မြန်မာ့နွေဦး

ရေဖြူမြို့နယ်မှာ ပျူခေါင်းဆောင်ဆိုသူ ပစ်ခတ်ခံရပြီးနောက် အမည်မသိ အလောင်း ၂ လောင်းရောက်လာ

မဲခေါင် 12 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၂ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပိတောက်ကုန်းရွာမှာ ပျူစောထီး ခေါင်းဆောင်ဆိုသူ သေနတ်နဲ့ အပစ်ခံရပြီးနောက် အမည်မသိ အမျိုးသား အလောင်း ၂ လောင်း ရောက်လာတယ်လို့ Dawei Information Center က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၂

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပိတောက်ကုန်းရွာမှာ ပျူစောထီး ခေါင်းဆောင်ဆိုသူ သေနတ်နဲ့ အပစ်ခံရပြီးနောက် အမည်မသိ အမျိုးသား အလောင်း ၂ လောင်း ရောက်လာတယ်လို့ Dawei Information Center က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၀ ရက်က ပိတောက်ကုန်းရွာမှ ပျူခေါင်းဆောင် ဆိုသူ ဦးကျော်ဝင်းကို ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-YPPDF ရဲဘော်တွေက သူ့ရဲ့ နေအိမ်မှာ ဝင်ရောက် ရှင်းလင်းစဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ဦးကျော်ဝင်း ကျည်ထိမှန်လို့ ဆေးရုံတင်လိုက်ရတယ်လို့ ဆိုပါတယ်။

ဦးကျော်ဝင်းဟာ လက်နက်ကိုင် ပျူခေါင်းဆောင် တစ်ဦးဖြစ်ကာ ရွာခံတွေကို ခြိမ်းခြောက်တာ၊ စစ်ကြေး တောင်းတာ၊ ရွာခံတွေကို ဖမ်းခိုင်းတာ၊ သတင်းပေးပို့တာနဲ့ ရွေးကောက်ပွဲ အတွက် ကူညီပေးနေတာတွေကြောင့် နေအိမ်ကို သွားရောက် ရှင်းလင်းခဲ့တာလို့ YPPDF က ဖော်ပြပါတယ်။

အဲဒီနေ့ ညမှာတော့ သဗြေဇွန်းရွာသွားတဲ့ လမ်းဘေးမှာ အမည်မသိ အမျိုးသား ၂ ဦး လက်နောက်ပြန်ကြိုး တုတ်ကာ မျက်နှာ အဝတ်စည်း သတ်ဖြတ်ခံထားရပြီး တစ်ဦးရဲ့ အောက်ပိုင်းမှာ သင်္ကန်းလို့ ယူဆရတဲ့အရာ ဝတ်ဆင်ထားတဲ့ အလောင်း ၂ လောင်းကို ကားတစ်စီးပေါ်မှ စွန့်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ အဲနားမှာ ညပိုင်း သေနတ်အသံတွေ ကြားရပြီး ကားတစ်စီး မောင်းပြေးသွားပါတယ်။ ထွက်မကြည့်ရဲလို့ မနက်မှ အခြေနေ လိုက်ရှိုးတာ အခုလို ဖြစ်ရပ်မျိုးနဲ့ သေဆုံးနေပါတယ်။ ဒီလူတွေကို ရွာဘက်မှာ မတွေ့ဖူးဘူး။ ပျူစောထီးတွေ လက်ချက်လဲ ဖြစ်နိုင်ပါတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်အထိ အဲဒီ အလောင်း ၂ လောင်းဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာနဲ့ ဘယ်သူက ရှင်းလင်းခဲ့လဲ ဆိုတာ မသိရသေးဘူးလို့ Dawei Information Center က ထုတ်ပြန်ထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့
မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေအလွဲအပို့ရှိတဲ့ အကောင့်တွေကို ဦးတည်ချက်ထားပိတ်ဆို့နေတယ်လို့ K Pay အသုံးပြုသူများထံကသိရပါတယ်။
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။