မြန်မာ့နွေဦး

ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ကုန်းကျေးရွာဒေသခံတွေ စားနပ်ရိက္ခာနဲ့ဆေးဝါး အရေးပေါ်လိုအပ်နေ

မဲခေါင် 3 Mar - 2023
မဲခေါင်၊ မတ် ၃ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကုန်းကျေးရွာ ဒေသခံတွေ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ယင်းမာပင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

မဲခေါင်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကုန်းကျေးရွာ ဒေသခံတွေ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ ယင်းမာပင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ကုန်းကျေးရွာက ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၆၃၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ၃ ဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

“မလောင်တဲ့ အိမ်တွေကတော့ နေလို့ရတာပေါ့ဗျာ။ မီးရှို့ခံရတဲ့ အိမ်တွေကတော့ နေစရာလည်း မရှိဘူး။ စားစရာ သောက်စရာတွေကလည်း မရှိဘူး။ အဓိက ကတော့ သူတို့မှာ ဆားတွေ၊ ဆန်တွေ၊ ပဲတွေကအစ မရှိတော့ဘူး ပေါ့ဗျာ” လို့ ယင်းမာပင်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက မဲခေါင်သတင်းကို ပြောပြပါတယ်။

ကုန်းကျေးရွာမှာ အိမ်ခြေ ၇၀၀ ကျော်နဲ့ လူဦးရေ ၂,၅၀၀ ဝန်းကျင် နေထိုင်ပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့တဲ့ စစ်တပ်ဟာ ယင်းမာပင်မြို့နယ်ထဲကို ပြန်လည်ဝင်ရောက်ပြီးနောက် ဒီနေ့ မနက်ပိုင်းမှာတော့ ပြန်လှည့်ရွာနဲ့ မြောက်နုံးရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ယင်းမာပင် အခြေစိုက် မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကတော့ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့ ပြောင်းပြရွာ၊ မြို့ပေါ်ရွာ၊ စားတော်ပြင်ရွာ၊ လက်လှုပ်ရွာ၊ ရုံးလေးပင်ရွာ၊ ရေအောက်ရွာ၊ ကုန်းရွာ၊ ဇီးတောတောင်ရွာ၊ ဇီးတောမြောက်ရွာ၊ နုံးကြီးရွာ၊ ပေါက်ပန်းဖြူရွာ စတဲ့ရွာက ဒေသခံတွေ တိမ်းရှောင်ကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်ကစပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့ထိ တစ်နိုင်ငံလုံးမှာ အိမ်ခြေ ၅၅,၄၈၄ လုံး မီးရှို့ဖျက်ဆီး ခံထားရပြီး စစ်ကိုင်းတိုင်းထဲက အိမ်ခြေ ၄၃,၂၉၂ လုံး ပါဝင်တယ်လို့ Data For Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက