မြန်မာ့နွေဦး

ရန်ကုန် နည်းပညာတက္ကသိုလ် ကျောင်းသား ၇၀ ရာခိုင်နှုန်းကျော် စစ်ကောင်စီကို ဆန့်ကျင် CDM ပြုလုပ်ထား

မဲခေါင် 29 Dec - 2022
စစ်တပ်အာဏာသိမ်းပြီးနောက် ၂ နှစ်နီးပါး ကြာမြင့်တဲ့ အထိ ရန်ကုန် နည်းပညာတက္ကသိုလ်က ကျောင်းသား ၇၀ ရာခိုင်နှုန်းကျော်ဟာ စစ်ကောင်စီကို ဆန့်ကျင်ကာ ကျောင်းမတက်ဘဲ CDM ပြုလုပ်ထားဆဲ ဖြစ်တယ်လို့ တက္ကသိုလ်ကောင်စီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ရန်ကုန် နည်းပညာတက္ကသိုလ်က ဆရာ၊ ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း တွေဟာ ဆိုးရွားလှတဲ့ စစ်အာဏာရှင် စနစ်အောက်မှာ ဖြတ်သန်းနေရလို့ ဒီစနစ်ကို ကန့်ကွက် ဖီဆန်ခဲ့ကြပြီး CDM လှုပ်ရှားမှုကို ပြုလုပ်လာခဲ့တာဟာ ဒီနေ့ အချိန်ထိ ဖြစ်တယ်လို့ တက္ကသိုလ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ကြားကာလ ပညာရေး အနေနဲ့ ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒတွေနဲ့အညီ ဆောင်ရွက်နေပါတယ်။ တက္ကသိုလ် အနေနဲ့ ဆိုရင် နိုင်ငံတကာ တက္ကသိုလ်‌တချို့နဲ့ ပူးပေါင်းပြီး လေ့လာသင်ကြားရေး အစီအစဉ်တချို့ကို ပြီးခဲ့တဲ့ နှစ်မှာ လုပ်ဆောင်ထားပါတယ်။ အဲ့လို အစီအစဉ်တွေမှာ ပါဝင်တဲ့ သူတွေ ကတော့ ဆက်လက် ဆောင်ရွက်နေ ကြပါတယ်။ Formal Education အတွက်ကတော့ ကြိုးစားဆဲလို့ ပြောလို့ရပါတယ်။ အင်ဂျင်နီယာ ဘာသာရပ်တွေ ဖြစ်လို့ လက်တွေ့ခန်းဝင်ပြီး လုပ်ရတဲ့ အစိတ်အပိုင်းက များတော့ အကောင်အထည်ဖော်မှု အပိုင်းမှာ အများအပြား ထည့်စဉ်းစားရတာတွေ ရှိနေတယ်

လို့ တက္ကသိုလ်ကောင်စီ တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ ဘွဲ့ပေးသင်တန်းပေါင်း ၁၄ ခုရှိပြီး မဟာတန်းနဲ့ ပါရဂူတန်းတွေလည်းရှိကာ ဒီပလိုမာတန်းတွေလည်း ရှိပြီး B.E ၊ B.Arch ၊ M.E ၊ M.Arch ၊ Ph.D စတဲ့ ဘွဲတွေ ပေးအပ်တယ်လို့ သိရပါတယ်။

ခက်ခဲကောင်း ခက်ခဲပေမယ့် အခုဘဝအတွက်ရော သံသရာအတွက်ပါ လိပ်ပြာလုံတယ်။ အခုဆို ကြားကာလ ပညာသင်ကြားရေး ပေါ်ပေါက်လာပြီ။ ကျွန်မတို့ လူငယ်တွေ ပညာရေးကို ရှေ့ဆက် လျှောက်လှမ်းနိုင်တော့မယ်။ လမ်းပျောက်မသွားပါနဲ့။ ကိုယ့်ကျောင်းထဲ ကိုယ်ပြန်ရောက်နိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာပါ 

လို့ ကျောင်းသူ တဉီးက ပြောပါတယ်။

လက်ရှိ ရန်ကုန် နည်းပညာ တက္ကသိုလ် ကောင်စီ အနေနဲ့ စစ်ကောင်စီ လက်အောက်မှာ ကျောင်းပြန်တက်နေတဲ့ CDM ကျောင်းသားတွေရဲ့ Student CDM ID တွေကို ပြန်လည် ရုတ်သိမ်းပြီး အမည်ပျက် ကျောင်းသား စာရင်းမှာ ထည့်သွင်းနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။