ဒေသတွင်းသတင်း

ရပ်စောက်မြို့နယ်ထဲက ရွာတွေမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ ပြည်သူကို အနိုင်ကျင့် သောင်းကျန်းနေ

မဲခေါင် 21 Jul - 2023
မဲခေါင် ၊ ဇူလိုင် ၂၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စုထဲက ကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ပြည်သူလူထုကို ငွေတောင်းစားတာ လက်နက်နဲ့အနိုင်ကျင့်ဗိုလ်ကျပြီး ဖမ်းဆီး ရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက မဲခေါင် သတင်းဌာနကိုပြောပါတယ်။

မဲခေါင် ၊ ဇူလိုင် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စုထဲက ကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်တွေက ပြည်သူလူထုကို ငွေတောင်းစားတာ လက်နက်နဲ့အနိုင်ကျင့်ဗိုလ်ကျပြီး ဖမ်းဆီး ရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက မဲခေါင် သတင်းဌာနကိုပြောပါတယ်။

PNO ပြည်သူ့စစ်ဟာ ယမ်းတွင်းငါးကြောင် အုပ်စုထဲမှာရှိတဲ့ ပအိုဝ်းကျေးရွာတွေ ဓနုကျေးရွာတွေကို သောင်းကြမ်းနေတာဖြစ်ပြီး အဲ့ဒီလို သောင်းကြမ်းနိုင်ဖို့ PNO ပြည်သူ့စစ်က ရွာတွေထဲမှာ ၎င်းတို့ရဲ့ အမာခံ လူတွေကို မွေးထားပြီး လက်နက်တွေလည်း ပေးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

“PNO ပြည်သူ့စစ်လို့ပြောရတာက PNO အဖွဲ့ထဲကိုဝင်ထားတဲ့ ပအိုဝ်းမဟုတ်တဲ့သူတွေပါနေလို့ပါ။ တစ်ချို့ကျေးရွာတွေမှာ PNO အဖွဲ့ထဲဝင်ထားတဲ့သူတွေရှိပါတယ်။ သူတို့ကို ယူနီဖောင်းနဲ့ လက်နက်တပ်ဆင်ပေးထားတယ်။ အဲ့ဒီလက်နက်အားကိုးနဲ့ပဲ မထင်ရင် မထင်သလို ကျေးရွာတွေထဲကိုလိုက်ဝင်ပြီး လူငယ်တွေကိုဖမ်းဆီးရိုက်နှက်တာမျိုးတွေလုပ်တယ်။ အကြောင်းက ဖုန်းထဲမှာ နိူင်ငံရေးနဲ့ပတ်သက်တဲ့ ပုံတွေတွေ့လို့တဲ့။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဖုန်းထဲမှာ နိုင်ငံရေးပိုစ့်တွေ စစ်ကောင်စီတိုက်ပွဲမှာ သေဆုံးတဲ့ ပိုစ့်တွေကို တင်ထားတာ SHARE ထားတာတွေ့ရင် PNO ပြည်သူ့စစ်က ဖမ်းဆီးသွားပြီး အဖမ်းခံရတဲ့သူတွေကို ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ်လို့ အဲ့ဒီဒေသခံက ပြောပါတယ်။

“ပြီးတော့ လက်နက်တွေတွေ့လို့ပါဆိုပြီး ဖမ်းခေါ်သွားတာမျိုးလည်းရှိတယ်။ ပြီးခဲ့တဲ့ ၄ ရက်ကဆို လက်နက်တွေ့လို့ ဆိုပြီး ဖမ်းသွားတာ အဲ့အဖမ်းခံရတဲ့သူကလည်း သူတို့လူပဲ၊ သူတို့ပြောတဲ့ လက်နက်ကလည်း လေသေနတ်ကြီးကွာ” လို့ နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ အင်းအား ၃၀ ခန့်ရှိတဲ့ PNO ပြည်သူ့စစ်အဖွဲ့ဟာ ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စုထဲက ရွာတစ်ရွာကို ဝင်ရောက်ပြီး လမ်းမှာတွေ့တဲ့သူတိုင်းကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တဲ့အပြင် လူငယ်တွေကို ရိုက်နှက်တာ တစ်ချို့ကို ဖမ်းခေါ်သွားတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ဒီခေတ်ပျက်ကို အခွင့်ကောင်းယူပြီး PNO ပြည်သူ့စစ်တွေက လက်နက်အားကိုးနဲ့ ထင်တိုင်းကြဲ အနိူင့်ကျင့် ဗိုလ်ကျနေတာကတော့ အတော်ရုပ်ဆိုးအကျည်းတန်တယ်ဗျ၊ ဒါဟာ အာဏာရှင်စနစ်အောက်က ပြည်တွင်းစစ်ဖြစ်နေတဲ့ ခေတ်ပျက်ကြီးထဲမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့ဗျာ” ရပ်စောက်မြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။

PNO ပြည်သူ့စစ်ရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကြောင့် ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စုထဲက ကျေးရွာတွေမှာ လူငယ်အများစုက ထိုင်း ၊ မလေးရှားစတဲ့ ပြည်ပနိုင်ငံကို ထွက်ပြေးကုန်ကြီး ရွာတွေထဲမှာ သက်ကြီးပိုင်းတွေသာ အများဆုံးရှိတယ်လို့ ရပ်စောက်မြို့နယ်မှ ဓနုလူမျိုးတစ်ဦးကပြောပါတယ်။

PNO ပြည်သူ့စစ်တွေဟာ ဓနုကျေးရွာတွေကိုပါ အနိုင်ကျင့် ဗိုလ်ကျနိုင်ဖို့အတွက် ပအိုဝ်းမဟုတ်တဲ့ ရွာခံတွေကို ယူနီဖောင်းနဲ့ လက်နက်တွေ တပ်ပေးပြီး ကျေးရွာကို အနိုင်ကျင့်ခွင့်ပြုထားတာကြောင့်ဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။

“ဒီနားတစ်ဝှိုက်က ကျေးရွာတွေမှာ PNO အဖွဲ့ဝင် ပြည်သူ့စစ်တွေများလာတယ်။ ဒီနယ်တစ်ဝှိုက်မှာ သူတို့ကိုကြောက်နေရတယ်။ အာဏာရှင်လက်ပါးစေတွေပေါ့ဗျာ” လို့ သူကပြောပါတယ်။

ဒါ့အပြင် PNO ပြည်သူ့စစ်အဖွဲ့မှ စစ်ဗိုလ်တွေဟာ ရပ်စောက်မြို့နယ်ဘက်က ကျေးရွာတွေမှာ ကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်း ဝယ် ကြတာဖြစ်ပြီး တစ်ခါတစ်လေ အချင်းချင်း မတည့်ကြတာလည်းရှိတယ်လို့ အဲ့ဒီဒေသခံက ဆက်ပြောပါတယ်။

ဦးအောင်ခမ်းထီ ဦးဆောင်တဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာ တော်လှန်ရေးဘက်တော်သားတွေကို ဖမ်းဆီးတာတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့အဖွဲ့ဖြစ်ပါတယ်။

CJ 002

#MeKongNews

#ရပ်စောက်မြို့နယ်

#PNO ပြည်သူ့စစ်အဖွဲ့

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုး ရပ်ကွက် ‌၅ က ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့က စီးနင်းသိမ်းပိုက်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး ရပ်ကွက် ‌၅ က ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မှာ ဆန်ဈေး မြင့်တက်ပြီး ရှားပါးနေတာကြောင့် ဆန်အလှူရှင်တွေကို အားကိုးနေရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဆန်ဈေး အဆမတန် မြင့်တက်ပြီး ဆန်ပြတ်လပ်နေတာကြောင့် နေ့စဉ် ဆန်အခက်အခဲ ဖြစ်နေပြီး ဆန်အလှူရှင်တွေကို အားကိုးနေရတယ်လို့ မြို့ခံတွေက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီကို ချတဲ့ စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် ပြည်သူ ၇ ဦး အနည်းဆုံးသေဆုံးရာတွင် SNLD တွဲဖက်အတွင်းရေးမှူးပါဝင်

ရှမ်းမြောက်၊ သိန္နီမြို့ကို ချတဲ့ စစ်ကောင်စီရဲ့ဗုံးဒဏ်ကြောင့် ပြည်သူ ၇ ဦး အနည်းဆုံးသေဆုံးရတဲ့ အထဲမှာ သိန္နီမြို့နယ် SNLD ရဲ့ စည်းရုံးရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူး ပါဝင်တယ်လို့ ကျားခေါင်းပါတီ(SNLD) ပါတီဝင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမြို့အဝင် စည်ပင် ‌နယ်နိမိတ်အထိ တိုက်ပွဲ ပြင်းထန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ‌MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဘက်က ၄ ရက်ကြာ စစ်ဆင်ရေး နား‌ပြီးနောက် ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက မြို့အဝင် စည်ပင် ‌နယ်နိမိတ်အထိ တိုက်ပွဲ ပြင်းထန်လာနေပြီဖြစ်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီး – တာချီလိတ်လမ်းတစ်လျှောက်မှာ တစ်လခွဲကျော်ကြာတဲ့အထိ ကားလမ်းပိတ်နေ

ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ကြီး-တာချီလိတ် လမ်းမကြီး တစ်လျှောက်က မိုင်းပျင်းတောင် လမ်းပိတ်မှုက ဇွန်လ ပထမပါတ်ကတည်းကနေ ယခု ဇူလိုင် လလယ်အထိ တစ်လခွဲကျော်ကြာ ခရီးလမ်းနှောင့်နှေး ကြန့်ကြာမှုတွေ ကြုံနေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်တိုင်းမှာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက “ဦးအောင်ဆန်းရေ.. အာဏာရှင်တစုကြောင့် လူထုမျက်ရည်ကျနေရပြီ”ဆိုတဲ့ ခေါင်းစဉ်နဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike)က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ နှစ်ဘက် စစ်ရှိန်မြင့်လာလို့ တိုက်ပွဲတွေပြင်းထန်နေ

ရှမ်းမြောက်၊ လားရှိုးမှာ စစ်ကောင်စီတပ်နဲ့ MNDAA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ယနေ့ဇူလိုင်လ ၁၉ ရက် မနက် ၂းဝ၅ နာရီအချိန်က စပြီး နှစ်ဖက် စစ်ရှိန်မြင့်လာလို့ တိုက်ပွဲတွေ ပြင်းထန်လာနေတာ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေး ၁၀၀၉ IPDF အပတ်စဉ်-၈ သင်တန်းဆင်း အရန်အင်အားလုံလောက်ပြီလို့ ဆို

ရှမ်းတောင်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ်-၁၀၀၉ IPDF တပ်ရင်းရဲ့ အပတ်စဉ်-၉ အခြေခံစစ်သင်တန်းဆင်းပွဲကို ညောင်ရွှေမြို့နယ် တစ်နေရာမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now