိုင်ငံ့ ဝန်ထမ်းတွေကို စစ်အုပ်စု အလိုကျ ဖိနှိပ်နေတဲ့ Non CDM ဝန်ထမ်းတွေ အပေါ် သဘောထားနဲ့ CDM Policy အမြန်ဆုံး အတည်ပြုပေးဖို့ ပြည်သူ့ကျန်းမာရေး အင်အားစု ၈ ဖွဲ့နဲ့ ပညာရေး အင်အားစု ၁၅ ဖွဲ့က မြန်မာ့နွေဦး တော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းထားပါတယ်။

MK-010

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။