မြန်မာ့နွေဦး

ရန်ကုန်မှာ ရဲနဲ့ လမ်းဘေးပွဲစားတွေပေါင်းပြီး ဒေါ်လာ‌ လာရောက်ရောင်းချသူတွေကို ခြိမ်းခြောက်လုယူနေ

မဲခေါင် 12 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၂ ရန်ကုန်မြို့ ဒေါ်လာ အဓိက ရောင်းဝယ်နေတဲ့ ကျောက်တံတားနဲ့ လမ်းမတော်မြို့နယ်တွေမှာ ရဲနဲ့ လမ်းဘေး ဒေါ်လာ ပွဲစားတွေ ပေါင်းပြီး ဒေါ်လာ လာရောက် ရောင်းချသူတွေကို ခြိမ်းခြောက်ကာ ပါလာတဲ့ ဒေါ်လာတွေ လုယူနေတယ်လို့ မျက်မြင် ကြုံတွေ့နေရသူ တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၂

ရန်ကုန်မြို့ ဒေါ်လာ အဓိက ရောင်းဝယ်နေတဲ့ ကျောက်တံတားနဲ့ လမ်းမတော်မြို့နယ်တွေမှာ ရဲနဲ့ လမ်းဘေး ဒေါ်လာ ပွဲစားတွေ ပေါင်းပြီး ဒေါ်လာ လာရောက် ရောင်းချသူတွေကို ခြိမ်းခြောက်ကာ ပါလာတဲ့ ဒေါ်လာတွေ လုယူနေတယ်လို့ မျက်မြင် ကြုံတွေ့နေရသူ တစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့၊ နေ့လယ်ပိုင်းက လမ်းမတော်မြို့နယ်မှာ ဒေါ်လာ လာရောက် ရောင်းချတဲ့ အမျိုးသား တစ်ဦးကို ရဲတွေ လာရောက် ဖမ်းဆီးပြီး လာရောင်း ဒေါ်လာတွေ ယူထားကာ လူကိုတော့ ပြန်လွှတ်ပေးလိုက် တယ်လို့ သူကပြောပါတယ်။

“ ပွဲစားကနေ တစ်ဆင့် ရဲတွေကို လှမ်းပြောတာပေါ့။ ခုချိန်က ဒီကောင်တွေ ကင်းပတ်နေတော့ ထူးခြားတာ မြင်ရင် ပွဲစားကောင်တွေကို ရဲသတင်းပေးလို ထားထားတာ။ ပြီးရင်တော့ ရဲနဲ့ ပွဲစား ခွဲယူကြတာ။ ဒေါ်လာ ရောင်းတဲ့ သူတွေ အနေနဲ့လည်း ကိုယ်ရောင်းနေကျ ဆိုင်တွေမှာ ရောင်းတာ အကောင်းဆုံးပဲ။ ရောင်းနေကျဆိုင် မရှိလည်း ရောင်းဖူးတဲ့ သူတွေကို ရောင်းခိုင်းပါလို့ ပြောချင်တယ်” လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

လမ်းဘေး ပွဲစားတွေဟာ လက်ရှိ ပေါက်ဈေးထက် ဈေးပိုပေးမယ်လို့ ပြောဆိုကာ တစ်နေရာမှာ ‌ဒေါ်လာ ရောင်းသူကို စောင့်ခိုင်းပြီးနောက် ရဲခေါ်ကာ ဖမ်းဆီးခိုင်းပြီး ခြိမ်းခြောက် ပြောဆိုကာ ပါလာတဲ့ ဒေါ်လာတွေ ထားခဲ့မလား၊ ထောင်ကျခံမလား ဆိုပြီး မေးမြန်း လုယက်ကာ လူကို ပြန်လွှတ်ပေးလေ့ ရှိတယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ အရေးယူခဲ့ပြီးနောက် ဒေါ်လာဈေး အတက်အကျ ကြမ်းခဲ့ရာ စစ်ကောင်စီက ဒေါ်လာ တရားဝင် ရောင်းဝယ်သူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ဆောင်လာပြီးနောက် လမ်းဘေး ဒေါ်လာ မှောင်ခို ဈေးကွက် ကြီးထွားလာတာ ဖြစ်ပါတယ်။

“ ၃၉ လမ်းထဲမှာ ကျန်ခဲ့တဲ့ တပတ်လောက်က ဖြစ်သွားသေးတယ်။ အွန်လိုင်းကနေ ချိတ်ပြီး နေရာကို ချိန်းလိုက်တယ်။ အပြင် ပေါက်ဈေးထက် ပိုပေးမယ်ဆိုပြီး ချိန်းလိုက်တာ။ ရောက်လာတော့ ပါလာတဲ့ ဒေါ်လာ ၄ သောင်း ထားခဲ့မလား၊ ထောင် ၃ နှစ် အချခံမလားပဲ မေးပြီး ယူသွားတာ။ လာရောင်းတဲ့ သူကလည်း သင်္ဘောသား ဆိုပေမယ့် ဥပဒေက သူတို့ ပါးစပ်ထဲမှာလေ။ အဖမ်းမခံရရင် တော်သေးတယ်ဆိုပြီး ပေးလိုက်ရတာ နေမယ်” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

လက်ရှိ နိုင်ငံခြားငွေ လဲလှယ်ရေး လုပ်ကိုင်သူတွေကို စစ်ကောင်စီက ဖမ်းဆီးနေတာကြောင့် အရောင်းအဝယ် ရပ်တန့်နေပြီး ဈေးကွက်အတွင်း ဒေါ်လာ ရှားပါးတာ၊ ပြင်ပပေါက်ဈေးနဲ့ ဗဟိုဘဏ်ဈေး ကွာဟနေတာကြောင့် ပြင်ပဈေးကွက် ကြီးထွားလာတာလို့ လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“ ဒေါ်လာနဲ့ တစ်နိုင်ငံလုံး လိုအပ်တာတွေကို ပြည်ပကနေ ဝယ်ရတာ။ အဲ့တော့ ဒေါ်လာ မရှိရင် မရဘူး ဖြစ်နေတာ။ အစိုးရဈေးနဲ့ ပြင်ပပေါက်ဈေးက တစ်ဒေါ်လာကို ကျပ်ငွေ တစ်ထောင်ကျော်လောက် ကွာတော့ အပြင်မှာ ရောင်းကြတယ်။ ဒါကိုသိတဲ့ ပွဲစားတွေက ရဲနဲ့ပေါင်းပြီး လုပ်စားနေတာပါ။ လောဘတက်လို့ ခံရတဲ့သူတွေ များပါတယ်။ ဖမ်းနေတယ် ဆိုတာလည်း အကုန်သိကြတာ‌ပဲ” လို့ ငွေကြေးလဲလှယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့၊ နေ့လယ်ပိုင်းက ရွှေဘုံသာလမ်းရှိ ဒေါ်လာ ရောင်းဝယ်သူ ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပြန်မလွှတ်သေးသလို ဇွန်လ နောက်ဆုံးပတ်အတွင်း ဖမ်းဆီးခံရသူ ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ်ငွေ ၂,၁၀၀ သတ်မှတ်ထားစဉ် ဇူလိုင် ၁၁ ရက် ပြင်ပ ဈေးကွက်မှာ တစ်ဒေါ်လာ ကျပ် ၃,၁၀၀ ဝန်းကျင်ရှိတယ်လို့ နိုင်ငံခြားငွေ ရောင်းဝယ်သူတွေက ပြောပါတယ်။

နိုင်ငံခြားငွေ ဈေးနှုန်း ဆွဲတင်နေသူများ၊ အွန်လိုင်းမှ တရားမဝင် နိုင်ငံခြားငွေ ရောင်းဝယ်သူများကို နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေ စည်းမျဉ်းများအရ ထိရောက်စွာ အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထား ပေမယ့် ရောင်းဝယ်မှုတွေ ဆက်ရှိနေတယ်လို့ ဆိုတယ်။

“ ဒေါ်လာ မဖြစ်မနေ သွင်းရမယ့် ကျောင်းကိစ္စလို ဟာမျိုးတွေရှိမယ်။ ကျန်းမာရေး အတွက် ငွေသွင်းရတာ မျိုးတွေ အဲ့လိုတွေ ရှိနေတော့ အရောင်းအဝယ်ကတော့ ဖြစ်နေတယ်။ ပေါက်ဈေး ဆိုပေမယ့် ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံပါ။ နိုင်ငံရေး မတည်ငြိမ်တော့ အကုန်လုံး ဈေးတက်နေတာ” လို့ ကျောင်းသား မိဘ တစ်ဦးက ပြောပါတယ်။

ဈေးကွက်အတွင်း ဇွန် ၁၁ ရက်နေ့ ငွေလဲလှယ် နှုန်းထားတွေက တစ်ယူရို ၃,၁၃၅ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂,၁၉၀ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ကျပ် ၆၅၅၊ ထိုင်း တစ်ဘတ် ကျပ် ၈၅ ဒသမ ၇၀၊ တရုတ် တစ်ယွမ် ၄၂၃ ကျပ်၊ ဂျပန် တစ်ယန်း ၂၁ ဒသမ ၇၀ ကျပ် ဈေးဖြစ်တယ်လို့ သိရပါတယ်။

MK-005

#MekongNews

#ကျောက်တံတားမြို့နယ်

#ဒေါ်လာ

#မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို TNLA ချုံခိုတိုက်ခိုက်မှု တပ်ရင်းမှူး အပါအ၀င် စစ်သား ၉ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော်- TNLA က
မြန်မာ့နွေဦး

ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ပြန်လည်ကြုံတွေ့နေရ

ကရင်နီပြည်နယ် အတွင်း မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ဘေးရှောင်စခန်း အများစုမှာ ရေရှားပါးမှု ပြဿနာတွေ ပြန်လည် ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပင်လယ်ကွေ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရ ကျွေးမွေးတာ၊ စိတ်ဓာတ်မြှင့်တင်ရေးတွေနဲ့ ထောက်ပံ့ကြေး ပေးအပ်တာတွေကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖရူဆိုနဲ့ ဘောလခဲကြားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲကြား၊ နန်းဖဲကျေးရွာ တစ်၀ိုက်မှာ စစ်‌ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲမဖြစ်တဲ့ ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးကြဲချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွမ် ကျေးရွာအုပ်စု၊ ငေါ့ငါးရွာမှာ တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ကျည်ဆန်၀ယ်ယူဖို့ “ Who Got The Large Prize” ကမ်ပိန်း ပြုလုပ်

ရှမ်းပြည်တော်လှန်ရေး တပ်ပေါင်းစု-S.S.L.R.U ရဲ့ တပ်ခွဲ (၃) ဖြစ်တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့-JPRF က စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး "Who Got The Large Prize" ကမ်ပိန်း ပြုလုပ်နေတယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ Job For Kayah အဖွဲ့ တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဗထူးတပ်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံးတယ်လို့ DPLF ဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ DPLF က ဒီနေ့ စက်တင်ဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now