မြန်မာ့နွေဦး

ရေဦးမြို့နယ် လမ်းမပေါ်တွေမှာ စစ်ကောင်စီတပ် ထောင်ခဲ့တဲ့ နင်းမိုင်းတွေကို PDF တပ်ဖွဲ့ ရှင်းလင်း

မဲခေါင် 18 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၈ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် အတွင်းရှိ အများပြည်သူ သွားလာတဲ့ လမ်းတွေမှာ စစ်ကောင်စီတပ်က နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၄) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် အတွင်းရှိ အများပြည်သူ သွားလာတဲ့ လမ်းတွေမှာ စစ်ကောင်စီတပ်က နင်းမိုင်းတွေ ထောင်ထားခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၄) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ နင်းမိုင်းတွေကို ရဲဘော်တွေ မနေ့က ဖယ်ရှား ရှင်းလင်းခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၄) က ထုတ်ပြန်ပါတယ်။

ရေဦးမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းက ရွာမီးရှို့ပြီး အများပြည်သူ သွားလာတဲ့ နေရာတွေကို နင်းမိုင်းတွေ ထောင်ထားခဲ့တာကြောင့် ပြည်သူတွေ ဘေးကင်းဖို့အတွက် ရွှေဘိုခရိုင် တပ်ရင်း (၁၄) ရဲဘော်တွေက မိုင်းရှင်းလင်းရေး လုပ်ငန်း ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

“ တော်လှန်ရေးသမားများ အနေဖြင့်ရော၊ ပြည်သူများ အနေဖြင့်ရော၊ ခွေးစစ်ကြောင်းများ ထွက်သွားလျှင် ရမ်းပြီး မဝင်ကြပါနဲ့။ သတိထားကြပါခင်ဗျာ” လို့ ရွှေဘိုခရိုင် တပ်ရင်း (၁၄) က သတိပေးပါတယ်။

ရေဦးမြို့နယ် အနောက်ခြမ်းသို့ ဇန်နဝါရီ ၁၄ ရက်နေ့က ဝင်ရောက်ခဲ့တဲ့ စစ်ကြောင်းဟာ ကုန်းသာကျေးရွာ အရှေ့ မူးဘောင်တွေပေါ်မှာ မြေမြှုပ်မိုင်း‌တွေ ထောင်ထားခဲ့တာကြောင့် ဒေသခံပြည်သူ တစ်ဦး မိုင်းနင်းမိပြီး ခြေထောက် ဖြတ်လိုက်ရတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်း အတွင်း ကျေးရွာတွေမှာ စစ်ကြောင်းထိုး မီးရှို့ပြီးနောက်မှာ ရွာထဲသို့ ပြန်ဝင်ရာ လမ်းတစ်လျှောက်နဲ့ ကျေးရွာတွေထဲမှာ မြေမြှုပ်မိုင်းတွေ ထောင်ခဲ့လေ့ရှိပါတယ်။

နိုင်ငံတကာ မြေမြှုပ်မိုင်း စောင့်ကြည့်ရေး အဖွဲ့တွေရဲ့ လေ့လာ စောင့်ကြည့်မှုအရ စစ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း‌ကြောင့် ထိခိုက် သေဆုံးသူ ၅၀၀ ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။