မြန်မာ့နွေဦး

ရွှေရှားပါးလို့ မဟုတ်ဘဲ ဈေးကစားသူတွေကြောင့် ရွှေဈေးတက်လာတာလို့ ရွှေအသင်း စွပ်စွဲ

မဲခေါင် 20 Jan - 2023
မဲခေါင်၊ ဇန်နဝါရီလ ၂၀ ရွှေစျေးကွက်မှာ ရွှေရှားပါးလို့ ဈေးတက်တာမဟုတ်ဘဲ​ ဈေးကစားသူတချို့ရဲ့ ရွှေဈေးဆွဲတင်မှုကြောင့် စံချိန်တင်မြင့်တက်နေရတာလို့ ရွှေအသင်းဥက္ကဌ ဦးမျိူးမြင့် က စွပ်စွဲ ပြောဆိုထားပါတယ်။

မဲခေါင်၊ ဇန်နဝါရီလ ၂၀

ရွှေစျေးကွက်မှာ ရွှေရှားပါးလို့ ဈေးတက်တာမဟုတ်ဘဲ​ ဈေးကစားသူတချို့ရဲ့ ရွှေဈေးဆွဲတင်မှုကြောင့် စံချိန်တင်မြင့်တက်နေရတာလို့ ရွှေအသင်းဥက္ကဌ ဦးမျိူးမြင့် က စွပ်စွဲ ပြောဆိုထားပါတယ်။

ရွှေအသင်းဟာ စစ်ကောင်စီအလိုကျ ရွှေစျေးကွက်ကို စီမံနေတာဖြစ်ပြီး ရွှေလောကသားတွေကြားမှာ ဝေဖန်မှုတွေလည်း ရှိနေတာပါ။

“ ဈေးကွက်မှာ ရွှေရှားလို့​ ဈေးတက်နေတာမဟုတ်ဘူး၊ ပြည်နယ်နဲ့တိုင်းတွေက နေ့စဥ်ပိဿာချိန် ၅၀ လောက် အဝင်ရှိတယ်။ ကောလဟာလနဲ့ ဈေးဆွဲတင်တဲ့သူတွေရှိနေလို့ ဈေးတွေတက်နေတာလည်း ပါတယ်။ ဈေးတက်နေပေမယ့် အရောင်းအဝယ်က မရှိပါဘူး။ ဈေးတွေမြင့်နေတဲ့အတွက် ဘယ်သူကမှလည်း ဝယ်ပြီး သိမ်းမထားနိုင်ဘူးလို့” ဦးမျိုးမြင့်က ပြောပါတယ်။

လက်တွေ့မှာ ကမ္ဘာရွှေဈေး ၁ အောင်စ ကို ၁၉၀၀ ကျော် အထိမြင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်နေတာဖြစ်ပြီး ဒီကနေ့ ပြင်ပရွှေဈေးဟာ အခေါက်ရွှေတစ်ကျပ်သား ကို ၂၈ သိန်းကျော် အထိ စံချိန်မြင့်တက်နေတာဖြစ်ပါတယ်။

“ ရွေဈေးတက်ရတဲ့ အဓိကအကြောင်းအရင်းက ကမ္ဘာ့ရွှေဈေးတက်လို့ တက်တာပါ။ ဒီနေ့ဆို စံချိန်တင်ပဲ ၂၈ သိန်းကျော် ဖြစ်သွားပြီ၊ ထပ်တက်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ အသင်းကလူတွေက ဝိနည်းလွတ်ပြောရတော့ သူတို့အန္တရာယ်ကင်းအောင် ဈေးနှုန်းနဲ့ ဈေးကွက်အခြေနေကို ဘောင်လွတ်အောင် ပြောကြတာ။ တကယ်က ကောလဟာလကြောင့် ရွှေဈေးကိုဆွဲတင်လို့ မရပါဘူး” လို့ ရန်ကုန်မြို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ရွှေဆိုင်တွေကို သတ်မှတ်နှုန်းထားအတိုင်းသာ ရောင်းချခိုင်းတာဖြစ်တဲ့အတွက် ရွှေဈေးကွက်မှာ ပြင်ပပေါက်ဈေးအတိုင်း နားလည်မှုနဲ့ရောင်းချနေရပြီး မှောင်ခိုစျေးကွက်က ပိုမိုကြီးထွားလာနေပြီလို့လည်း ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရွှေဈေးနှုန်း သိန်း ၃၀ နီးပါးစျေးမြင့်တက်လာတဲ့အတွက် လုပ်ငန်းရှင်တွေအပေါ် စစ်ကောင်စီက ထပ်မံ တင်းကြပ်မှာကိုလည်း စိုးရိမ်မှုရှိတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီက ရွှေဆိုင်တွေကို သတ်မှတ်နှုန်းထားနဲ့သာ အရောင်း​အဝယ်ပြုလုပ်စေတာ၊ ရွှေအသင်းက ပြုလုပ်တဲ့ငွေကြေးခဝါချမှု တိုက်ဖျက်ရေးသင်တန်းတက်ရောက်မှသာ ရွှေဆိုင်လိုင်စင်ထုတ်ပေးတာနဲ့ သက်တမ်းတိုးတာကိုလုပ်ဆောင်စေတဲ့အပြင် ပြင်ပရွှေဈေးကွက်မှာ အရောင်းအဝယ်လုပ်သူတွေကို ငွေအသွင်းအထုတ်အပေါ် အခြေခံပြီး ခေါ်ယူစစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ