မြန်မာ့နွေဦး

ရန်ကုန်မှာ လက်နက်တွေ ဖမ်းမိတယ်လို့ စစ်ကောင်စီက ဝါဒဖြန့်နေ

မဲခေါင် 27 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၇ ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်အချို့မှာ လက်နက်ခဲယမ်းနဲ့ ဗုံးသီးတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေမှာ သတင်းထုတ်လွှင့်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်အချို့မှာ လက်နက်ခဲယမ်းနဲ့ ဗုံးသီးတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေမှာ သတင်းထုတ်လွှင့်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက် ညနေ ၄ နာရီခွဲက ရွှေပြည်သာမြို့နယ်က နေအိမ် တစ်လုံး အတွင်း စစ်တပ်က ဝင်ရောက် ရှာဖွေရာ မြေကြီးထဲ ကြွပ်ကြွပ်အိပ်နဲ့ ထည့်မြှုပ်ထားတဲ့ ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ပွိုင့် ၃၈၀ ကျည် ၄ တောင့် တွေ့ရှိခဲ့လို့ အိမ်ရှင်ဖြစ်သူကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ပိုင် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

“ ရပ်ကွက်နဲ့ လမ်း နာမည်တောင် မပါဘူး။ သက်သက်ဝါဒဖြန့်နေတာ။ ဘာမှလည်း ဖမ်းမိတယ် မကြားပါဘူး။ သူတို့လား နည်းနည်းမိရင်တောင် မပေါ်သေးတာနဲ့ ပေါင်းထည့်မှာ။ မနေ့ကတော့ ရှင်စောပု ပန်းခြံနားက အိမ်မီးလောင်တာပဲ ဖြစ်တယ်။ လုယက်မှုတွေကတော့ နေ့တိုင်း ဖြစ်နေတာပါ” လို့ စစ်ကောင်စီရဲ့ လက်နက်ဖမ်းမိမှု သတင်းဖော်ပြချက်နဲ့ ပတ်သက်လို့ ဒေသခံ တစ်ဦးက ဝေဖန်ပါတယ်။

ဒါ့အပြင် စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းက ဘုန်းကြီးကျောင်းမှာ ဇန်နဝါရီ ၂၅ ရက် ည ၈ နာရီခွဲက အမှိုက်ကန်ထဲ ဗုံးသီးတွေနဲ့ သေနတ် တွေ့ရှိခဲ့တယ်လို့ စစ်တပ်ပိုင် မီဒီယာတွေက ဝါဒဖြန့် သတင်းတွေ ဖော်ပြထားတယ်လို့ ဒေသခံ ပြည်သူ တစ်ဦးက ပြောပါတယ်။

ဗုံးသီးနဲ့ လက်နက် ရှာတွေ့ခဲ့တဲ့ နေရာသို့ ည ၉ နာရီခွဲမှသာ စစ်တပ်က လာရောက် လမ်းပိတ်ကာ သာမန် စစ်ဆေးမှု အချို့ ပြုလုပ်ပြီးနောက် ည ၁၀ နာရီကျော်မှာ ပြန်လည် ထွက်ခွာသွားရာ ဖမ်းဆီးခံရသူ မရှိခဲ့ဘူးလို့ မျက်မြင် တွေ့သူ တစ်ဦးက ပြောပါတယ်။

အခုလို လက်နက်တွေ မိတယ်လို့ စစ်တပ်က ဝါဒဖြန့်နေတာဟာ ရန်ကုန် မြို့ပြပြောက်ကျားတွေကို အဓိက ဖမ်းဆီးနေတဲ့ အမှတ်(၁) စစ်ဘက်ရေးရာ လုံခြုံရေး အကူတပ် စစ်ကြောရေး တာဝန်ခံ စရက(၁) တပ်မှူး ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နဲ့ တပ်ကြပ်ကြီး မြင့်အောင်တို့ ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်မှာ ဇန်နဝါရီ ၂၂ ရက် နေ့လယ်က ပစ်သတ် ခံခဲ့ရပေမယ့် အခြေအနေတွေကို ထိမ်းချုပ်နိုင်တယ်ဆိုတာ ပြသဖို့ ဝါဒဖြန့်မှု အဖြစ် သုံးသပ်မှုတွေ ရှိနေပါတယ်။

MK-005

ဓာတ်ပုံ – ပုံဟောင်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက