မြန်မာ့နွေဦး

ရှမ်းတောင်က ဖမ်းဆီးခံ PDF နဲ့ UG တွေ အနည်းဆုံး ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံရ

မဲခေါင် 28 Dec - 2022
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မြေအောက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အခု ဒီဇင်ဘာလ၊ နောက်ဆုံးပါတ်အတွင်းမှာ အနည်းဆုံးထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံလိုက်ရတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

စစ်ကောင်စီက PDF နဲ့ UG‌ တွေလို့ စွပ်စွဲဖမ်းဆီးထားသူ ၁၅ ဦးကျော်ကို တောင်လေးလုံးထောင်တွင်းတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အနည်းဆုံးထောင်ဒဏ်နှစ် ၂၀ ကျော် ကနေ ၃၀ ကျော်အထိ ချမှတ်လိုက်တယ်လို့ ရှမ်းတောင် တော်လှန်ရေးအင်အားစု ဦးဆောင်သူတစ်ဦးက ဆိုပါတယ်။

တောင်ကြီးနဲ့ ရှမ်းတောင်က ဒီနှစ်ထဲမှာ ပါသွားတဲ့ PDF နဲ့ UG တွေကို ဖက်ဆစ်စစ်တပ်ရဲ့အလိုကျ မတရားရုံးတွေက အနည်းဆုံး နှစ်နှစ်ဆယ်လောက်ချလိုက်တယ်။ ကြားထဲမှာ မဆိုင်တဲ့ ပြည်သူတွေလည်း အနည်းဆုံး ၅ နှစ်ချခံရတယ်လို့ သိရပါတယ်။ အသေးစိတ်ကို စုံစမ်းနေတုန်းပါ

လို့ သူကပြောပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းဒေသက ဖယ်ခုံ၊ မိုးဗြဲ၊ တောင်ကြီး၊ ရွာငံ၊ ပင်းတယ၊ ညောင်ရွှေ၊ ‌အောင်ပန်း စတဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလစတင်ပြီး တော်လှန်ရေးလှုပ်ရှားမှု‌တွေအားကောင်းခဲ့ပေမယ့် အခုနှစ်၊ ဇူလိုင်လကစတင်ပြီး ဖယ်ခုံ၊ မိုး‌ဗြဲ ဒေသကလွဲလို့ ကျန်ဒေသတွေမှာ တော်လှန်ရေးလှုပ်ရှားမှု မရှိသလောက် နည်းပါးခဲ့ပါတယ်။

အဲဒီလို တော်လှန်ရေးလှုပ်ရှားမှု အားကောင်းခဲ့တဲ့ ကာလအတွင်း စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့နဲ့ သတင်းပေး ဒလန်တွေ သုတ်သင်ရှင်းလင်းတာ၊ ပစ်ခတ်တိုက်ခိုက်တာ၊ ဗုံးခွဲတိုက်ခိုက်တာတွေရှိခဲ့သလို PDF နဲ့ UG တပ်ဖွဲ့ဝင် အများအပြားလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အခု ဒီဇင်ဘာလ ၁၃ ရက်ကလည်း အောင်ပန်းမြို့၊ ရိုးမဘဏ်လမ်းဆုံမှာ ရွာငံမြို့ပြပျောက်ကြားတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးသလို ဘယ်စစ်ကြောရေးစခန်းကို ရောက်ရှိနေသလဲဆိုတာ မသိရသေးဘူးလို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်ဖို့ NUG မှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၇ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG
မြန်မာ့နွေဦး

ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်မှာ ကျင်းပ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမှာ ဖေဖော်ဝါရီ ၇
မြန်မာ့နွေဦး

အာဏာသိမ်းကာလ စစ်ရေးပဋိပက္ခများအတွင်း ကရင်နီနှင့် ရှမ်းတောင်တွင် စစ်ဘေးရှောင် ၁၂၈ ဦး အပါအဝင် အရပ်သား ၄၀၀ ကျော် သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၄ စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်တဲ့ ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရှောင် ၁၂၈ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့နွေဦး

ယူကေ နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တရားဝင်တွေ့ဆုံ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မနေ့ ညနေ ၃ နာရီခွဲက လန်ဒန်မြို့ UK
မြန်မာ့နွေဦး

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ယူကေနိုင်ငံ Labor Party လွှတ်တော်အမတ် Rushanara Ali တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ယူကေနိုင်ငံ Labor Party မှ လွှတ်တော်အမတ် Rushanara Ali တို့ မနေ့က
မြန်မာ့နွေဦး

TNLA က ဂျာယန်ပြည်သူ့စစ်စခန်းကို စီးနင်းပြီး အဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေအပါအဝင် တအာင်း ၁၂၇ ဦးကို ကယ်ထုတ်

မဲခေါင်၊ ဇန်နဝါရီ ၇ TNLA တပ်ဖွဲ့ အင်အား ၅၀၀ ဟာ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး အဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေ အပါအဝင် တအာင်း-ရူစိင် ၁၂၇ ဦးကို ကယ်ထုတ်ခဲ့တယ်လို့ မနေ့က
မြန်မာ့နွေဦး

လမိုင်းမြို့နယ်ခွဲမှာ ဖမ်းမိတဲ့ ခမရ (၅၄၅) မှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း

မဲခေါင်၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ်၊‌ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲမှာ ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိတဲ့ ခမရ (၅၄၅) တပ်ရင်းမှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ YGF-
မြန်မာ့နွေဦး

စစ်အာဏာရှင် အမြတ်ပြတ်ဖို့ တစ်ဖွဲ့တည်း ဦးဆောင်နေလို့မရဘူးလို့ KIO ဥက္ကဋ္ဌ သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၆ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် တစ်ဖွဲ့တည်းက ဦးဆောင်နေလို့ မရဘူးလို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က သတိပေးလိုက်ပါတယ်။