မြန်မာ့နွေဦး

ရွှေကုက္ကိုလ် တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ဝန်းကျင် ထိုင်းဘက် ထွက်ပြေးတိမ်းရှောင်

မဲခေါင် 6 Apr - 2023
မဲခေါင်၊ ဧပြီ ၆ ကရင်ပြည်နယ်၊ မြဝတီမြို့ မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ ၆,၀၀၀ ဝန်းကျင် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ကူး တိမ်းရှောင်ခဲ့ရတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေထံက သိရပါတယ်။

မဲခေါင်၊ ဧပြီ ၆

ကရင်ပြည်နယ်၊ မြဝတီမြို့ မြောက်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူ ၆,၀၀၀ ဝန်းကျင် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ကူး တိမ်းရှောင်ခဲ့ရတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေထံက သိရပါတယ်။

မနေ့ ဧပြီ ၅ ရက်၊ မနက်ပိုင်းမှာ ရွှေကုက္ကိုလ်မြို့သစ် မြောက်ဘက် ၆ မိုင် အကွာမှာ ရှိတဲ့ ထီးကော်ထော ကျေးရွာ အနီး နယ်ခြားစောင့တပ် BGF၊ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားတာကြောင့် ဒေသခံတွေ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်က ဝှေးကလုတ် (ခွေးကလုတ်)၊ ဝမ်ဖာ ကျေးရွာတွေဘက် ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

“ကျောက်ဖျာဘက်က သူငယ်ချင်းတွေကတော့ ကြောက်နေရတယ်လို့ ပြောတယ်။ တချို့ကတော့ ထိုင်းဘက်ကို ပြေးကြတယ် ပြောတယ်။ ဖေ့စ်ဘုတ်မှာ ပို့စ်တင်ကြတာ တွေ့တယ်။ နေ့လယ်ဘက်က လေယာဉ်လာတဲ့ အသံတော့ ကြားတယ်။ မြဝတီမြို့ထဲမှာတော့ အေးဆေးသွားလာနေကြတယ်” လို့ မြဝတီ ဒေသခံ အမျိုးသမီး တစ်ဦးက ဒီကနေ့ အခြေအနေကို ပြောပါတယ်။

ကျေးရွာအနီး ထွက်ပေါ်နေတဲ့ လက်နက်သံတွေကြောင့် ထီးကော်ထောရွာနားက ထီးချားရား၊ ကော့ကော်၊ ကျောက်ဖျာ ကျေးရွာက ပြည်သူတွေ ထိတ်လန့်နေပြီး ထိုင်းဘက်ကို ထွက်ပြေးနေကြတယ်လို့‌ ဒေသခံတွေက ဆိုပါတယ်။

ထိုင်းဘက်ခြမ်း တိမ်းရှောင်လာတဲ့ ပြည်သူတွေကို ထိုင်းအာဏာပိုင်တွေနဲ့ ထိုင်းဒေသခံတွေက သောင်ရင်းမြစ်နဲ့ နီးစပ်ရာ နွားမွေးမြူရေးခြံနဲ့ ရာဘာခြံဝင်းတွေမှာ နေရာချထားပေးနေကာ စစ်ဘေးရှောင်တွေကတော့ ဆက်ပြီး တိုးလာနေဆဲလို့ သိရပါတယ်။

သောင်ရင်းမြစ်ကမ်း တလျှောက်က စစ်ဘေးရှောင်တွေ အတွက် အရေးပေါ် အစားအစာ၊ ရေ၊ အဝတ်အထည်၊ စောင်၊ အခင်း နဲ့ အခြား လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေထံက သိရပါတယ်။

လက်ရှိ ရွှေကုက္ကိုလ်မြို့သစ် အနီးတဝိုက်မှာ လက်နက်ကြီးသံတွေ ထွက်ပေါ်လျက်ရှိပြီး မြို့သစ် အဝင်အထွက် ဂိတ်တွေကို နယ်ခြားစောင့် BGF တပ်တွေ ပိတ်ထားကာ ဘယ်သူ့ကိုမှ အဝင်အထွက် ပေးမလုပ်ဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

ဒီတိုက်ပွဲတွေမှာ ဗိုလ်မှူးကြီးစောချစ်သူ ရဲ့ BGF အရာရှိ တစ်ဦး အပါအဝင် နှစ်ဖက် ထိခိုက် ကျဆုံးမှုတွေ ရှိနေတယ်လို့ သိရပြီး မဲခေါင်သတင်း အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ရွှေကုက္ကိုလ်မြို့သစ် အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှု မရှိတာ ဆယ်စုနှစ် ၂ ခုနီးပါး ကြာခဲ့ပြီးနောက် အခု ပြန်လည် ဖြစ်ပွားတာလို့ BGF အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးထံက သိရပါတယ်။

MK-009
#MeKongNews
#ရွှေကုက္ကိုလ်မြို့သစ်
#စစ်ဘေးရှောင်
#သောင်ရင်းမြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ