မြန်မာ့နွေဦး

ရေတာရှည်မှာ စစ်ကောင်စီတပ်နဲ့ PDF တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်‌တပ်အရာရှိ ၃ ဦး အပါအဝင် ၄၀ ကျော်သေဆုံး

မဲခေါင် 18 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၈ ရေတာရှည်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်‌တပ် အရာရှိ ၃ ဦး အပါအဝင် ၄၀ ဦးကျော် သေဆုံးတယ်လို့ Bago Region PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၈

ရေတာရှည်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်‌တပ် အရာရှိ ၃ ဦး အပါအဝင် ၄၀ ဦးကျော် သေဆုံးတယ်လို့ Bago Region PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုး ချီတက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၄) နဲ့ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားရာမှာ စစ်ကောင်စီဘက်မှ အရာရှိ ၃ ဦး အပါအဝင် ၄၀ ဦး‌ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့တာပါ။

ဇန်နဝါရီ ၁၆ ရက် ည ၆ နာရီမှာ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ နဂျပ်တောင်သို့ ချဉ်းကပ်လာရာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ ၂ ဦးထက်မနည်း သေဆုံးပြီး ၆ ဦး ဒဏ်ရာ ပြင်းထန်ကာ တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

မနေ့က မနက် ၅ နာရီခန့်မှာ ထပ်မံစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေကိုနဂျပ် အရှေ့မြောက်ဖက် ဝက်ပုပ်လမ်း အတက်မှာ တိုက်မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ပထမ အကြိမ် မိနစ် ၂၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မနက် ၁၀ နာရီ ဝန်းကျင်မှာ နဂျပ် အရှေ့မြောက်ဖက် ဝက်ပုပ်လမ်းမှာ ထပ်မံတပ်ဖြန့်ပြီးတက်လာတဲ့ အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲ မိနစ် ၃၀ ကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ နဂျပ်-ကွင်းချောင်းလမ်း ကျောက်ပုံကုန်းမှာ အင်အားထပ်ဖြည့်ပြီး ရှေ့တိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကိုက် ၅၀ စည်းအတွင်း တတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲ ၃ ကြိမ်အနက် ပထမ ၂ ကြိမ်ကို PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၄) တပ်စု (၂) (၃) တို့က တိုက်ခိုက်ခဲ့ပြီး တတိယအကြိမ် တိုက်ပွဲကို မဟာမိတ် တပ်ပေါင်းစုနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Bago Region PDF က ဆိုပါတယ်။

အဲဒီ တိုက်ပွဲတွေမှာ စစ်ကောင်စီ အရာရှိ ၃ ဦး အပါအဝင် ၄၀ ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ အများအပြား ရရှိကာ သေဆုံး ဒဏ်ရာရ သူတွေကို အခုအချိန်ထိ ကားတွေနဲ့ သယ်ထုတ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း အထူးဒေသ ခွဲ (၃) မှ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦး မြင့်မြတ်စွာ အသက်‌ ပေးလှူခဲ့ရပြီး တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိကာ တပ်ခွဲ (၄) တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ရန်သူ့ဘက်မှ ထိခိုက်သေဆုံးမှု များပြားစွာနဲ့ ထွက်ပြေးရာမှ ကျကျန်ခဲ့တဲ့ ကျောပိုးအိတ် ၂ လုံးကို စစ်ဆေးခဲ့ရာ အမြောက်တပ် ဘတ်တံဆိပ် ဖြစ်တာကို အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အဲဒီဒေသမှာ စစ်ဆိုင်ထားဆဲ အခြေအနေဖြစ်ပြီး ပြည်သူတွေ အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အဝေးဆုံး နေရာတွေမှာ နေထိုင်ကြဖို့ Bago Region PDF က အသိပေးထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။