မြန်မာ့နွေဦး


ရွေးကောက်ပွဲပြင်နေတဲ့စစ်ကောင်စီ NLD ဝန်ကြီးတချို့ ပြန်လွှတ်ပေးနေ

မဲခေါင် 29 Dec - 2022
ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ NLD ပါတီဦးဆောင်တဲ့ အစိုးရလက်ထက်က အစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့ကို ဒီရက်ပိုင်းမှာ ပြန်လွှတ်ပေးနေပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့က ဝန်ကြီးချုပ် ဦးလှမိုးအောင် အပါအဝင် ဝန်ကြီးတချို့ကို ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ကာစစ်ကောင်စီက ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ပါတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“ ၂၅ ရက်နေ့က ဒေါက်တာစိုးဝင်း၊ ဂါ့မိုးမြတ်မြတ်သူနဲ့ ဦးစန်းထွေး လွတ်တယ်။ မနေ့က ဦးအောင်ကျော်ခိုင် လွတ်တယ် ကြားတယ်။ ဒီနေ့ ဦးလှမိုးအောင် ပြန်လွှတ်တယ်လို့ကြားပါတယ်”  လို့ ဧရာဝတီတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့အထဲမှာတော့ ဝန်ကြီးချုပ်အပါဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအားလုံးနီးပါး ပါဝင်ပေမယ့် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး တစ်ဦးကိုတော့ စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်တွေကို စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ဖမ်းဆီးထားပေမဲ့ ပုဒ်မတစ်စုံတစ်ရာတပ်ပြီး တရားစွဲ ဆိုတာတော့မရှိပါဘူး။

ဒေါက်တာ လှမြတ်သွေးကိုတော့ CDM တွေနဲ့ ပတ်သက်ပြီး စာထုတ်တဲ့အတွက် ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။

ဒါ့အပြင် သမီးဖြစ်သူ အဖမ်းခံရပြီးနောက် သူကိုယ်တိုင် စစ်ကောင်စီထံ ဒီဇင်ဘာ၈ရက်က သွားရောက်အဖမ်းခံခဲ့တဲ့ ပဲခူးတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးဟာကိုလည်း စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပါတယ်။

သူ့ရဲ့ သမီးဖြစ်သူဟာ ပြည်ပထွက်ခွာဖို့ ဗီဇာလျှောက်တဲ့အချိန်မှာ အဖမ်းခံခဲ့ရတာပါ။

ဦးထွန်းထွန်းဦး ကိုယ်တိုင်လာရောက်အဖမ်းခံတာကြောင့် စစ်ကောင်စီက ၅၀၅-က နဲ့ သူ့ကို တရားစွဲဆိုထားတာကို ပယ်ဖျက်ပေးပြီး ခံဝန်ကတိထိုးခိုင်းကာ ဒီဇင်ဘာ ၂၆ ရက်မှာ ပေါင်းတည်က သူ့ရဲ့ နေအိမ်သို့ ပြန်ရောက်နေပြီလို့လည်း သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က ၂၀၂၃ အထွေထွေရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပြီး ပြည်နယ်နဲ့တိုင်းအချို့မှာ လူဦးရေစာရင်းကောက်ယူနေတာတွေ ပြုလုပ်နေပါတယ်။

ဒါဟာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုတဲ့ ပုံစံမျိုးဖြစ်နေပြီး အခုလို မတရားဖမ်းဆီးထားတဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ လွှတ်ပေးနေတာကလည်း ရွေးကောက်ပွဲအတွက် သွေးတိုးစမ်းနေတာဖြစ်နိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ပါတယ်။

တစ်ဘက်မှာလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ချက်လည်း ချထားပါတယ်။

ဒီဖိအားတွေကြောင့် ပြန်လွှတ်ပေးနေတာလို့ သုံးသပ်ကြသလို စစ်ကောင်စီနဲ့ အပေးအယူပြုလုပ်ထားသလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီကတော့ ရွေးကောက်ပွဲအတွက် သူတို့လုပ်ဆောင်လို့ရမယ် ထင်တဲ့တိုင်းတွေမှာ လွတ်ပေးပြီး သွေးတိုးစမ်းတဲ့သဘောတော့ ထင်ပါတယ်။ ကျန်တာကတော့ လွတ်လာတဲ့သူတွေ ပြင်ပနိုင်ငံရေးအခြေနေတွေကို ဘယ်လောက်သိထားလဲ၊ သိခွင့်ရထားခဲ့သလဲပေါ့။ အဲအပေါ်မှာ သူတို့ပြန်လည် စဥ်းစားပြီးမှ ဆောင်ရွက်ကြနိုင်မယ် ထင်ပါတယ်

 လို့ ဧရာဝတီတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်မောင်ကိုတော့ ရွေးကောက်ပွဲ ဥပဒေတွေကိုဖောက်ဖျက်တယ်၊ ဘာသာရေးကိုအကြောင်းပြ ဟောပြောတယ်လို့စွပ်စွဲပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ – က ၂ မှုနဲ့တရားစွဲဆိုပြီး တစ်မှုကိုပယ်ဖျက်ကာ ဒီဇင်ဘာ ၂၃ ရက်က ထောင်ဒဏ် တစ်နှစ် ထပ်တိုးအမိန့်ချမှတ်ထားပါတယ်။

သူ့ကို မူလက ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ် ၁၁နှစ်အမိန့်ချမှတ်ခံထားရသူဖြစ်တာကြောင့် လက်ရှိမှာ ထောင်ဒဏ်စုစုပေါင်း ၁၂ နှစ်ရှိသွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို ကျိုက်မရော အကျဥ်းထောင်ကနေ ဒိုက်ဦးထောင်ကို ပို့လိုက်တယ်ဆိုတဲ့ သတင်းကိုလည်း ခိုင်မာတဲ့ သတင်းရင်းမြစ်ထံကနေ ကြားသိထားရပါတယ်။

တစ်ဘက်မှာ NLD ပါတီက အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို ပြန်လွှတ်ပေးနေသလို တစ်ဖက်မှာလည်း အမှုတွေထပ်စွဲဆိုပြီး ပြစ်ဒဏ်တွေချမှတ်နေတာတွေ လုပ်နေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။