မြန်မာ့နွေဦး

ရှမ်းတောင်ရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ ကိုဂါရဝပြု သွားတွေ့

မဲခေါင် 7 Mar - 2023
မဲခေါင်၊ မတ် ၇ ရှမ်းပြည်နယ် တောင်ပိုင်းကို ရောက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းလောင်လှိုင် ဟာ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်/အသွင်ပြောင်း ပြည်သူ့စစ် (PNO/PNA) ခေါင်းဆောင် ဦးအောင်ခမ်းထီနဲ့ ဒီကနေ့ တွေ့ခဲ့တယ်လို့ မဲခေါင်သတင်းက စုံစမ်းသိရပါတယ်။

မဲခေါင်၊ မတ် ၇

ရှမ်းပြည်နယ် တောင်ပိုင်းကို ရောက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ဟာ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်/အသွင်ပြောင်း ပြည်သူ့စစ် (PNO/PNA) ခေါင်းဆောင် ဦးအောင်ခမ်းထီနဲ့ ဒီကနေ့ တွေ့ခဲ့တယ်လို့ မဲခေါင်သတင်းက စုံစမ်းသိရပါတယ်။

ရှမ်းတောင်ဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်နေချိန် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကျောက်တလုံးကြီးမြို့ရှိ ဦးအောင်ခမ်းထီ ရဲ့ နေအိမ်မှာ စစ်ခေါင်းဆောင်က သွားရောက် ဂါရဝပြု တွေ့ဆုံခဲ့တာပါ။

တောင်ကြီးမြို့ကနေ ကျောက်တလုံးကြီး သွားရာ လမ်းတစ်လျှောက် လမ်းကြိုလမ်းကြားပါ မကျန် စစ်တပ်က လုံခြုံရေးချထားပြီး မိတ္ထီလာဘက်က ရဟတ်ယာဉ် ၂ စီး တောင်ကြီးဘက်ကို မနေ့က လာတယ်လို့လည်း မျက်မြင်တွေ့ရသူတွေက ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ တောင်ကြီးမြို့ ရွှေဘုန်းပွင့်ဘုရားကို မနေ့ညနေက သွားခဲ့ပြီး Jasmine ဟိုတယ်မှာ တည်းခိုရာမှာ စစ်တပ် လုံခြုံရေး အပြည့်ချထားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ တောင်ကြီးမြို့ ရောက်ရှိစဉ် မြို့အဝင်ရှိ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဧည့်ဂေဟာမှာ တည်းခိုလေ့ ရှိပေမယ့် မင်းအောင်လှိုင် ကတော့ ဟိုတယ်မှာ တည်းခို ခဲ့ပါတယ်။

ဒီခရီးစဉ် အတွင်း စစ်ခေါင်းဆောင်နဲ့ PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ ဘာတွေ ဆွေးနွေးလဲဆိုတာ စစ်ကောင်စီဘက်က မထုတ်ပြန်ထားသလို မဲခေါင်သတင်း အနေနဲ့ စုံစမ်းနေဆဲ ဖြစ်ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း မင်းအောင်လှိုင် ဟာ ဦးအောင်ခမ်းထီး ကို နေအိမ်မှာဂါရဝပြု တွေ့ဆုံခဲ့ပါသေးတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။