မြန်မာ့နွေဦး

ရန်ကုန်မှာ လူငယ်တွေ အိမ်ငှားရမ်းနေထိုင်ဖို့ အခက်အခဲရှိလာ

မဲခေါင် 28 Dec - 2022
နိုင်ငံတဝှမ်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်မှု များပြားလာလို့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ အိမ်ငှားရမ်းမှု မြင့်တက်လာပေမယ့် လူငယ်တွေအနေနဲ့ အိမ်ငှားရမ်း နေထိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက တော်လှန်ရေးနဲ့ ပတ်သက်သူတွေကို လက်ခံထားတာ၊ အိမ်၊ အဆောင် ငှားရမ်းတာတွေ ပြုလုပ်ပါက ဖမ်းဆီးတာတွေနဲ့ အိမ်ချိတ်ပိတ်တာတွေ ဆက်တိုက်ပြုလုပ်လာတာကြောင့် အိမ်ပိုင်ရှင် အများစုက လူငယ်တွေကို မငှားဖို့ ပြောဆိုအပ်နှံတာတွေ ရှိတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

ယောကျ်ားလေး သီးသန့်၊ မိန်းကလေး သီးသန့်ဆို အိမ်ရှင်တွေက လုံးဝ မငှားတော့ဘူး။ ကုမ္ပဏီကသူတွေ စုပြီး ငှားရမ်းတာတွေ ရှိတယ်။ ဘယ်လိုမှ မငှားတာ။ အခုက မိသားစု မဟုတ်ဘဲ လူငယ်တွေပဲဆို မငှားကြတော့ဘူး။ ရပ်ကွက်ရုံးကလည်း တရားဝင် ပြောတာမျိုး မဟုတ်ပေမယ့် သူတို့တွေက PDF ကို ငှားမိရင် ဖမ်းဆီမယ့်အပြင် အိမ်ပါ ချိတ်ပိတ်မယ် ဆိုတော့ မငှားရဲကြတော့ဘူး 

လို့ အရှေ့ဒဂုံ (၁၃) ရပ်ကွက်နေ အိမ်ခြံမြေ အကျိုးဆောင်က ဆိုပါတယ်။

လက်ရှိ ဒဂုံမြို့သစ် အရှေ့ပိုင်း (၁၁) ရပ်ကွက်နဲ့ (၁၃) ရပ်ကွက်မှာ အိမ်ငှားရမ်းသူ များပြားနေလို့ ပုံမှန် ငှားရမ်းခထက် ဈေးမြင့်တက်ကာ ၃ လချုပ်နဲ့ ၆ လချုပ် ငှားရမ်းမှု များပြားနေတယ်လို့ သူကပြောပါတယ်။

အခုက လူကြည့် ငှားနေရတာ။ မိသားစု မဟုတ်ရင် မငှားဘူး။ ကောင်မလေးတွေ ကောင်လေးတွေချည်းပဲ လာငှားရင် မငှားရဲဘူး။ အိမ်ပါ ချိတ်ပိတ်မယ်ဆိုတော့ ဘယ်သူမှ မလုပ်ရဲဘူး။ သူတို့က ဥပဒအရ သေချာ ဖြေရှင်းခွင့်ပေးတာလည်း မဟုတ်ဘူး။ ဥပဒေက သူတို့ ပါးစပ်ထဲမှာလို ဖြစ်နေတဲ့ခေတ် ဖြစ်နေတော့ မငှားနဲ့ဆို မငှားဘဲ သူတို့နဲ့ လွတ်အောင်နေတာ အကောင်းဆုံးပဲ 

လို့ အိမ်ငှားရမ်းတဲ့ အိမ်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

လက်ရှိ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်မှာ အိမ်ငှားရမ်းခ တလ အနည်းဆုံး ကျပ် ၆ သောင်း ဝန်းကျင်မှ ကျပ် ၃ သိန်းကြား အိမ်နဲ့ အခန်းတွေကို ငှားရမ်း နေထိုင်မှု များပြားနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။