မြန်မာ့နွေဦး

ရန်ကုန် စည်ပင်ဝန်ထမ်းအားလုံး သင်္ကြန်မှာ မဖြစ်မနေ ကဲရမယ်လို့ စစ်ကောင်စီ အမိန့်ထုတ်

မဲခေါင် 19 Mar - 2023
မဲခေါင်၊ မတ် ၁၉ ရန်ကုန်မှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ ပြည်သူရင်ပြင်မှာ လမ်းလျှောက်သင်္ကြန် ကျင်းပဖို့ စီစဉ်နေပြီး စည်ပင် ဝန်ထမ်းတွေ အနေနဲ့ မဖြစ်မနေ ပါဝင်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားတဲ့စာ ထွက်ထားတယ်လို့ စည်ပင်ဌာနမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်ထံက သိရပါတယ်။

မဲခေါင်၊ မတ် ၁၉

ရန်ကုန်မှာ သင်္ကြန်မဏ္ဍပ်တွေနဲ့ ပြည်သူရင်ပြင်မှာ လမ်းလျှောက်သင်္ကြန် ကျင်းပဖို့ စီစဉ်နေပြီး စည်ပင် ဝန်ထမ်းတွေ အနေနဲ့ မဖြစ်မနေ ပါဝင်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားတဲ့စာ ထွက်ထားတယ်လို့ စည်ပင်ဌာနမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်ထံက သိရပါတယ်။

ရန်ကုန် သင်္ကြန် စည်ကားဖို့ ရန်ကုန် အစိုးရ မဏ္ဍပ်၊ မြို့တော်ဝန် မဏ္ဍပ်၊ ဌာနဆိုင်ရာနဲ့ ခရိုင်အလိုက် မဏ္ဍပ်တွေ ဆောက်ဖို့ ပြင်ဆင်နေပြီ ဒီမဏ္ဍပ်တွေ လူစည်ကားဖို့ စည်ပင် ဝန်ထမ်းတွေ မဖြစ်မနေ ပါဝင်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားထားတာပါ။

“ ပြည်သူရင်ပြင်ထဲ လမ်းလျှောက်သင်္ကြန် လုပ်ဖို့ တစ်ဌာနကို ဘယ်နှစ်ယောက်ဆိုပြီး အင်အားဖြည့်ခိုင်းတဲ့ သဘော။ အရင်နှစ်တွေတုန်းက လိုပဲ။ လုပ်နေကြပဲလေ သူတို့က။ လုံခြုံရေးအရတော့ ဝန်ထမ်းတွေပဲ ဝင်ခိုင်းမယ့် သဘောရှိတယ်။ လူစည်ကားတယ် ဆိုတာ ပြချင်တဲ့ ပွဲတော်တော်များများကို အပြင်လူ မထည့်တာ များတယ်” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ရိုးရာ ပွဲတော်တွေ စည်ကားမှုရှိအောင် ကြိုးစားနေပေမယ့် ပြည်သူ အများစုက စစ်ကောင်စီ လုပ်တဲ့ သင်္ကြန် ဖျော်ဖြေရေးနဲ့ ပျော်ပွဲရွှင်ပွဲ အစီအစဉ်တွေမှာ ပူးပေါင်းပါဝင်မှု နည်းပါးနေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကတော့ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လိုသူတွေ အနေနဲ့ မတ်လကုန်ထိ လျှောက်ထားနိုင်တယ် ဆိုပြီးတော့ ကြေညာထားပါတယ်။

“ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ဖို့က အရင်လို အမြတ်ဆိုတာ မကျန်နိုင်တာ လူတိုင်း အသိပဲလေ။ ဆောက်လုပ်ရေး ပစ္စည်းဈေးတွေနဲ့ လူမဝင်ရင် ကန်ထရိုက်က ရှုံးမှာပဲ။ စီးပွားဖြစ် မဏ္ဍပ်ကတော့ မရှိသလောက်ကို နည်းမှာပါ” နှစ်ပေါင်းများစွာ အင်းယားလမ်းမှာ သင်္ကြန်မဏ္ဍပ် ဆောက်လုပ် စီးပွားရှာခဲ့သူ တစ်ဦးက ဆိုပါတယ်။

သင်္ကြန်ကာလ အတွင်း စစ်ကောင်စီ ပြုလုပ်မယ့် ပျော်ပွဲရွှင်ပွဲတွေမှာ ပူးပေါင်းပါဝင်မှု မလုပ်ကြဖို့ ရန်ကုန် မြို့ပြပြောက်ကျားတပ်ဖွဲ့တွေနဲ့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

စစ်တပ် အာဏာမသိမ်းမီ ကာလက ရန်ကုန်မြို့မှာ နှစ်စဉ် ပုဂ္ဂလိက ရေကစားမဏ္ဍပ် ၁၀၀ ကျော် ဆောက်လုပ် သင်္ကြန်ပွဲ ဆင်နွှဲလေ့ရှိခဲ့ပြီး ၂၀၂၀ ခုနှစ် ကိုဗစ် စတင် ဖြစ်ပွားကတည်းက စီးပွားဖြစ် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မှုတွေ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

MK-006

#MeKongNews

#ရန်ကုန်စည်ပင်

#သင်္ကြန်

#ပြည်သူ့ရင်ပြင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။