မြန်မာ့နွေဦး

ရဲ ၃ ယောက် ပစ်သတ်ခံရတဲ့ သာကေတက ဈေးသည်တွေ ခရီးမသွားဖို့ စစ်ကောင်စီ ခြိမ်းခြောက်တားမြစ်

မဲခေါင် 22 Mar - 2023
မဲခေါင်၊ မတ် ၂၂ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ မိတ္တူဆိုင်မှာ မတ်လ ၁၇ ရက်နေ့က ရဲ ၃ ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် အဆိုပါလမ်း အတွင်းက ဈေးသည်တွေ ခရီးမထွက်ဖို့ စစ်ကောင်စီက ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၂၂

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ မိတ္တူဆိုင်မှာ မတ်လ ၁၇ ရက်နေ့က ရဲ ၃ ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် အဆိုပါလမ်း အတွင်းက ဈေးသည်တွေ ခရီးမထွက်ဖို့ စစ်ကောင်စီက ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

စစ်ကောင်စီဟာ ရဲ ၃ ဦး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိလို့ အရင်ထက် လုံခြုံရေးတွေ တင်းကြပ် စစ်ဆေးနေကာ အဲဒီ ပတ်ဝန်းကျင်က ဈေးသည်တွေ မဖြစ်မနေ ခရီးသွားရမယ်ဆိုရင် ရဲစခန်း လာရောက် အကြောင်းကြားဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။

“ ဈေးရောင်းတဲ့သူတွေ အားလုံးကို မျက်မြင်သက်သေအဖြစ် ထားထားတယ်။ ဒီအတွက် ခေါ်စစ်တဲ့အခါ အချိန်မရွေး ရှိဖို့လိုတယ်။ ဈေးသည်တွေ ခရီးသွားမယ်ဆို သူတို့ ရဲစခန်းကို လာပြောဖို့ ပြောထားတယ်။ ပစ်သတ်ခံရပြီးတော့ ဈေးဆိုင်တွေက CCTV တောင်းတယ်၊ လိုက်မေးတာတွေ ရှိတယ်။ ဈေးသည်တွေက မသိဘူး ဖြေကြတော့ ပြန်ပြီးညစ်တဲ့ သဘောပါ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါပေမယ့်လည်း မတ်လ ၁၉ ရက်နေ့၊ ညက သာကေတ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ အအေးဆိုင်ပိုင်ရှင်နဲ့ အမျိုးသား တစ်ဦးကို ပျူစောထီး တင်လင်းထိုက် (ခေါ်) လင်းလင်း ရဲ့ တပည့်တွေ ပစ်သတ်ခဲ့ပေမယ့် စစ်ဆေး မေးမြန်းတာတွေ မရှိဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ အအေးဆိုင်ပိုင်ရှင် ကိုညိုကြီးနဲ့ သင်္ဘောသား ကိုဝေဖြိုးအောင် အသတ်ခံရတာကိုကြတော့ မစစ်ဘူး။ သူတို့ထဲက ခွေး ၃ ကောင် သေတော့ ဓာတ်ပုံတင်တဲ့ သူတွေတောင် အကုန်လျှောက်ဖမ်းတယ်။ ခုထိ မလွတ်သေးတဲ့ သူတွေ ရှိသေးတယ်။ ဘာမှ လုပ်တဲ့သူတွေ မဟုတ်ဘူး။ ပျူစောထီးနဲ့ မဘသ တွေနဲ့ မတည့်ရင် အမှုဆင်ပြီး ဖမ်းနေတာ။ ခုလည်း ညတိုင်း မူးရူးပြီး သူတို့ မကျေနပ်တဲ့ အိမ်တွေကို ဝင်ပြီး စစ်နေတာတွေ ရှိတယ်” လို့ သူကပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း သာကေတမြို့နယ် တစ်နေရာမှာ ပစ်ခတ်သံတွေ ကြားရပြီးနောက် ရဲကားတွေ ဗေလုဝကွေ့နဲ့ သာကေတ အဝိုင်း (၁၀) ဈေး၊ သာကေတ ကျောက်တိုင် ရွှေပုဇွန် ရှေ့တွေမှာ အစစ်အဆေးကြမ်း နေတယ်လို့ သိရပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ