မြန်မာ့နွေဦး

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားတွေကို စစ်ကောင်စီက ထောင်ဒဏ် ၂၆ နှစ်ချမှတ်

မဲခေါင် 28 Dec - 2022
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကျောင်းသား ၅ ဦးနဲ့ လူငယ် တဦးတို့ကို အရှေ့ပိုင်း ခရိုင် တရားရုံးက ထောင်ဒဏ် ၄ နှစ်ကနေ ၂၆ နှစ်အထိ အသီးသီး ချမှတ်ခဲ့တယ်လို့ EYUSU က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက ဒီဇင်ဘာ ၂၆ ရက်မှာ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ မြေပြင် သပိတ်ကော်မတီ တာဝန်ခံ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ်၊ ကုန်ထုတ်ဓာတုဗေဒ) အပါအဝင် ကိုသီဟအောင် (အဝေးသင်ဥပဒေ၊ ဒုတိယနှစ်) ၊ ကိုဟိန်းထက်ဇော် (အဝေးသင် မြန်မာစာ၊ ဒုတိယနှစ်)နဲ့ ကိုဖြိုးကောင်းထိုက် တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀-က (ဈ)၊ ၅၁-ဂ၊ ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး ဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇-၃၄၊ ၃၃၂ -၃၃ တို့နဲ့ ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့တာလို့ EYUSU က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကိုအေးမင်းထိုက် (အဝေးသင်ဓာတုဗေဒ၊ တတိယနှစ်) ကို ပြည်သူပိုင် ပစ္စည်း ကာကွယ်ရေး ဥပဒေ ပုဒ်မ ၆-၁ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇-၃၄၊ ၃၃၂- ၃၃ တို့နဲ့ ထောင်ဒဏ် ၅ နှစ်၊ အမှုတွဲ ကိုကျော်ကျော်နိုင် ကို ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့တယ်လို့ EYUSU ကဆိုပါတယ်။

အဲဒီ ကျောင်းသားလူငယ်တွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀-ဈ/၅၄ နဲ့လည်း တရားစွဲဆိုထားပြီး လာမယ့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အပြီးသတ်အမိန့် ချမှတ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ မတရား ဖမ်းဆီး ခံထားရသူတွေထဲမှာ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်က ကျောင်းသား ၁၅ ဦးရှိရာ ၁၂ ဦးဟာ ထောင်ဒဏ်အသီးသီး မတရားချမှတ်ခံထားရတာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။