မြန်မာ့နွေဦး

ရွေဘိုမြို့ပေါ် မြန်မာ့စီးပွားရေးဘဏ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင် 12 Nov - 2022
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုကို ဒီက‌နေ့ နေ့လယ်ပိုင်းက ရှစ်ပေအကွာထိ အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သားတစ်ယောက် သေဆုံးပြီး သုံးယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ M.T Black Dragon People Defence Force အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ယနေ့ နိုဝင်ဘာ ၁၂ ရက် နေ့လည် ၁၁ နာရီခွဲမှာ ရွှေဘိုမြို့ ချမ်းသာကြီးဘုရား တောင်ဘက်၊ မြဝတီဘဏ်အနီး စီးပွားရေးဘဏ်ရှေ့မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုကို သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) ၊ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့နဲ့ M.T Black Dragon People Defence Force တို့ ပူးပေါင်းပြီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုကို ဒီက‌နေ့ နေ့လယ်ပိုင်းက ရှစ်ပေအကွာထိ အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သားတစ်ယောက် သေဆုံးပြီး သုံးယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ M.T Black Dragon People Defence Force အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ယနေ့ နိုဝင်ဘာ ၁၂ ရက် နေ့လည် ၁၁ နာရီခွဲမှာ ရွှေဘိုမြို့ ချမ်းသာကြီးဘုရား တောင်ဘက်၊ မြဝတီဘဏ်အနီး စီးပွားရေးဘဏ်ရှေ့မှာ အစောင့်ကျနေတဲ့ စစ်အုပ်စုကို သပိတ်ကျင်းမြို့နယ် (ပ.က.ဖ) ၊ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့နဲ့ M.T Black Dragon People Defence Force တို့ ပူးပေါင်းပြီး အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“စီးပွားရေးဘဏ်အရှေ့တွင် တောင်ဘက်၊ မြောက်ဘက် ဆောက်ထားသော ဘန်ကာ နှစ်ခု ရှိသည့်အနက် တောင်ဘက် ဘန်ကာတွင်ရှိသော ခွေးတစ်ကောင်အား ရှစ်ပေခန့်အကွာထိ သွားရောက်ကာ အသင့်ပါလာသည့် အတိုနှင့် ငါးချက်တိတိ ပစ်ခတ် ရှင်းလင်းခဲ့သည့်အတွက် ဦးခေါင်းပွင့်ထွက်ကာ ဦးထုတ်များပါကျွတ်လျက် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ မြောက်ဘက်ဘန်ကာမှ သေနတ်မောင်းတင်ကာ ထွက်လာသော စခ ရှိသည့် နေရာအားလည်း မင်းဂွတ်သီးတစ်လုံး ပစ်ထည့်ပေးလိုက်ပါသည်။ ပေါက်ကွဲမှု့ကြောင့် ထိခိုက်ဒဏ်ရာရသူ သုံးဦး ထက်မနည်း ရှိနိုင်ပါသည်” လို့ M.T Black Dragon People Defence Force ရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုကို တိုက်ခိုက်ပြီးနောက် အဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။