မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင် 28 May - 2023
မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။

မဲခေါင်၊ မေ ၂၈

ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။

အင်းလေး PDF စတင်တည်ထောင်ကတည်း ၀တ်လာတဲ့ ယူနီဖောင်းဟာ လက်ရှိမှာတော့ အပေါက်အပြဲတွေ၊ ဖာချုပ်ချုပ်ထားတဲ့ အရာတွေနဲ့ ပြည့်နေပြီလို့ အင်းလေး PDF ပြန်ကြားရေး တာ၀န်ရှိသူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

“အင်းလေး PDF စတင်တည်ထောင်တော့ ရဲဘော်တွေကို ယူနီဖောင်း တစ်ယောက်တစ်စုံပေးထားတယ်။ မိုးရွာရွာ၊ နေပူပူ ဒီတစ်ထည်ပဲ ရှိတာ။ အခုလည်း ပင်လောင်းနဲ့ ဖယ်ခုံတိုက်ပွဲတွေ မှာ တိုက်ခိုက်ရင်း ရှိတဲ့ ယူနီဖောင်းတစ်ထည်လည်း ထိမိခိုက်မိ စုတ်ပြဲနေပြီ။ ပြီးတော့ တိုက်ပွဲအတွင်းဆို‌တော့ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာကိုပဲ အဓိကထားလုပ်ပေးဖြစ်နေတော့ အခု ရဲဘော်တွေကို ယူနီဖောင်း အသစ်လေးတွေ လုပ်ပေးချင်တယ်။ ပြည်သူတွေ ကူညီပေးကြဖို့ မေတ္တာရပ်လိုပါတယ်ရှင်”လို့ သူကပြောပါတယ်။

ရှေ့တန်းကပြန်လာတိုင်း ပြဲစုတ်သွားတဲ့ ယူနီဖောင်းတွေကို နောက်တန်းပြန်ရောက်တိုင်း ဖာထေး၀တ်ဆင်နေပေမဲ့ လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။

တပ်စတင်တည်ထောင်ကတည်းက ၀တ်ဆင်လာတဲ့ စစ်ယူနီဖောင်းတွေက ၂ နှစ်ခန့်ရှိလာပြီဖြစ်လို့ ရဲဘော်တွေကို ယူနီဖောင်းအသစ် ပေးနိုင်ဖို့ ပြည်သူတွေကူညီပေးကြဖို့ အင်းလေး PDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မေတ္တာရပ်ခံထားပါတယ်။

အင်းလေး PDF အနေနဲ့ ရှမ်း-ကရင်နီနယ်စပ်တိုက်ပွဲတွေမှာ ပါ၀င်တိုက်ခိုက်နေပေမဲ့ သတင်းမထုတ်ပြန်တာ လုံခြုံ‌ရေးနဲ့ ခြေရာကောက်လိုက်လာမှာ စိုးရိမ်လို့ မထုတ်ပြန်တာဖြစ်တယ်လို့ မနေ့က ပြည်သူတွေကို အသိပေးထားပါတယ်။

MK-007

#MeKongNews

#အင်းလေးpdf

#ယူနီဖောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို TNLA ချုံခိုတိုက်ခိုက်မှု တပ်ရင်းမှူး အပါအ၀င် စစ်သား ၉ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော်- TNLA က
မြန်မာ့နွေဦး

ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ပြန်လည်ကြုံတွေ့နေရ

ကရင်နီပြည်နယ် အတွင်း မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ဘေးရှောင်စခန်း အများစုမှာ ရေရှားပါးမှု ပြဿနာတွေ ပြန်လည် ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပင်လယ်ကွေ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရ ကျွေးမွေးတာ၊ စိတ်ဓာတ်မြှင့်တင်ရေးတွေနဲ့ ထောက်ပံ့ကြေး ပေးအပ်တာတွေကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖရူဆိုနဲ့ ဘောလခဲကြားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲကြား၊ နန်းဖဲကျေးရွာ တစ်၀ိုက်မှာ စစ်‌ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲမဖြစ်တဲ့ ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးကြဲချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွမ် ကျေးရွာအုပ်စု၊ ငေါ့ငါးရွာမှာ တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ကျည်ဆန်၀ယ်ယူဖို့ “ Who Got The Large Prize” ကမ်ပိန်း ပြုလုပ်

ရှမ်းပြည်တော်လှန်ရေး တပ်ပေါင်းစု-S.S.L.R.U ရဲ့ တပ်ခွဲ (၃) ဖြစ်တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့-JPRF က စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး "Who Got The Large Prize" ကမ်ပိန်း ပြုလုပ်နေတယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ Job For Kayah အဖွဲ့ တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဗထူးတပ်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံးတယ်လို့ DPLF ဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ DPLF က ဒီနေ့ စက်တင်ဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now