မြန်မာ့နွေဦး

ရှမ်းတောင်မှာ အစေးခြစ်ပြီးသား ဘိန်းခင်းတွေ ဟန်ပြဖျက်ဆီးဖို့ စစ်ကောင်စီ ပြင်ဆင်

မဲခေါင် 28 Dec - 2022
ရှမ်းပြည်နယ်တောင်ပိုင်း‌မှာ အာဏာသိမ်း စစ်ကောင်စီက အစေးခြစ်ယူပြီးသား ဘိန်းခင်းတွေကို ဟန်ပြ ဖျက်ဆီးဖို့ စတင်ပြင်ဆင်နေတယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က လွိုင်လင်၊ ပင်လုံ၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း မောက်မယ်၊ ကွန်ဟိန်း စတဲ့ ဒေသတွေမှာ စိုက်ပျိုးထားတဲ့ အစေးခြစ်ယူပြီးသား ဘိန်းခင်းတွေကို ဟန်ပြဖျက်ဆီးပြဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

အစေးခြစ်ပြီးသား အခင်းတွေနဲ့ အထွက်မကောင်းတဲ့ ဘိန်းခင်း နည်းနည်းပါမှာပေါ့။ နှစ်တိုင်း ရှင်းနေကြပါ။ ဒီနှစ်တော့ နည်းနည်းနောက်ကျနေတာပေါ့။ ဟန်ပြဖျက်ပြီး ဓာတ်ပုံမှတ်တမ်း‌ယူ၊ အထက်ကို တင်ပြပေါ့။ ဘာကောင်းလဲဆိုတော့ ဘိန်းစိုက်တောင်သူတွေ ခြံရှင်းခ သက်သာတာပေါ့ 

လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီဒေသတွေက ဘိန်းခင်း ဧက ၃,၀၀၀ ခန့်ကို ဟန်ပြ ဖျက်ဆီးရေးလုပ်ဖို့ စီစဉ်နေတာဖြစ်ပြီး ဘိန်းစိုက်ခင်းတွေ ဖျက်ဆီးတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်သည်တွေကို ဆန်၊ ဆီ၊ ငါးခြောက်၊ ကြက်ဥ၊ ကုလားပဲ၊ ငြုတ်သီး၊ ခရမ်းချဉ်သီးတွေ ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်အတွင်း အစေးခြစ်ပြီးသား ဘိန်းစိုက်ခင်းတွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က နှစ်စဉ် ဟန်ပြ ဖျက်ဆီးနေတာဖြစ်ပြီး ၂၀၂၁ ခုနှစ် အတွင်း ရှမ်းပြည်နယ် တဝန်းလုံးမှာ ဘိန်းစိုက်ခင်း ဧက ၅,၀၀၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်
မြန်မာ့နွေဦး

နိုဘယ်ငြိမ်းချမ်းရေးဆု တင်သွင်းစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့
မြန်မာ့နွေဦး

ရွှေပြည်အေးမြို့ကို PDF တပ်ပေါင်စု စီးနင်းသိမ်းပိုက်ထား

မဲခေါင်၊ ဖေဖော်ဝါရီ ၂ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ-နအဖ ခေတ်က ဗိုလ်ချုပ်သာအေး တည်ထောင်ခဲ့တဲ့ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ဒေသခံ ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားပြီ ဖြစ်တယ်လို့ ခန္တီးခရိုင် အမှတ် (၁) တပ်ရင်း၊ ဟုမ္မလင်းက