မြန်မာ့နွေဦး

ရှမ်းပြည်တောင်ပိုင်း ၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ သေပြီး လက်နက် ၂၆ လက်နဲ့ ခဲယမ်းတွေရ

မဲခေါင် 28 Apr - 2023
မဲခေါင်၊ ဧပြီ ၂၈ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်‌လောင်း-ဖယ်ခုံနဲ့ မိုးဗြဲမှာ ဧပြီလ ၂၄ ရက် နဲ့ ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ၅၀ ထက်မနည်း သေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ် ၂၆ လက်နဲ့ ခဲယမ်းတွေ ရတယ်လို့ KNDF က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဧပြီ ၂၈

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်‌လောင်း-ဖယ်ခုံနဲ့ မိုးဗြဲမှာ ဧပြီလ ၂၄ ရက် နဲ့ ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ၅၀ ထက်မနည်း သေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ် ၂၆ လက်နဲ့ ခဲယမ်းတွေ ရတယ်လို့ KNDF က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ပင်လောင်းနဲ့ ဖယ်ခုံ နယ်စပ်၊ မြောက်စလုံးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တွေကို ကရင်နီ တော်လှန်ရေး အင်အားစုတွေက ဧပြီလ ၂၄ ရက် မနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ရာ တစ်နေကုန် တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ KNDF ကပြောပါတယ်။

တိုက်ပွဲ အတွင်း စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်က်က ၃၀ ထက်မနည်း သေဆုံးပြီး MA-1 ၃ လက် ၊ MA-2 ၃ လက် ၊ MA-3 ၂ လက် ၊ MA-4 ၇၉ တွဲ တစ်လက်၊ MG-3 တစ်လက်၊ RPG 7 တစ်လက်၊ 60 MM စိန်ပြောင်း တစ်လက်၊ ဆက်သွယ်ရေးစက် ၂ လုံးနဲ့ ခဲယမ်းတွေ၊ အသုံးအဆောင် ပစ္စည်းတွေ ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ပွဲကို KA ၊ KNDF၊ PNDF-KK၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF တပ်ရင်း (၂)၊ ကရင်နီ တပ်ပေါင်းစု၊ KGZ၊ KRU၊ URF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်သား တစ်ဦး ကျဆုံးခဲ့ရတယ်လို့ KNDF က ဆိုပါတယ်။

အလားတူ ဧပြီလ ၂၆ ရက်နေ့၊ မနက်ပိုင်းက မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၁၀) တပ်ဖွဲ့ကို KNDF၊ မိုးဗြဲ PDF နဲ့ URF တို့ ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂၀ ဦး သေဆုံးပြီး အရှင် ၂ ဦး ဖမ်းမိကာ MA-1 ၄ လက်၊ MA -2 ၄ လက်၊ MA -3 ၂ လက်၊ MA-4 တစ်လက်၊ RPG-7 တစ်လက်၊ ၆၀ မမ ပြောင်းတို ၂ ပြောင်း ရခဲ့တယ်လို့ KNDF က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ၄ ကြိမ် လာရောက် ပစ်ခတ်ပေမဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ် အစပ်ရှိ မြောက်စလုံးကျေးရွာ ကနေ ဧပြီလ ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တွေ ဆုတ်ခွာ ထွက်ပြေးသွားပြီး တောင်မဲသင်းကျေးရွာမှာ တပ်စွဲထားကာ လက်ရှိ စစ်ရေး တင်းမာနေဆဲလို့ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်က ပြောပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု