မြန်မာ့နွေဦး

ရန်ကုန်မှာ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ ကျင်းပမှု မရှိသလောက် နည်းပါး

မဲခေါင် 4 Jan - 2023
ရန်ကုန်တိုင်း အတွင်း မြို့နယ်နဲ့ ရပ်ကွက်တွေမှာ ဒီကနေ့ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အကြောင်းပြ ပျော်ပွဲရွှင်ပွဲ ပြုလုပ် ကျင်းပတာတွေ မရှိသလောက် နည်းပါးနေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ (၇၅) နှစ်ပြည့် စိန်ရတု လွတ်လပ်ရေးနေ့ စည်ကားစွာ ကျင်းပနိုင်ဖို့ အတွက် စစ်ကောင်စီက ရပ်ကွက် အုပ်ချုပ်ရေးတွေကို ဖိအားပေး ခိုင်းစေထား ပေမယ့် ရပ်ကွက်အချို့ရှိ လမ်းများမှာသာ ကစားပွဲ အနည်းငယ် ပြုလုပ်နေတာ တွေ့ရတယ်လို့ လှိုင်မြို့နယ်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

လှိုင်ထဲမှာတော့ (၁) ရပ်ကွက်မှာဆို အောင်မေတ္တာ (၄) လမ်းမှာ လမ်းပိတ်ပြီး ကစားတယ်။ (၂) ရပ်ကွက် လှိုင်မြစ်လမ်းပေါ်က ပန်းလှ လက်ဖက်ရည်ဆိုင်အနားမှာ ကစားတယ်။ (၆) ရပ်ကွက်မှာ ပိတောက်ရွှေဝါလမ်းနဲ့ (၁၅) ရပ်ကွက်ကတော့ အမှတ် (၈) သစ်စက်ဝန်း လိုင်းမှာ ကစားတာပဲ ရှိတယ်။ အရင်ဆိုရင်တော့ လှိုင်တစ်မြို့နယ်လုံး ဆော့ကြတာ။ ခုတော့ ဒလန်များတဲ့ ရပ်ကွက်တွေ ဆော့တာလေ 

လို့ သူကပြောပါတယ်။

လှိုင်သာယာမြို့နယ် (၉) ရပ်ကွက်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ဦးဆောင်ပြီး လိုင်းခန်းနဲ့ အဆောင်နေသူတွေကို နိုင်ငံတော် အလံတစ်ခု ၅ ထောင်ကျပ်နဲ့ မဝယ်မနေရ ရောင်းချနေတယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

မြောက်ဥက္ကလာ (ဌ) ရပ်ကွက်၊ ပုလဲ (၃) လမ်းမှာ ဘောလုံးပွဲ လုပ်နေတယ်။ ဒလန်စိုးစိုး နေရာ ဝင်လုပ်တဲ့ ကောင်က အတော်ဆိုးတယ်။ တစ်အိမ် အနည်းဆုံး ၅ ထောင် ကောက်နေတာ။ တစ်ထောင် နှစ်ထောင်ဆို လွှင့်ပစ်ပြီး အော်ကြီးဟစ်ကျယ်လုပ်တာ။ ဒီကွင်းထဲမှာ ပွဲမလုပ်ဖူးပါဘူး။ သူတို့ကြမှ ပွဲဈေးတွေလုပ် ဈေးကောက်တွေ ကောက်ပြီး လုပ်ချင်တိုင်း ခွေးတွေနဲ့ပေါင်းပြီး လုပ်နေတာ 

လို့ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့လယ်ကောင်မှာလည်း ကစားပွဲတွေ ပြုလုပ်တာ မရှိသလို နိုင်ငံတော် အလံ ထောင်ထားတဲ့ တိုက်ခန်းတွေလည်း မရှိသလောက် ရှားပါပြီး တစ်မြို့လုံး တိတ်ဆိတ် ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ