မြန်မာ့နွေဦး

ရွေးကောက်ပွဲမှာ ဝိုင်းဝန်းကြဖို့ တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့ကို ဦးခင်ရီ စည်းရုံး

မဲခေါင် 16 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၆ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက တောင်ကြီးမြို့မှာ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ ၈ ဖွဲ့နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ အတွက် စည်းရုံးခဲ့ရာမှာ ပအိုဝ်းနဲ့ ရှမ်းအဖွဲ့တွေ ဦးဆောင် တက်ရောက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၆

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက တောင်ကြီးမြို့မှာ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ ၈ ဖွဲ့နဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲ အတွက် စည်းရုံးခဲ့ရာမှာ ပအိုဝ်းနဲ့ ရှမ်းအဖွဲ့တွေ ဦးဆောင် တက်ရောက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ကြံ့ခိုင်ရေးတီရုံး ခန်းမမှာ ဇန်နဝါရီလ ၁၅ ရက်က ဦးခင်ရီ၊ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နဲ့ ပြည်နယ် အလုပ်အမှုဆောင်တွေဟာ ပအိုဝ်း၊ ရှမ်း၊ ကိုးကန့်၊ အင်း၊ တောင်ရိုး၊ ပလောင်၊ ယင်းကြား၊ မုန်းဝန်း စတဲ့ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့ ၈ ဖွဲ့နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

“ မဲဆွယ်စည်းရုံးဖို့ လာတာပေါ့။ ဓနုကတော့ ဒီတစ်ခေါက်မှာ ထူးထူးဆန်းဆန်းမတက်ဘူး။ ပအိုဝ်းနဲ့ ရှမ်းက ဦးဆောင်ပြီး ကျန်အဖွဲ့‌တွေကို လာတက်ခိုင်းတာပေါ့။ တချို့အဖွဲ့တွေက တက်ချင်လို့ မဟုတ်ဘူး၊ အခြေအနေက ဖော်လိုလိုက်နေရလို့ လာတက်တာပေါ့” လို့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ ဦးခင်ရီက တစ်နိုင်ငံတည်း တစ်မြေတည်းနေ တစ်ရေတည်း သောက်ကြတဲ့ တိုင်းရင်းသားတွေ ဖြစ်တဲ့အတွက် မလိုသူတို့ရဲ့ သွေးထိုးမှုတွေကို နားမယောင်ကြဖို့နဲ့ အချင်းချင်း သွေးစည်းညီညွတ်ကြဖို့၊ လာမယ့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ အတွက် စည်းလုံးညီညွတ်စွာနဲ့ ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ ‌ပြောခဲ့တယ်လို့ သိရပါတယ်။

အခုလ အတွင်းမှာ ရှမ်းပြည်နယ် အတွင်း ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် ‌ဦးဆောင်ပြီး ကြံ့ခိုင်ရေးပါတီ အားကောင်းတဲ့ မြို့နယ်တွေနဲ့ လုံခြုံရေး ကောင်းတဲ့ မြို့နယ်တွေကို သွားရောက် တွေ့ဆုံ ဆွေးနွေး မဲဆွယ်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

MK-008

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ်
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်
မြန်မာ့နွေဦး

နိုဘယ်ငြိမ်းချမ်းရေးဆု တင်သွင်းစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့