မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင် 23 Mar - 2023
မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄ ဦး သေတယ်ဆိုတဲ့ သတင်းဟာ မှားယွင်းနေတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

မဲခေါင်၊ မတ် ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄ ဦး သေတယ်ဆိုတဲ့ သတင်းဟာ မှားယွင်းနေတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ကို လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄ ဦးသေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့က ထုတ်ပြန်ခဲ့ပေမဲ့ အဲဒီလိုဖြစ်စဉ် မုံရွာမှာ မဖြစ်ခဲ့ဘူးလို့ ယုံကြည်စိတ်ချရတဲ့ ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

“ရဲမှူးချုပ် မိုင်းထိပြီး သေတယ်ဆိုတဲ့ ဖြစ်စဉ် မုံရွာမှာ မဖြစ်ခဲ့ပါဘူး။ ပေါက်ကွဲမှု တစ်ချို့တော့ ရှိပါတယ်’’ လို့ သူက ဆိုပါတယ်။

နောက်ထပ် မုံရွာမြို့ခံတစ်ဦးကလည်း မီဒီယာ တစ်ခုမှာ ဖော်ပြထားတဲ့ ဒီသတင်းနဲ့ ပတ်သက်ပြီး လိုက်လံ စုံစမ်းပေမဲ့ ဒေသခံတွေ မသိကြဘူးလို့ မဲခေါင်သတင်းကို ပြောပါတယ်။

“တပ်နား ပတ်ဝန်းကျင်တော့ ပြောသံ မကြားမိဘူး ညီလေးရ။ အကိုတို့ ရွာက တပ်နဲ့ နီးတယ်။ အကို့ အသိတစ်ယောက် ဆိုရင် အရင်က ဒီလို သတင်းတွေ သိပ်ပြောတာ။ အခု သူလည်း မသိဘူးလို့ ပြောတယ်။ အကိုလည်း မကြားကို မကြားမိတာ’’ လို့ သူကဆိုပါတယ်။

အခုရက်ပိုင်း မုံရွာတပ်တွင်းနဲ့ ရဲအသိုင်းအဝိုင်းမှာလည်း ထူးထူးခြားခြား ဘာမှ မကြားရဘူးလို့ နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ချို့က ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်နေလို့ မုံရွာမြို့မှာ စစ်ဆေးရေးတွေ တင်းကြပ်နေပြီး မုံရွာ-အရာတော် လမ်းပိုင်းနဲ့ ကျောက္က-ဗောဓိတစ်ထောင် လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူတွေ သတိထား သွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

MK-007
#MeKongNews
#မုံရွာ
#မင်းအောင်လှိုင်
#ရဲမှူးချုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီအမြောက်တပ်က ကျေးရွာအတွင်း လက်နက်ကြီးအထိုင်ချ ရမ်းသမ်းပစ်ခတ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ကျုးမုံ့ရွာနဲ့ဟွေးတက်ရွာ ဘုန်းကြီးကျောင်းတွေမှာ လက်နက်ကြီးအထိုင်ချပြီး မဲနယ်တောင်ဘက်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်နေတယ်လို့
မြန်မာ့နွေဦး အာစီယံဒေသတွင်း

မြန်မာနိုင်ငံသားတွေ တရားမဝင်နည်းလမ်းနဲ့ ဝင်လာရင် အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ်ဆို

ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက တရားဝင် လာရောက်မယ့် မြန်မာတွေကို ကြိုဆိုမှာဖြစ်ပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေ ကိုတော့ ဥပဒေအရ အရေးယူသွားရမှာပဲလို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်နေတဲ့ ဆီဆိုင်မြို့မှာ တိုက်ပွဲရှောင် မိသားစုလိုက် ဒဏ်ရာတွေနဲ့ ပိတ်မိနေ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေကြောင့် ခြံအတွင်းပုန်းခိုနေတဲ့ ၁၀ ဦးပါ မိသားတစ်စုအနက် ၅ ဦးဒဏ်ရာရနေပြီး ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အာဆီယံနိုင်ငံတွေထဲမှာ “စစ်ကောင်စီတပ် အယုတ်မာဆုံး” လို့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ ပြော

စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေဟာ အာဆီယံနိုင်ငံတွေအတွင်း “အယုတ်မာဆုံး ဖက်ဆက်စစ်တပ်” လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ အပြင်းအထန်ဝေဖန် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PPDF-KD က တပ်သားသစ်တွေ ခေါ်ယူနေ

ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ခမ်းဒေါမ်) PPDF-KD က တပ်နယ် (၁) သုဝဏ္ဏဘူမိသထုံဒေသနဲ့ တပ်နယ် (၂) ဘားအံဒေသ တို့အတွက် တပ်ဖွဲ့ဝင်အသစ်များကို စတင်လက်ခံခေါ်ယူနေပြီလို့ ထုတ်ပြန် ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အမျိုးသားလွတ်မြောက်ရေးတပ်တော် စစ်အခြေခံသင်တန်းဆင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ရဲ့ စစ်သင်တန်းဆင်းပွဲကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းရှူးမြို့ အဝင်အထွက်တွေကို SSPP ပိတ်ဆို့ထား၊ လိုင်းကားတွေ လူတင်ပြီး မြို့ပြင်ထွက်ခွင့် မရ

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မြို့အဝင်အထွက်တွေကို ပိတ်ဆို့ထားပြီး လိုင်းကားမောင်းတဲ့သူတွေဟာလည်း လူတင်ခွင့်မရဘူးလို့ မိုင်းရှူးမြို့ခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ရင် နေအိမ်ဥစ္စာတွေ သိမ်းဆည်းမယ်လို့ RCSS ထုတ်ပြန်

ရှမ်းပြည်အတွင်း နေထိုင်တဲ့ဒေသခံပြည်သူ မည်သူမဆို နိုင်ငံခြားကို မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်ဥစ္စာတွေကိုသိမ်းဆည်းသွားမယ်လို့ ရှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ RCSS က ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now