မြန်မာ့နွေဦး


ရန်ကုန်အပါအဝင် တနိုင်ငံလုံးက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေ ရုတ်တရက်ပိတ်လို့ ပြည်သူတွေ စိုးရိမ်မှုမြင့်တက်

မဲခေါင် 2 Jan - 2023
ရန်ကုန်မြို့ အပါအဝင် တနိုင်ငံလုံးက နိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးတွေ ပိတ်လိုက်တာကြောင့် အကြောင်း အမျိုးမျိုးနဲ့ ပြည်ပထွက်နိုင်ဖို့ နိုင်ငံကူး လက်မှတ် လုပ်နေသူတွေ သာမက နိုင်ငံရေး အခြေအနေတွေနဲ့ ဆက်စပ်ပြီး ပြင်ပ ကမ္ဘာနဲ့ အဆက်ဖြတ်ခံရမှာကို ပြည်သူတွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ သိရပါတယ်။

နိုင်ငံကူး လက်မှတ်ရုံးတွေမှာ System အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မှာဖြစ်လို့ ရုံးခေတ္တပိတ်ထားကြောင်း ကြေညာချက်တွေ ဆိုင်းဘုတ်ထောင် ကြေညာထားပြီး ရုံးကို မေးမြန်းရာမှာတော့ ပြန်ဖွင့်မယ့်ရက်ကို အတိအကျ မပြောဘဲ Website ကနေ ပြန်ကြေညာပေးမယ်လို့သာ ပြောကြောင်း သိရပါတယ်။

ရန်ကုန်မှာလည်း ပိတ်ထားတယ်။ ရန်ကုန်က မနက်တုန်းက တယောက် သူ့ QR ကုတ်က ၂ ရက်နေ့ QR ကုတ်နဲ့ သွားတာ။ ဟိုရောက်တော့ ရုံးပိတ်တယ်ဆိုပြီးတော့ သူတို့ပြင်ဆင်ချက် အသစ်တခု ထပ်လုပ်ဖို့ ရှိတယ်တဲ့။ အဲ့ဒီနေ့ကို သူတို့ Website မှာတော့ ကြေငြာပေးမယ်တဲ့၊ တebsite သွားကြည့်တော့လည်း Website က ပိတ်ထားတယ် 

ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

ရန်ကုန်ရုံးမှာ QR ကုတ်နဲ့ ရက်ချိန်းရယူပြီး နိုင်ငံကူးလက်မှတ် လျှောက်ထားရတာကြောင့် ပြီးခဲ့တဲ့ လပိုင်းတွေ ကတည်းက QR ကုတ်ရထားပြီး စောင့်နေရတဲ့ သူတွေ ရက်ချိန်းကျော်သွားလို့ ပြန်ဝင်မရမှာကို စိုးရိမ်နေကြတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

နိုင်ငံကူးလက်မှတ် အတွက် QR ကုတ် ရယူပြီး ရက်ချိန်း လျှောက်ထားတာကို ကာယကံရှင်ကိုယ်တိုင် ပိတ်ရက်မရှိ လျှောက်ထားနိုင်ဖို့ အတွက် Online Booking စနစ်ကို ပြင်ဆင်ရေးဆွဲနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီဇင်ဘာ ၅ ရက်နေ့က စတင်ပြီး ရန်ကုန်ရုံးကို ပိတ်ထားခဲ့ရာက အခု နိုင်ငံတဝှမ်းက ရုံးတွေကိုပါ ပိတ်ထားခဲ့တာပါ။

မြန်မာ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ကလည်း မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားရမယ့် နေ့ရက်ကို ဇန်နဝါရီ ၂ ရက်နဲ့ ၃ ရက်တွေမှာ ယာယီရပ်နားမှာဖြစ်ပြီး ဇန်နဝါရီလ ၅ ရက်ကနေ ၁၂ ရက်အတွင်း ပြောင်းလဲ လျှောက်ထားဖို့ကို လိုင်စင်ရ ပြည်ပ အလုပ်အကိုင် အေဂျင်စီတွေကို ဒီဇင်ဘာ ၃၁ ရက်နေ့ ရက်စွဲနဲ့ စာပို့ အကြာင်းကြားထားတယ်လို့ သိရပါတယ်။

လက်ရှိ မော်လမြိုင်နဲ့ မြဝတီရုံးတွေမှာလည်း နိုင်ငံကူး လက်မှတ် လုပ်ပေးတာကိုတွေကို ရပ်ဆိုင်းထားပြီး ရုံးတွေ ပိတ်ထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက မဲခေါင်သတင်းကို အတည်ပြုပါတယ်။

မြဝတီမှာ မဖွင့်သေးဘူး။ ပိတ်ထားတာကြာပြီ။ လမ်းကြောတွေ ပိတ်ကတည်းက အောက်ကလူ မရောက်လို့လေ။ ပီမိုင်(နှစ်သစ်ကူး)နဲ့ ရောသွားတာလည်းပါတယ်။ ၂၄ ရက်နေ့ကတည်းက ပိတ်ထားတာ ဒီနေ့ ၂ ရက်နေ့ ပြန်ဖွင့်မယ်ဆိုပြီး မဖွင့်တာတဲ့။ ဒီမှာလည်း စာအုပ်ထုတ်မယ့် လက်ကျန်တွေ မပြတ်သေးတာ ရှိနေတုန်းပဲတဲ့ 

လို့ မြဝတီ ဒေသခံတဦးက ပြောပြပါတယ်။

လက်ရှိ အချိန်မှာတော့ နိုင်ငံကူးလက်မှတ်နဲ့ သက်ဆိုင်တဲ့ လူမှုကွန်ရက် ဂရုတွေမှာတော့ ရန်ကုန် အပါအဝင် တနိုင်ငံလုံးက နိုင်ငံကူး လက်မှတ်ရုံးတွေကို ၂ ပတ်အထိ ပိတ်ထားမယ်လို့ ပြောဆိုနေကြပြီး ရုံးဖွင့်မယ့် ရက်ကိုကတော့ ဇန်နဝါရီ ၅ ရက်နေ့မှာ ပြန်အသိပေးမယ်လို့ဆိုကြောင်း နိုင်ငံကူး လက်မှတ် အကျိုးဆောင်တွေက ပြောဆိုတာတွေလည်း ရှိနေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။