မြန်မာ့နွေဦး

ရွာငံမြို့အနီးက စစ်ဘေးရှောင် ပြည်သူတွေ စားနပ်ရိက္ခာထောက်ပံ့မှုမရတာ ၆ လကျော်ထိရှိနေ

မဲခေါင် 11 Feb - 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ထဲရှိ ကျေးရွာ ၆ ရွာကနေ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေက စားနပ်ရိက္ခာပိုင်း ထောက်ပံ့မှုမရတာ ၆ လကျော်ထိရှိနေပြီလို့ စစ်ဘေးရှောင်ပြည်သူက ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့ထဲရှိ ကျေးရွာ ၆ ရွာကနေ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေက စားနပ်ရိက္ခာပိုင်း ထောက်ပံ့မှုမရတာ ၆ လကျော်ထိရှိနေပြီလို့ စစ်ဘေးရှောင်ပြည်သူက ဖေဖော်ဝါရီလ ၈ ရက်နေ့က ပြောပါတယ်။

တောတွင်းထဲက စစ်ရှောင်စခန်းမှာ ၂၀၂၂ ခုနှစ် ၆ လပိုင်းကစပြီး ၂ နှစ်ကျော်ကြာ နေထိုင်နေကာ အိမ်ခြေ ၂၆ အိမ်ရှိပြီး ပြည်သူ ၄၃ ယောက်ထဲမှာ ကလေးငယ်နဲ့ သက်ကြီးရွယ်အို အယောက် ၂၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။

“ အဓိက ကတော့ ဆေးပစ္စည်း နဲ့ ရိက္ခာပေါ့။ အထောက်ပံ့မရတာ ၆ လကျော်နေပြီ။ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ အလုပ်လုပ်နိုင်သူတချို့ကတော့ အပြင်ထွက်အလုပ်လုပ်နေပါတယ်။ “ လို့ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။

နွားဘန်းကြီးကျေးရွာ၊ သဲဖို့ကျေးရွာ၊ တောင်ဦးဘုရား၊ မျက်ခါးအင်းကျေးရွာ နဲ့ နေအိမ်ချိတ်ပိတ်ခံရသူ၊ နေအိမ်မီးရှို့ခံရသူတွေ စုဝေးကာ လုံခြုံမယ်ထင်ရတဲ့နေရာတခုမှာ နေထိုင်နေကြပြီး ဆေးဝါးနဲ့ ရိက္ခာပိုင်းတွေမှာ ပိုမိုခက်ခဲနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က နေအိမ်တွေမီးရှီု့ဖျက်ဆီးတာ၊ မဟုတ်မမှန်တဲ့ ဖမ်းဝရမ်းထုတ်တာတွေကြောင့် ကျေးရွာတွေထဲ ပြန်လည်နေထိုင်ဖို့ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

CJ004

#MeKongNews

#ရွာငံ

#စစ်ဘေးရှောင်

#ရိက္ခာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့ တစ်လပြည့် တိုက်ပွဲတွေအတွင်း အရပ်သား ၄၀ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅၁ ဦးရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တိုက်ပွဲကာလအတွင်း အရပ်သား သေဆုံးမှု ၄၀ ဦးရှိနေပြီး ဒဏ်ရာရသူ ၅၁ ဦးရှိခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး(Pa-o Youth Organization)
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံးတိုက်ပွဲ စစ်ကောင်စီ ဗိုလ်မှူးအဆင့်ရှိသူ ၂ ဦးအပါ အလောင်း ၁၆ လောင်းသိမ်းမိတယ်လို့ PNLA ထုတ်ပြန်

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရဲ့အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေ ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့ပြီး စစ်ကေင်စီဘက်က ဗိုလ်မှူးအဆင့် ၂ ဦးအပါ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်က ဒရုန်းတပ်ဖွဲ့နှစ်ခုအတွက် “ Cherry Land “ ဒရုန်းကမ်ပိန်း ပြုလုပ်

ကရင်နီပြည်ခေတ္တအခြေစိုက်၊ ရှမ်းပြည်တောင်ပိုင်းက ဒရုန်းတပ်ဖွဲ့နှစ်ခုဖြစ်တဲ့ Danu Drone Force နဲ့ Special Operation Drone Force တပ်ဖွဲ့တို့က မြေပြင်မှာ အရေးပါပြီး လိုအပ်နေတဲ့ ဒရုန်းကမ်ပိန်းကို ဖေဖော်ဝါရီလ ၁၉ ရက်ကစပြီး တလ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်ဖမ်းတာခံရတဲ့ တာချီလိတ်အွန်လိုင်းလောင်းကစားလုပ်ငန်း တလ ဘတ်သိန်းနဲ့ချီပြီး ရဲကို လိုင်းကြေးပေးထားရ

တာချီလိတ်မြို့က လူပေါင်း ၇၀၀ နီးပါးဖမ်းဆီးခံရတဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းဖမ်းဆီးခံရမှုမှာ လောင်းကစားရုံတာဝန်ခံတွေက တာချီလိတ်မြို့နယ်နဲ့ ခရိုင်က ရဲတွေကို တလဘတ်သိန်းနဲ့ချီပြီး လိုင်ကြေးပေးထားရတယ်လို့ လောင်းကစားရုံတာဝန်ခံနဲ့ နီးစပ်သူတွေက မဲခေါင်ကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မိုင်းရှူးမှာ SSPP က ရှမ်းတိုင်းရင်းသားတွေကို အိမ်ထဲအထိ ဝင်ဖမ်း

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့အတွင်း SSPP က မနေ့ညပိုင်းမှာ ရှမ်းတိုင်းရင်းသား အမျိုးသားတွေကို အိမ်ထဲထိဝင် ဖမ်းဆီးပြီး ထွက်ပြေးတဲ့သူတွေကို သေနတ်နဲ့ပစ်ခေတ်တယ်လို့ မိုင်းရှူးဒေသခံတစ်ဦးက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့တိုက်ပွဲကြား ပိတ်မိနေသူ ၈ ဦးကို ကယ်ထုတ်

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ အကြောင်းကြောင်းကြောင့် ပိတ်မိနေခဲ့တဲ့ ဆီဆိုင်မြို့ သီရိရပ်ကွက်က ပြည်သူ ၂၀ ဦးအနက် ဒုတိယအသုတ်အဖြစ် ပြည်သူ ၈ ဦးကို ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ခေါ်ထုတ်နိုင်ခဲ့တယ်လို့ လူမှုကူညီသူတစ်ဦးက မဲခေါင်ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြို့လှမြို့က စစ်ကောင်စီစွန့်သွားတဲ့ ဗျူဟာစခန်းကုန်းကို KIA နဲ့ PDF တို့ ပြန်ထိန်းချုပ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့လှမြို့အတွင်းက စစ်ကောင်စီရဲ့ ဗျူဟာစခန်းကုန်းတစ်ခုကို ကချင်အမျိုးသားလွတ်လွပ်ရေးတပ်မတော် (KIA) နဲ့ KPDF တို့က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထမ်စမ်းရွှေတိဂုံစေတီတော်ပုံတူ တည်ထားတဲ့ သာသနာ့မြေကနေ စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ထမ်ဆမ်းဂူအနီးမှာ တည်ထားတဲ့ ရွှေတိဂုံစေတီတော်(ပုံတူ) သာသနာ့မြေကနေ စစ်ကောင်စီအမြောက်တပ်ဟာ ပတ်၀န်းကျင်ရွာတွေကို ပစ်ခတ်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now