မြန်မာ့နွေဦး

ရှမ်းတောင် တော်လှန်ရေးတပ်တွေအတွက် “တားရော့မေးရင်းလှူ” အစီအစဉ်စတင်

မဲခေါင် 18 Feb - 2023
တားရော့ဗေဒင်မေးမြန်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေကို ရန်ပုံငွေထောက်ပံ့နိုင်မယ့် “တားရော့မေးရင်းလှူ တော်လှန်ရေးမှာကူ” အစီအစဉ်ကို စတင်လိုက်ပြီးလို့ တိုးနယား ရှမ်းတောင်ရန်ပုံငွေရှာဖွေရေးအဖွဲ့ - Torenia - Southern Shan Fundraising Team က ကြေညာပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၈

တားရော့ဗေဒင်မေးမြန်းပြီး ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေကို ရန်ပုံငွေထောက်ပံ့နိုင်မယ့် “တားရော့မေးရင်းလှူ တော်လှန်ရေးမှာကူ” အစီအစဉ်ကို စတင်လိုက်ပြီးလို့ တိုးနယား ရှမ်းတောင်ရန်ပုံငွေရှာဖွေရေးအဖွဲ့ – Torenia – Southern Shan Fundraising Team က ကြေညာပါတယ်။

တားရော့‌ဟောပြောရာမှာ နာမည်ကောင်းရထားပြီး မေးမြန်းသူတွေရဲ့ ချီးမွမ်းမှုရထားတဲ့ ဆရာမတစ်ယောက်က ဟောပြောပေးမှာဖြစ်ပြီး မေးခွန်း ၃ခုအတွက် အလှူငွေ ၅၀၀၀ ကျပ် ပြန်လှူဒါန်းရမှာဖြစ်တယ်လို့ တိုးနယားအဖွဲ့က ကြေညာထားပါတယ်။

တားရော့ဟောပြောရာကနေ ရရှိလာတဲ့ အလှူငွေတွေကို ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU)ကို ထောက်ပံ့ပေးမှဖြစ်တာကြောင့် တားရော့ချစ်သူတွေအနေနဲ့ တခြားမှာမေးတာထက် တော်လှန်ရေးရဲမေဆရာမဆီမှာ လာမေးစေ့ချင်တယ်လို့ SSLRU ရဲ့ တာဝန်ခံက မဲခေါင်သတင်းကို ပြောပါတယ်။

“တားရော့ချစ်သူတွေကို အပြင်မှာမေးမြန်းတာထက် တော်လှန်ရေးရဲမေဆရာမဆီမှာ လာမေးမြန်းရင်း တော်လှန်ရေးအတွက် တထောင့်တနေရာကနေ ပါဝင်အားဖြည့်ကြဖို့ ကူကြပါလို့ တိုင်းရင်းသားပြည်သူလူထုတွေကို မေတ္တာရပ်ခံပါတယ်လို့ ပြောကြားချင်ပါတယ်ခင်ဗျ” လို့ သူက ပြောပါတယ်။

ဒီအစီအစဉ်မှာ တားရော့မေးမြန်းလိုသူတွေအနေနဲ့ https://www.facebook.com/profile.php?id=100087595232000 မှာ သွားရောက်မေးမြန်နိုင်တယ်လို့ သိရပါတယ်။

SSLUR ကို ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ Force 36 Ranger၊ Joe Phyu Guerrilla Force၊ Ye-Ngan Urban Guerrillas၊ Urban Task Force Aung Ban – UTF နဲ့ RED ANTS guerilla force တို့ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

MK – 004

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။